ကို ရွှေ သင်္ဘောသီးတယောက် ပြန်ရောက်တာ ကြာလို့ င၀က်
ကလဲခန်း(ပိုက်ဆံကုန်နေတာကို
ပြောတာ)၊သူငယ်ချင်းတွေကလဲ
သင်္ဘောပြန်တက်ကုန်၊အိမ်မှာ ရှိတဲ့ အိမ်သူသက်ထား ကြီးကလဲ
မကြည်ဖြုချင်တော့၊
ချေလိုက်ရတဲ့ယတြာတွေကလဲ မနည်းမနှော၊ ဒါနဲ့
အိမ်မှာဘဲ နေမယ် ကွန်ပျုတာကလဲ သားတော်မောင်
ကလဲ မရှိ ဆိုတော့
အားနေတယ်လေ ဟဲ ဟဲ အခုတလော ခေတ်စားနေတဲ့
ဖေ့ဘွက်က နေ မြန်မာအလှမယ်လေး
ခင်ဝင့်ဝါ ကို အားပေးမယ်ပေါ့ အော် မသုံးတာ
ကြာနေတော့
ပတ်စ၀ပ်(Password)ကလဲ မေ့တေ့ တေ့ရယ်၊စဖွင့်လိုက်တော့
တွေ့လိုက်ရတာ ရေကြောင်းနဲ့
ပတ်သတ်တဲ့ MSU Page ကို Like လုပ်ဘို့ Invite လုပ်ထားတာ
တွေ့
သဗျာ တော်တော်များများ သင်္ဘောသားတွေ လဲ စာရေးဆရာတွေပဲ
ဖြစ်ကုန်သလော၊နောက် နိုင်ငံရေးသမား၊ဝေဖန်ရေးသမားများတွေများ
ဖြစ်ကုန်သလော
စဉ်းစားမိတယ် အင်း ဘ၀တူတွေကို အားပေးပါတယ်ဗျာ တချို့တွေလဲ အိမ်က
မိန်းမတွေကို မကျေနပ်တဲ့
ခံစားချက်တွေကို Facebook Status မှာ တင်
ထားလိုက်ကျတာ ဟီးဟီး ကြောက်ခမန်း လိလိ (ဘာမှတ်လဲ ပုဆိုးချုံက
လက်သီးပြ ခေတ်မဟုတ်တော့ ဖေ့ဘွတ်တက်ပြီး ဆဲ
တဲ့ ခေတ်ကိုဗျ) ဒါနဲ့
ဖြစ်သေးဘာဖူး
နိုင်ငံတကာ သတင်းဆိုဒ်
သစ်ထူးလွင်တို့ဧရာဝတီ ဆိုဒ်တွေ ဘက် ကြည့်လိုက်တော့ မလေးမှာ
အော်ပရာစီ
ဝင်လို့ ဒို့ရွှေတွေ တန်းစီ ဖမ်းခံနေရပါလား
စိတ်မချမ်းသာပါဖူး ထားလိုက်တော့ ရေကူးဝတ်စုံလေးနဲ့ ခင်ဝင့်ဝါလေး ကြည့်ပြီး
Vote လိုက်အုံးမှပဲ (အင်း မြန်မာဘောလုံးအသင်းတုန်းက ဆုမရရင် ဘယ်လိုကန်လို့
ဘာလို့ဆိုပြီး
ဆဲလိုက်ဆိုလိုက်ကျတာ ခင်ဝင့်ဝါ ကျတော့ ညီမလေးရယ်
ယှဉ်ပြိုင်ချင်းသာ အဓိကပါ တတ်လဲတတ်နိုင်တဲ့
ငနဲသားတွေ)တော်ပြီကွာ
စိတ်ရှုပ်သွားပြီ
ငါလဲ သူများတွေလို ဖေ့ဘွက်ကနေ Status တင်မယ်ဆိုပြီး ရေးလိုက်တယ်
“သားကို အခုထိ သင်္ဘောမတင်ပေးသေးတဲ့ လူတွေကို မုန်းတယ် မေမေ”
လို့
…သိပ်မကြာပါဖူး၊၊ ၊၊သားတော်မောင် ဖွင့်လိုက်တဲ့
သီချင်းက အဆိုတော်
ဟန်ထူးလွင်ဆိုတဲ့ လမ်းကြုံရင်ပြောပြပေးပါ သီချင်း ရဲ့ စာသားက “ဘာလိုလိုနဲ့
တနှစ်ပြည့်ပြီပဲတဲ့” တယ် ငါ ကလော်တုတ်လိုက်တော့မယ် မျောက်လောင်း
သားတော်မောင်ရေ…
မောင်ဒိုးနတ်
No comments:
Post a Comment