Thursday, February 6, 2014

ကျနော်နဲ့လေထိုးကောင်












ကျနော်နဲ့ လေထိုးကောင်
=============
ကျနော် လဲ စာမရေးတာလဲကြာ လက်က မသွက်ရတဲ့ အထဲ တင်မယ်ဆိုပြီး စုထားတဲ့ 

အသစ်စာစုလေးတွေက ကွန်ပျုတာ ဗိုင်းယပ်စ် ကိုက်လို့ဖျတ်မိတဲ့ အထဲ ပါသွားတယ်ဗျာ စိတ်မကောင်းဘူး 

ပြန်ရေးလို့ရပေမဲ့ အရင်ရေးတုံးက ဖီလင်ကို ပြန်မရလို့ မရေးဖြစ်သေးဘူး ဗျာ

 အော် စကားမစပ် MSU ကျေးဇူးနဲ့ ဆယ်စုနှစ် တခု နီးပါး မတွေ့ဖြစ်တဲ့ ကျနော် ငယ်သူငယ်ချင်း 

တယောက်ကို ပြန်တွေ့မိရာက စ  ဒီပို့စ်လေးရေးဘို့ ဖြစ်လာရတာပါ(ဒီကောင်တော့ သိရင် ဆဲမှာ 

ကျိန်းသေတယ်)ဒီလိုပါ မတွေ့တာကြာတဲ့ သူငယ်ချင်း သူအိမ်ထောင်ကျတာ သိတယ် အရာရှိကြီးဖြစ်နေပြီ 

ဆိုတာ ကြားတယ် မဆုံဖြစ်ကျဖူး တွေ့တော့ 

ဝမ်းသာအားရ နှုတ်ဆက် ရှေးဟောင်းနှောင်းဖြစ်တွေ ပြောပေါ့ တကယ်ပါ ရင်ဘတ်သူငယ်ချင်း ဆိုတာ 

အနေဝေးပေမဲ့ ရာထူးအဆင့် တွေ ကွာနေပေမဲ့ စိတ်ကတော့ ငယ်သူငယ်ချင်း စိတ်ပဲပေါ့ 

အဲ တော်တော်လေးလဲ ကြာလို့ နှုတ်ဆက်ခံနီးမှ ကျနော်က မင်း အိမ်ထောင်ကျတာ ကြာပြီ သားသမီး 

ဘယ်နှစ်ယောက်ရပြီလဲ မေးခွန်း စမေးလိုက်တဲ့ အချိန်မှာပဲ စောစောကပြော နေတဲ့ လေသံမျိုး 

မဟုတ်တော့ဘူးဗျာ ကျနော်သူငယ်ချင်း က (အားငယ်သွားဟန်နဲ့)

သူငယ်ချင်း ကြိုးစားတုံးပဲ တဲ့ ကျနော်လဲ အားနာသွားတယ် အခုခေတ်မှာ ဆေးကောင်းသမားကောင်းတွေ 

ရှိနေပေမဲ့ လဲ လူပြည်က အပ်တစင်းနဲ့ နတ်ပြည်က အပ်တစင်း က ထိပ်တိုက်ထိဘို့ 

ခက်သားလား(ကျနော်တို့ နိုင်ငံက လူတွေတော့ မသိဘူး ဘင်္ဂါလီတွေ အတွက်တော့ ဒီ 

စကားမှားလိမ့်မယ် 

ထင်တယ်)ထားတော့ ကျနော်လဲ ပင်လယ်ပျော်တွေရဲ့ ဘ၀ စိတ်ခံစားချက်တွေကို ရေးနေတဲ့သူ ဆိုတော့ 

ချက်ကနဲ အတွေးပေါက်မိတယ် နောက် ဆက်စပ်တဲ့ ဥပမာ ဟာသ ပုံပြင်လေး ကို တွေးလိုက်မိတယ် 

(စိတ်ထဲကပါ)

အဲ ကြုံတုန်းလေး ဘွ လိုက်အုံးမယ်ဗျာ ပင်လယ်ပျော် ဘ၀ တွေများ ဘယ်လောက်ပေးဆပ်ရသလဲ 

သိစေချင်စမ်းပါဘိနှယ်. သင်္ဘောစ လိုက်လို့ရတဲ့ ပထမဆုံး အခေါက် ရတဲ့ လစာလေး မဖြစ်စလောက်ကို 

ချစ်ချုပ်စု သင်္ဘောတက်ဘို့ ပေးရတဲ့ ရိုက်ကြေး အတွက် ပေါင်ခဲ့ရတဲ့ အိမ်ဂရန်လေး ပြန်ရွေး ဘို့ 

ကြိုးစားရင်းနဲ့ တနှစ်ဆိုတာ ခဏလေးလိုပါပဲ နောက် ဒီကုမ္ပဏီပဲ ဆို ရိုက်ကြေး မလိုတော့ ပေမဲ့ 

ရုန်းကန်နေရဆဲပါ

ကိုယ်ထက်ငယ်သူတွေက အရာရှိပေါက်စလေးတွေ မို့လို့ စိတ်ထဲ မခံချင်စိတ်နဲ့  စာမေးပွဲဖြေဘို့ 

အနေအစား ခြိုးချန်ပြီး ပိုက်ဆံစု ရတာ ပင်လယ်ပျော်တွေရဲ့ မပြောပဲ သိရတဲ့ ဘ၀ 

အသိလေးပါ(ရည်ရွယ်ချက် ရှိတဲ့သူ အတွက် အချိန်ဆိုတာ ပိုတယ် မရှိပါဘူး)

 နောက် ကျောင်းတက် စာမေးပွဲ ဖြေနဲ့ လူသက်တမ်း၆၀ မှာ တ၀က်နီးပါးက စာမေးပွဲနဲ့ 

လုံးပန်းရဆဲ နောက်ဘ၀ ကြင်ယာရှာမဲ့ အချိန်က နှောင်းနေတာကို ဂရုမစိုက် သတိမမူမိဘူး နောက်ဆုံး 

ဆံစလေးတွေက အဖြုရောင် အနေနဲ့ အချက်ပြမှပဲ ကိုယ်ဘာသာ သတိထားမိကျတယ် 

ကဲ ပင်လယ်ပျော် ဘ၀ ကောင်းကျသေးရဲ့လား  လိုရင်းပဲပြောတော့မယ်ဗျာ

ပုံပြင်ပဲဆိုဆို ဟာသပဲ ထင်ထင် ရေးလက်စ နဲ့ ထပ်ရေးပြီဗျို့

တခါက မြို့ကြီးပြကြီးနဲ့ သိပ်မနီးလှတဲ့ နယ်မြို့လေး တမြို့မှာပေါ့ဗျာ ကံအားလျှော်စွာ သင်္ဘောသား 

လူပျိုသိုးကြီး တယောက် ရှိသဗျ(ကျနော် မဟုတ်ဘူးနော် ကြိုပြောထားတယ်) စောစောက 

ကျနော်ပြောခဲ့သလို

အရွယ်လွန်လို့ တတိယ အရွယ် ရောက်ခါမှ အိမ်ကပေးစားတဲ့ တောသူ လုံမလေး တယောက်နဲ့ 

အိမ်ထောင်ကျ သတဲ့ နဂိုတည်းကမှ သင်္ဘောသားက လမ်းလျှောက်ရင် ကားတားတား 

(ဘေးကကြည့်ရင် ဒေါင့်မကျိုး အပိုးမကျိုး စတိုင်)

မိန်းမ ရတဲ့ အခါ အောင်နိုင်သူ စစ်သူကြီး အပြုံးကြီး 

 ပြုံးပြီး တအိမ်တဆင်း လိုက်ကြွားရှာ သတဲ့ဗျာ (ကျနော်သူငယ်ချင်း လူပျိုသိုးကြီး တယောက်လဲ မြို့မှာ 

ဒီလို ဖြစ်နေသတဲ့ စိတ်မကောင်းဘူး) အဲ ကိုယ်ဆရာက ဒီမှာတင် မရပ်နိုင်ရှာဘူးဗျာ မင်္ဂလာ ဆောင်လို့ 

သိပ်မကြာခင်မှာပဲ သူ့မဟေသီလေး က နည်းနည်းဝ လာသတဲ့ ကိုယ်တော်ချော ခင်မျာ ဗိုက်ကျောင်း 

ထွက်တဲ့ အလုပ်ပါပို လာတာပေါ့  အဲ နဂိုကြွားတဲ့ ဗီဇ လေးရယ် ကိုယ်ရွှေသင်္ဘောသားက သူများထက် 

ထူးချင်သကိုဗျ သူတို့နဲ့ မနီးမဝေးမြို့လေး မှာရှိတဲ့ အထူးကုဆေးခန်းကို မဟေသီ ဗိုက်ကို 

သွားပြသတဲ့လေ ဒီမတိုင်ခင် သူကလဲ ပြောခဲ့သေးသတဲ့ သူ့အပေါင်းအသင်း ရောင်းရင်းတွေကို ငါ ဒီနေ့ 

မိန်းမဆေးခန်းပြပြီး ပြန်လာရင် ယောင်္ကျားလေးလား မိန်းကလေးလား တပ်အပ်ပြောမယ်ကွ 

ဆိုပြီးတော့ ပေါ့ (ပင်လယ်ပျော်မှ မဟုတ်ပါဘူး အိမ်ထောင်ရှင်တိုင်းဖြစ်တတ်တဲ့ သဘောပါ) သူ့မိန်းမ 

ခင်မျာမှာ ခေါ်လို့သာ လိုက်လာရတာ ဘာမှ တိတိပပ သိပုံ မရဘူး (အသက်ချင်း 

ကွာလို့ ကြောက်ရတာပေါ့ လေ) ဆေးခန်းက လိုအပ်တာတွေ စစ်ဆေးပေးပြီး

ဆရာဝန်ကြီးနဲ့ တွေ့တဲ့ အချိန်ပေါ့  ဖြစ်ပုံက ဒီလို….

ဆရာဝန်ကြီး၊၊    ၊၊ ကို-----ရဲ့ မိန်းမမှာ ကိုယ်ဝန်မရှိ ပါဘူးခင်မျာ         လေအလုံးလို့ ယူဆ ရပါ တယ်   

                      ဆရာဝန်ကြီးက စိတ်ရှည်လက်ရှည် ရှင်းပြပေမဲ့လဲ သိပ်ကျေကျေနပ်နပ် ရှိဟန်မတူတဲ့

                      ပင်လယ်ပျော်ကြီးက ဒီလို ပဲ ပြန်ငေါ့ သတဲ့လေ

ပင်လယ်ပျော်ကြီး၊၊       ၊၊“ဒေါက်တာကြီး ဒီလိုတော့ မနှိမ်ပါနဲ့ ကျနော်ကို 

                                သင်္ဘောသား(အင်ဂျင်က)မှန်းသိလို့ ဒီလို

                              ပြောတာလား ကျနော်က လူဗျ လေထိုးကောင် မဟုတ်ဘူး” ဆိုပြီး  ဘုတော ပြီး 

                                မိန်းမ လက်ကို ဆွဲ လို့ဆေးခန်းက တရှုးထိုး ထွက်သွားလေသတဲ့၊၊       ၊၊

တကယ်တော့ ယုတ္တိမတန် ပေမဲ့ 

လူတိုင်း(အိမ်ထောင်ရှင်ပင်လယ်ပျော်)တိုင်းခံစားဖူးကျမှာပါ ရွှေတိဂုံဘုရားက

သားပိုက်နတ်ရုပ်ကြီးရှိကို သွားတဲ့သူနဲ့ ကျိုက်ကဆံဘုရားက ဘီလူးညီနောင်ကို သွား ကန်တော့ပွဲပေးသူနဲ့

 ညောင်ပင်က ရုက္ခစိုးကြီးကိုပဲ အားကိုးရမလိုဖြစ်နေကျတဲ့ ပင်လယ်ပျော်တွေ ဒုနဲ့ဒေးပါ (ဒီလို 

အချိန် ဗေဒင်ဆရာ ပြောသမျှ လုပ်ရတာပဲ အထူးကုဆရာ ၀န်ကြီးတွေ ခိုင်း သမျှ ဆင်ခြင်ရတာပဲ 

မတတ်နိုင်ဘူးလေ တော်ကြာ မဟေသီရဲ့ ရွေစိတ်တော် ညိုငြင်မှား စိုးရသကိုဗျ )

(ဆီတင်၊Chemcial Tankerလိုက်သူများ သတိထားမိ စေချင်လို့ပါ) အပျော်ဖတ်ပေမဲ့ ကျန်းမာရေး 

သတိလေးပါ ပါအောင်ရေးလိုက်မိပါတယ် နားကျအုံးစို့နော်၊၊    ၊၊

(သင်္ဘောပေါ်မှာ ဖောဖောသီသီရတဲ့ လေနဲ့ စက်တွေမောင်းပြီး အလုပ်လုပ်ကျပါတယ် ဒါကို 

သိစေချင်တာလဲ ပါပါတယ်၊၊    ၊၊)

မျိုးငယ်(၄.၂.၂၀၁၄)

ခေတ္တ-တောင်အာဖရိကနိုင်ငံ



No comments:

Post a Comment

ထိုဟာလေးဆိုက်မှာထည့်ချင်လာခဲ့ပါ