Monday, July 7, 2014
သရဲတကောင်ရဲ့ဖြောင့်ချက် အပိုင်း(၁)
သရဲတကောင်ရဲ့ဖြောင့်ချက် အပိုင်း(၁)
တခါတလေ လူတွေနေထိုင်တဲ့ ကမ္ဘာကြီးမှာ သက်ရှိ 
လူသားရယ်၊တိရစ္ဆာန်ရယ်၊သစ်ပင်တွေ တောင်တန်းတွေ ပင်လယ်တွေပဲ ရှိနေကျတယ် 
လို့ထင်မှတ်မှားနိုင်ကျတယ် ဒီအပြင်  လူနဲ့ လူလောက အကြားမှာ မမြင်ရတဲ့ပရလောက ရှိနေတယ် 
ဆိုတာတော့ သိတဲ့သူ နည်းကျ လိမ့်မယ် ထင်တယ်နော် လူလောကနဲ့ ပရလောကဟာ တချိန်တည်း၊ 
တနေရာတည်း၊မှာ အတူတကွ ရှိနေတယ်ဆိုရင် မိတ်ဆွေတို့ အံသြကျလိမ့်မယ် ဗုဒ္ဓဘာသာဝင်တွေ 
ကတော့ သိပြီး ဖြစ်ကျမှာပါ ဘုရားပိဋ္ဋကတ်တော်လာ ပေတ၀တ္တူတွေ ကို ဆရာတော်ကြီးများ 
ရှိတယ်ဆိုတာ ယုံကြည်ကျတဲ့သဘောလေးတွေ ရှိတယ် (ဥပမာ တရုတ်တစ္ဆေကြီး ကန်တော့ပွဲတို့ 
ရွာတွေမှာ ခေါစာကျွေးတာတို့ စတဲ့ အစဉ်အလာတွေရှိကျတာပဲလေ)
ဒါပေမဲ့ ကြားဖူးနာဖူးကျပေမဲ့ ကြုံဖူးဆုံဖူးသူ ကနည်းပါတယ် နာနာဘာဝ၊လို့ပြောလိုက်ရင်ပဲ 
အများပြောစကား ရယ်စရာလိုလို ပုံပြင်လိုလိုဝတ္တူလိုလို နဲ့ ဇာတ်လမ်းဆုံးသွားကျတာ များပါတယ် 
တိတိပပပြောနိုင်ကျတဲ့ သူ ရှားပါတယ်
ကျနော်လဲ  လူငယ်ပီပီ အများစု နည်းတူ သိပ္ပံပညာဒီလောက်ထွန်းကားနေတဲ့ ခေတ်ကြီးထဲမှာ ဒါမျိုး 
မယုံရေးချမယုံပါ ကိုယ်တွေ့ကြုံမှ ယုံမယ် ဆိုတဲ့ အမျိုးအစား နေမှာပေါ့ နော် ကျနော် ၀န်ခံပါတယ် 
သရဲတစ္ဆေ ဆိုတာတွေဟာ ကလေးတွေကို ခြောက်တဲ့ သဘော၊ မိန်းကလေးသူငယ်ချင်းများကို 
စနောက်တဲ့ သဘောမျိုး လို့ဘဲ မှတ်ယူတယ် အခုပြောပြမဲ့ အဖြစ်အပျက် မတိုင်မီ အထိ ဆိုပါတော့ ဗျာ 
ကျနော် ဆုံခဲ့တဲ့ သရဲမိတ်ဆွေက ကုန်းပေါ်မှာ မဟုတ်ဘူးဗျ သင်္ဘောပေါ်မှာ ဆုံခဲ့တဲ့ ပင်လယ်ပျော် 
သရဲမိတ်ဆွေ ပေါ့ အခြားအခြား သော အကြောင်းတွေကြောင့် မရေးဖြစ်ခဲ့ပေမဲ့ အခုမှ သင်္ဘောစလိုက်မဲ့ 
ညီငယ်များ အတွက်   တစုံတရာ အကျိုးရှိစေခြင်း အကျိုးငှာ ဤ စာစုကို ရေးသားလိုက်ရပါသည်၊၊     ၊၊
တနေ့သော ညဦးပိုင်းလေး တခုပေါ့ ကျနော်က ထမင်းမစားမီ 
နည်းနည်းပါးပါး သောက်စားလေ့ရှိလေတော့ အမြဲတမ်း ညစာ ထမင်းစားနောက်ကျလေ့ရှိတယ်ဗျာ ကျနော် 
အတွက်ဖယ်ထားတတ်တဲ့ ဟင်းပန်းကန်လေးနဲ့ ထမင်းစားခန်းမှာ တယောက်တည်းစားလေ့ရှိတယ် 
ကျန်တဲ့ သူများကတော့ စားပြီးတဲ့ အချိန်ဆိုတော့လဲ တိတ်ဆိတ်နေတဲ့ အခန်းရယ် လေအေးစက်ရဲ့ 
အအေးရယ်ကြောင့် မြန်မြန်ဘဲ စားပြီး အခန်းပြန်တက်လာခဲ့တယ် ဒီအချိန်က အိပ်ရတော့မဲ့ 
အချိန် ရောက်နေပြီ ဆိုတော့ သိပ်လဲ အိပ်ချင်နေပြီလေ
 ဒီလိုပဲ နိစ္စဓူဝလိုဖြစ်နေတဲ့ ကျနော်ရဲ့ အချိန်ဇယားအတိုင်း စားသောက်ပြီးလို့ ပလုပ်ကျင်း သွားတိုက်ပြီးရင် 
ဘုရားကို ပုဆိန်ပေါက်ကန်တော့ပြီး အိပ်နေကျ ဆိုတော့ သိပ်လဲ ဆန်းတဲ့ ကိစ္စတော့ မဟုတ်ပါဘူး
အိပ်မယ်ကြံပြီး ညအိပ်မီးလေးကို မှိန်မှိန်လေးထွန်းလိုက်ပြီး ကျနော် အိပ်လို့ပျော်သွားတယ် ထင်တာပါပဲ
ဒေါက် ဒေါက် ဒေါက် (တံခါးခေါက်သံ) 
 တံခါးခေါက်သံကြားလိုက်ရတယ် ကျနော်ကလဲ အိပ်ချင်မူးတူး အသံနဲ့ ဘယ်သူလဲ 
ဝင်ခဲ့လေ ပြောလိုက်တော့ ၀င်လာတာ
လူငယ်တယောက် ကျနော် မြင်နေကျ သင်္ဘောသား မဟုတ်တဲ့လူငယ် အသက်က (၂၈)နှစ်ဝန်းကျင်
အရပ်မြင့်မြင့် အသားလတ်လတ် ကျနော်လဲ ကြက်သေသေ ပြီး ကြည့်နေမိတယ် ကြောက်တာလဲ 
မဟုတ်ဘူး
ကိုယ်မသိတဲ့ လူတယောက် ကို ကြည့်တဲ့ ပုံစံမျိုး ပဲ ဖြစ်မယ်ထင်တယ် နောက် သူကဘဲ စ 
မိတ်ဆက်ပါတယ်
ကျနော် နာမည်က မောင်မောင်ပါ တဲ့  ကျနော်လဲ အင်းလို့ 
အလိုက်အထိုက်ပြန်ပြောရင်း မတ်တတ်ဖြစ်နေတဲ့သူကို ထိုင်လေဗျာ လို့ ထိုင်ခုံကို သူဘက်ကို 
တွန်းပေးလိုက်တယ် သူက ဆက်ပြောတယ် ကျနော် အစ်ကိုကို အကူအညီတောင်းချင်လို့တဲ့
ကျနော်လဲ မသိတဲ့လူတယောက် ဆိုတော့ ပွင့်ပွင့်လင်းလင်းပြောရရင် သူကို အကဲခတ်နေမိတယ်
သူကလဲ သိပုံပါပဲ ကျနော် က ဆက်မမေးပေမဲ့ သူက ဆက်ပြောတယ်
ကျနော်က ဒီသင်္ဘောမှာ ဆုံးသွားတဲ့ သင်္ဘောသားတယောက်ပါတဲ့ ဗျာ
ဗုဒ္ဓေါ ဘုရား ကျနော်လဲ ခေါင်းနပန်းကြီးသွားတယ် စကားတွေလဲ ထစ် ခြေဖျားလက်ဖျားလဲ အေးကုန်တယ် 
ထင်တယ်
မင်းးးး ကို ငါက ဘာကူညီရမှာတုန်းကွ ငါက ကူညီရအောင် ဘယ်လိုလုပ်မလဲ ဆိုပြီး
ကြောက်ကန်ကန်ပြီး သူကို အခန်းက မောင်းမထုတ်ရုံတမယ်ဘဲ ဖြစ်နေမိတယ် သူက ဆက်ပြောပါတယ်
အစ်ကို ကျနော်ကို မကြောက်ပါနဲ့ ကျနော် ဘာမှ ဒုက္ခ မပေးပါဘူး အစ်ကိုကိုတဲ့
ဒါပေမဲ့ ကြောက်တာတော့ ကြောက်တာပဲ နောက်သူက အစ်ကို ကျနော်က ဒီသင်္ဘောမှာ
အရင်က MESS BOY နဲ့လိုက်တဲ့ သင်္ဘောသားပါ ကျနော် အကြောင်းလေး နည်းနည်းပြောပါရစေဗျာ
ကျနော်လဲ ငြင်းလို့မှ မရတော့တာပဲလေ နားထောင်ရပြီပေါ့ ဆက်ပြောတယ်
ကျနော်က BEST(Basic English Skill Test) အောင်ပြီးလို့ သင်္ဘောကို ပထမဆုံး စလိုက်တာပါ
 ကျနော် လိုမျိုးကို ကျန်တဲ့ သင်္ဘောသားတွေ မကြုံစေချင်လို့ပါ ကျနော်က စာအုပ်တွေဖတ်ရင်း 
သင်္ဘောသားဘ၀ကို အားကျမိတယ်
 နောက် သင်္ဘောလိုက်ဖြစ်တယ၊်မမနဲ့ လက်ထပ်ချင်တာလဲ ပါတယ် ဆိုပါတော့
အင်း လို့သာဖြေလိုက်ရတယ် စိတ်ကတော့ မအေးနိုင်သေးဘူး
 နောက်သူပြောတဲ့ထဲက မမ ဆိုတာကို ကျနော်လဲ ထူးဆန်းသွားတယ် သူလဲ ရိပ်မိပုံရပါတယ်
မမ က ကျနော်ရဲ့ ချစ်သူပါ အစ်ကို သူနဲ့က ပြန်ရင် လက်ထပ်မလို့ ကျနော်က ပိုက်ဆံစုနေတုန်း 
ဒီလိုဖြစ်ရတာပါ ကျနော် တော်တော်လေး စိတ်မကောင်း ဖြစ်သွားပါသည် တကယ်ပါ
ချစ်သူနှစ်ဦးရဲ့ ကွေကွင်းရခြင်း ဒုက္ခ တယ်ကြီးတာကို ကိုယ်ချင်းစာမိတယ် နောက်သူက 
ဆက်၍ပြောပါသည်
အစ်ကို ကျနော်က ဟိုးအညာဘက်က မြို့လေးတမြို့ကပါ ကျနော် ဆယ်တန်းအောင်လို့ 
ရန်ကုန်တက်လာတယ် သင်တန်းလေးဘာလေးတက်ရင် အလုပ်လုပ်ဘို့ ရှာရင်ဆိုပါတော့ ကျနော် 
ကံကောင်းတယ်ပြောရမယ် ရန်ကုန်က ကုမ္ပဏီ တခုမှာ အလုပ် ၀င်လုပ်ဖြစ်တယ် အဲမှာပဲ မမနဲ့ ကျနော် 
စတွေ့ဖြစ်တာ မမက အဲဒီရုံးမှာ စာရင်းကိုင် လုပ်တာလေတဲ့
ကျနော်လဲ တိုလူငယ်ကို တွေတွေကြည့်နေရင်း သူပြောစကားများကို နားထောင်နေမိတယ် သူဘယ်သူလဲ 
ဆိုတာထက် သူပြောပြနေတဲ့ အကြောင်းအရာလေးက ပိုပြီးစိတ်ဝင်စားဘို့ ကောင်းနေတာကို
တရစပ် ပြောပြနေတဲ့ သူ့ အကြောင်းတွေထဲမှာ သူ့ သေဆုံးခဲ့တယ် ဆိုတာ မေ့နေလောက်အောင် 
နားထောင်နေမိတယ်
ကျနော်ကပဲ စကားထောက်ရင်း ဒါဆို မင်းက ဘယ်လိုဖြစ်ပြီး သင်္ဘောပေါ်ရောက်လာရတာလဲ 
လို့ မေးလိုက်တယ်
သူ့လဲ စကားကို ခဏရပ်ရင်းက မျက်နှာလဲ တချက် အိုသွားတယ် စောစောက သူ့ချစ်သူ မမ 
အကြောင်းပြောပြနေတုံးက လိုမျိုး မဟုတ်တော့ သလို တခုခုကို ၀မ်းနည်းသွားတယ်လို့ ထင်မိတယ်
ထို့နောက် သူကပဲ ဆက်ပြီး ကျနော် သင်္ဘောသား စလုပ်မယ်လို့ ဆုံးဖြတ်လိုက်ချိန်မှာ BEST စာမေးပွဲတွေ
ပေါ်လာတဲ့ အချိန်နဲ့ တိုက်ဆိုင်နေတယ်လေ အစ်ကို ဒါနဲ့ဝင်ဖြေရင်း အောင်တယ် လိုင်းကတော့ မမရဲ့ 
အစ်ကိုတယောက်က သင်္ဘောသားဆိုတော့ သူ့အပ်ပေးတဲ့ ကိုရီယားလိုင်းကို စချိတ်ရင်း လိုက်ဖြစ်တာပါ
အော် ဒါဆို မင်းက မိန်းမ ယူဘို့ အတွက်သင်္ဘောလိုက်တာပေါ့ ဟုတ်လား ဟု ကျနော်က 
စ နောက်တဲ့သဘောမျိုးနဲ့ မေးလိုက်တယ် သူကပဲ
ဒါပြင် ကျနော်ရဲ့ နယ်မှာနေတဲ့ မိဘတွေကိုလဲ ထောက်ပံ့ချင်တဲ့စိတ်လဲ ပါပါတယ် အစ်ကို
စောစောက အိုသွားတဲ့ မျက်နှာလဲ နည်းနည်း ပြန်လန်းလာတယ် ဟုတ်ပါသည် ကျနော်တို့ 
သင်္ဘောသားဖြစ်လာတဲ့သူတိုင်း ၀ါသနာပါသူ မပါသူ စသည်စသည် ရှိကျပေမဲ့ 
တူညီတဲ့စိတ်လေးတခုကတော့ မိသားစုကို  မျက်နှာမငယ်စေချင်တဲ့ စိတ်ဓါတ်လေး ကတော့ တူကျပါတယ် 
တကယ်ပါ ၊၊အပိုင်း(၂)မျှော်ပါ၊၊
မျိုးငယ်(၃.၇.၂၀၁၄)
No comments:
Post a Comment
ထိုဟာလေးဆိုက်မှာထည့်ချင်လာခဲ့ပါ