Saturday, May 10, 2014

ကြုံရဆုံရ ပင်လယ်ပျော်ဘ၀ အပိုင်း(၁)







 ပင်လယ်ပျော် ဖြစ်ရတဲ့ ဒုက္ခ အပိုင်း(၁)

စာမရေးတာ ကလဲ ကြာနေပြီ ဆိုတော့ မှတ်မိပါမလားတွေးမိတယ် မတတ်နိုင်ပါ 

အကုန်လျှောက်ရေးနေလိုလဲ မတော်ဘူးလေ

ကိုယ်နဲ့ဆိုင်တာလေးပဲ ရေးမယ် ဆုံးဖြတ်လိုက်တယ် အခု 

ဝင်ငွေခွန်တွေ ဆောင်ရတော့မယ်ကြားနေတယ် တကယ်တော့ ၀မ်းသာရမဲ့ ကိစ္စ ပါ ကိုယ့်နိင်ငံ 

အဘက်ဘက်က နိမ့်ကျနေ တဲ့ အချိန်မှာ အခွန်ထမ်းလို့

ပံပိုးရတာ ဘယ်လောက်ကောင်းသလဲ   သဘောထားကြီးကြီးနဲ့ စဉ်းစားကြည့်လိုက်ရင် အလှူလို့မှတ်ပြီး 

ဒါန ပါရမီ ဖြည့်တယ်ပဲ သဘောထားရမဲ့ကိစ္စ ကိုယ်မှာ တိုင်းပြည်ရှိလို့ 

အခွန်ဆောင်ရတာမဟုတ်လား(ရိုဟင်ဂျာ ဆို မလိုဘူး ပေါ့) အခုမှ ဆောင်ရတာလဲ မဟုတ်ဘူးလေ 

ကျနော်တို့ ပင်လယ်ပျော်တွေ ဆိုတာ နိုင်ငံခြားငွေကို တိုင်းပြည်က အရင်းအမြစ်တွေ ကျွန်းသစ်တွေ 

ပတ္တမြားတွေ လို အတုံးလိုက် အခဲလိုက် မဟုတ်ပဲ  ကိုယ့် စွမ်းကိုယ့်စ လေးနဲ့ ကာယညာဏအားလေး 

စိုက်ထုတ်လို့ ကုန်းကျုံးရှာပြီး ရတဲ့ ၀င်ငွေကို မပျက်မကွက် ၁၀% မှန်မှန်ကြီး ပေးဆောင်ရတဲ့ လူတွေပါ

ဘာပဲပြောပြောပေါ့ ဆောင်ဆိုတော့လဲ ဆောင်ရမပေါ့ ငြင်းပိုင်ခွင့် ကင်းလွတ်ခွင့်မှ မရှိတာကို 

(အနောက်နိုင်ငံတွေ မဆိုထားနဲ့ အိမ်နီးချင်း ဖိလစ်ပိုင်  လို နိုင်ငံမျိုး မှာတောင် ဆိုင်ရာ တွေက နိုင်ငံခြားငွေ ရှာပေးတဲ့ သင်္ဘောသားကို အခွင့်အရေး တရပ်အနေနဲ့ အရေးပေးကျတယ် မနိမ့်ချကျဘူး 

ကိုယ့်နိုင်ငံမှာတော့ရုပ်ရှင်ထဲလဲ အချစ်ကားဆို ဗီလိန်၊ ဟာသကားဆို ငပေါ၊ နေရာကကို 

မတတ်ဘူး)ကျနော်တို့ ပင်လယ်ပျော်တွေ အခွန်မဆောင်ပဲနေလို့ ကျန်တဲ့ ရတဲ့လစာ ငွေတွေကို 

လာဘွန်းဂနီး ပြိုင်ကားလဲ ၀ယ်မစီးနိုင်ပါဘူး

သိန်းထောင်ချီတန်တဲ့ ၀င်ဒါမီယာ မှာလဲ မနေနိုင်သွားပါဘူး တာမွေ၊ကျောက်မြောင်း က စာလေးအိမ် 

တိုက်ခန်းတွေမှာ တိုးဝှေ့ ပြီးနေကျရတဲ့ ဘ၀တွေပါ

အဲ ဒါပေမဲ့ပေါ့ဗျာ ကျနော်တို့ ဘာလို မခံယူတတ်ရတာလဲ စိတ်ညစ်ရတာလဲ အဖြေက သိပ်ဝေးဝေးမရှိဘူး

တခုပဲ  တကယ်တော့ ယုံကြည် မှု မရှိလို့ပါပဲ ဘယ်ကဘယ်လို ယြုံကည်မှု လဲ လို့ မေးစရာရှိမယ်

မိဘနဲ့ သားသမီး အကြားမှာ ယုံကြည်မှုရှိတယ် ဘယ်လိုယုံကြည်မှုလဲ ဆိုတော့ ငါ့မိဘက ငါကို 

မဟုတ်တာမလုပ်ဘူး ဆိုတဲ့ယုံကြည်မှုကြောင့် မိခင်ကို သားသမီးတွေက ပိုချစ်တယ် မိဘမေတ္တာတွေ 

ဘာတွေနားမလည်ခင်ကတည်းကနော် အဲ အခွန်ကိစ္စကနေ ဘယ်နဲ့ မိဘမေတ္တာရောက်ရတာလဲ 

ထင်မနေကျပါနဲ့ စာပျိုးတယ် လို့ မှတ်ပါ

အစိုးရနဲ့ ပြည်သူ လဲ ဒီလို မိဘနဲ့ သားသမီးလို ယုံကြည်မှု ဆိုတာ ရှိတယ်

ကျနော်တို့ မှာ ဒီလိုမျိုး မိဘတွေ ရှိတတ်တယ် အဖေ ဘောလုံးပွဲ လောင်းတာ မက်တယ် အမေက 

ချဲ၊နှစ်လုံးထိုးတယ်  အခြားညီ အကို မောင်နှမတွေက အသုံးအဖြုံးကြီးတယ် ဒီလိုမျိုး မိသားစုတွေ ရှိတဲ့ 

ပင်လယ်ပျော်တွေခင်မျာမှာ မိဘဆိုတော့လဲ တားမရ ပြောမရ

သူတို့ခင်မျာမှာ ရတဲ့ လစာငွေလေး အိမ်လွှဲ ပြီးရင် ပြန်ရင် သုံးစရာ ရှိပါမလား အကြွေးတွေတင်နေလား 

စိတ်တထင့်ထင့်

ကသိကအောက်နဲ့ လုပ်ငန်းမှာလဲ မပျော်ရွှင် ငေါင်တောင်တောင် သနားစရာဘ၀တွေပါ ကိုယ်တွေ့ 

ကြုံဖူးမြင်ဖူးနေကျ

အဲ ဒီ အခွန်ဆောင်ရမဲ့ကိစ္စလဲ  ဒီလို ယုံကြည်မှုကင်းလို့ စိတ်တထင်ထင့် အောင့်သီးအောင့်သက်နဲ့

အစာမကြေ တဲ့ ပြဿဿသနာ  ထင်မိတယ် ကျနော် ကိုယ်တွေ့ အကြောင်းလေးပြောမယ်နော်

 လူတယောက်နဲ့ တယောက် အကြားက ယုံကြည်မှု ဆိုတာ တည်ဆောက်ရ အခက်ဆုံးနဲ့ ပျက်စီး 

အလွယ်ဆုံးသော အရာပါ  ဒီလိုဗျ ကျနော် ပတ်စပို့သတ်တမ်းကုန်လို့ အသစ်ပြန်လျှောက်တော့ 

ကိုယ်မြို့မှာရှိတဲ့အခွန်ရုံး သွားပြီး အခွန်ကင်းရှင်းကြောင်း သွားလုပ်ရတယ် ထားပါ 

လုပ်ရိုးလုပ်စဉ်ပါ ဒါပေမဲ့ ကိုယ်မြို့ကိုယ်ရွာကိုယ်လူမျိုးအချင်းချင်း တွေ့ပြီး ဗမာလို ပြောရမှာ ပွဲစားလိုမလား 

စဉ်းစားကြည့်လေ ကိုယ်တိုင်လုပ်ပေါ့

ဇာတ်လမ်းက အဲမှာ စတွေ့တာ ကျနော်နဲ့ အပေါက်စောင့် စာရေးပျာတာနဲ့(နှိမ့်ခြင်းမဟုတ်ပါ အမြဲတမ်း 

ဝန်ထမ်းဆို စာရေးကြီးလို့ ရေးမှာပါ) ပထမဆုံး ကျနော် ပတ်စပို့စ် စာအုပ်အဟောင်းကို 

ဖင်တပြန်ခေါင်းတပြန်ကြည့်ပြီး 

 အစ်ကို က သင်္ဘောလိုက်တာ (အခေါက်ရေ)တော်တော်များတယ်နော်တဲ့ 

ကျနော်ကလဲအထာမပေါက်ဘူး အေးပေါ့ 

သူ ဘာဆိုလိုမှန်း မသိတာ အမှန်ပါ ဒါပေမဲ့ ကျနော် မြန်မာနိုင်ငံက ရုံးတွေ ထုံးစံ 

ပုဒ်မ လေး ပေးမှ လုပ်တာကိုတော့ သိပါတယ် ကိုယ်ကလဲ (၁၀ %)

ရာခိုင်နှုန်းအမှန်ဆောင်နေတယ်ဆိုပေမဲ့ 

လက်ဖက်ရည်ဖိုး နှစ်ထောင်သုံးထောင်ပေးဘို့ စိတ်ကူး ပြီးသားပါ

 ဒါပေမဲ့ ဒီလို လဲ မဟုတ်ပြန်ဘူး ဖေါင်ဝယ် 

 ဆိုတော့ ဖေါင်ဘိုးပေးပြီး နောက်တနေ့ ပြန်တင်ပေးဘို့ ပြောရင်းနဲ့ အစ်ကို 

ပြန်တမ်းဝင် လက်မှတ်ထိုးမဲ့သူ ရှိလားတဲ့ မရှိရင် ဒီက( ဗိုလ်ကြီး) 

ထိုးပေးမယ်တဲ့

(ကြည့်ရတာ စစ်ဘက်က Gunshot လား၊ ဘောင်းဘီချွတ်လား မသိပါ ) အင် 

ကျနော်လဲ သိပ်နားမလည်ဘူး

ထားတော့ ကျနော်လဲ အေး ကောင်းတာပေါ့ လို့ လွယ်လွယ်ပြန်ဖြေမိတယ်

နောက်မှ သူက ဆက်ပြောတယ် ကျနော်  ကျန်တာဘာမှ မတောင်းဖူးနော်တဲ့ 

(သူဆိုလိုတာ လာဘ်ပေးလာဘ်ယူတွေ ဘာတွေကိုပါ ပွဲစား မလိုပါ 

ဆိုင်းဘုတ်ကလဲ ချိတ်ထားသေးတယ် နံရံမှာ) လက်မှတ်ထိုးခကတော့ 

တသောင်းခွဲ(၁၅၀၀၀ိ) ကျမယ်တဲ့ ကျနော်လဲ သူပြောမှပဲ 

သူ့ဗိုလ်ကြီးလက်မှတ်က ဒီလောက်ဈေးရှိမှန်း သိလိုက်ရတယ် ဒီလိုမှန်း သိရင် 

သင်္ဘောမလိုက်ဘဲ ဗိုလ်သင်တန်းလျှောက်ပြီး လက်မှတ်ချည်း လိုက်ထိုး 

စားပါရဲ့၊ 

စိတ်ထဲ ချဉ်သွားတယ်

 ကျနော်ကလဲ ကဲ ဒါဆို ငါ အပြင်က ထိုးလာရင်ရော ဆိုတော့ ဒီချာတိတ်က 

မျက်နှာမဲ့ပြီး ရတယ်တဲ့

 (လေသံက ခပ်မာမာနဲ့ စောစောကလို မဟုတ် တော့ ဘူး) 

ထိုးတဲ့သူရဲ့  ရုံးတံဆိပ်၊ ဌာနဆိုင်ရာရာထူး စတဲ့ ကျနော် နားမလည်နိုင်မဲ့ 

အရာတွေ တန်းစီ ရွတ်ပြတယ် ပြည်စုံအောင်လုပ်လာလဲ ထပ်ပြီး 

ရစ်မဲ့ပုံ (သူတို့ အခေါ် ခွင်ချက် တာပေါ့ ဘောင်ထဲကနေ လုပ်တာလေ 

ရိုင်းရိုင်းပြောရရင် ခေတ်သစ် သူတောင်းစားနည်းပေါ့ဗျာ )

ကျနော်လဲ စိတ်လျော့လိုက်တယ် နေပစေတော့ ဆိုပြီး  ငါးထောင် တန် သုံးရွက်ကို

 စိတ်ချဉ်ချဉ်နဲ့ ပဲ ပေးကမ်းစွန့်ကျဲ ခဲ့ ရပါလေသတည်း၊၊    ၊၊

ကျနော် စောစောက ပြောတဲ့ ယုံကြည်မှုဆိုတဲ့ စကားလုံးလဲ တလုံးမှမပါဘူးနော် ဒါပေမဲ့ 

ဒီစာကိုရေးနေချိန်ရော ကျနော် နောက်ထပ်နောက်ထပ် ဆောင်ရမဲ့ ၀င်ငွေခွန်၊စတဲ့ အခွန်အခ တွေ 

အတွက်ရော ကျနော် ဒီ ဌာနရဲ့ မှန်ကန်မှု၊တိကျမှု၊မြန်ဆန်မှု ဆိုတဲ့ ဆောင်ပုဒ်တွေကို 

ဘယ်လိုယုံကြည်ရတော့ မှာလဲ ကျနော်တို့ ထက်ပိုတဲ့ အခွန်ထမ်း လုပ်ငန်းရှင်ကြီးတွေ ဆိုရင်ရော 

တသောင်းခွဲကို အဆ ဘယ်လောက်နဲ့ မြှောက်ပြီးတောင်းမှာလဲ၊

တွေးကြည့်မိပါတော့တယ်၊၊ ကျနော်တို့ ပင်လယ်ပျော်တွေ ခေတ်ကောင်းစဉ်ကာလ 

အုပ်ချုပ်ခဲ့တဲ့ သေနတ်ဆိုတာ မိုးပေါ်ထောင်မပစ်ဖူးဆိုတဲ့ ဘဘကြီး ကိုပဲ တမ်းတရမလား၊ မိဘပြည်သူများ 

ခင်များ ဆိုပြီး အသံတိုးတိုးလေး ပြောတဲ့ အန်ကယ်ကြီးကိုပဲ ဆက် ချစ်ရမလား ဆိုပြီး 

ကြံကြံဖန်ဖန် တွေးမိရင်း ရင်မောမိပါတော့တယ်၊၊    ၊၊

မျိုးငယ်(၇.၅.၂၀၁၄)


                                  

No comments:

Post a Comment

ထိုဟာလေးဆိုက်မှာထည့်ချင်လာခဲ့ပါ