ကျနော် လဲ ဘာလဲဟဲ့ သင်္ဘောသား စာစုတွေ ရေးတာ နဲနဲ ကျဲ သွားတယ်
အိမ်မက်ထဲက သင်္ဘောသားကို အချိန်ပေးတာ များ သွားလို့ရယ်ပါ
ကျနော်တို့
စိတ်တွေဟာ တကယ်ပဲ ညစ်နွမ်းနေတာ ပင်ပန်းနေကျတာ များလို့ အပျော်ဖတ် စာပေ
လို့
လူတွေ သတ်မှတ်ထားတဲ့ စာအမျိုးအစားတွေကိုပဲ ဖတ်ချင်ကျတယ်ဗျာ
ရသစာပေ တွေ မကောင်းဖူးပြောတာ
မဟုတ်ဖူးနော်
ဖန်တရာထေတဲ့ ချစ်ကွဲငြား မြန်မာ အချစ်ဇာတ်လမ်းလို
တခါလာလဲ သင်္ဘောသားရဲ့ အိမ်လွမ်းနာဇာတ်လမ်း၊ မိန်းမ မကောင်းကြောင်း
စာစုတွေ
သက်ဆိုင်ရာ ဌာန ဆိုင်ရာတွေကို မကျေနပ်တဲ့ စာစုတွေပဲ ဆိုတော့ ဖတ်ရတာ
ဘာပဲဖြစ်ဖြစ်
ရိုးအီနေရောပေါ့
ဒီတခါ ကျနော်ရေးချင်တာ နည်းနည်းတော့ မူကွဲတယ် ဟုတ်ရဲ့လားလို့
ထင်နိုင်သလို
လုပ်ကြံ ကလိထိုး ဇာတ်လမ်းကြီးလို့လဲ ထင်နိုင်တယ် ကဲ ထားပါ ရေးရမှာ ကျနော်
တာဝန် ကြိုက်တာ မကြိုက်တာ စာဖတ်သူတို့ သဘောပါ မဟုတ်လား
ကျနော် ရေးချင်နေတာ လက်ကိုယားနေတာ ကိုယ်ရွှေ
သင်္ဘောသားအိုကြီးတွေ
ကြွေးကြော်တတ်တာတွေ ရှိတတ်တယ်
ငါက ယောင်္ကျားမှ ယောင်္ကျား စစ်စစ် ရေမရောဖူးကွ မင်းမယုံရင်
ငါနောက်လိုက်ခဲ့ တို့
ဘာတို့ပေါ့ ဒီလို ဒီလို အင်းပေါ့ အဲဒီခေတ် အခါတုန်းက
သင်္ဘောသားဆိုတာ
ယောင်္ကျားလေးပဲ လုပ်ခွင့်ရှိတာကိုဗျ
အခုလို ရေကြောင်းတက္ကသိုလ် တို့ ဘာတို့မှာ မိန်းကလေး
ကျောင်းသူတွေ၊ဘာတွေ
လက်မခံသေးတာကို ဗျ ဒါကြောင့်လဲ မာန်တက်လောက်တာပေါ့ဗျာ ဒါပေမဲ့ ကျနော်
ဆုံခဲ့တဲ့ သင်္ဘောသား ခင်မျာ မှာတော့ အခြောက် သင်္ဘောသား (Gay)တယောက်ပါဗျာ
တကယ်စစ်စစ်ကြီး
ကျနော်တို့ ကိုယ်တိုင်လဲ ကံသီလို့ သူ့လက်ချက်ကလွတ်လာတာ
ဟဲ ဟဲ
ဇာတ်လမ်းက ဒီလိုဗျ ကျနော်တို့ သင်္ဘောက အာဖရိက တိုက် တောင်ပိုင်း
နိုင်ငံတွေထဲက တခုဖြစ်တဲ့ နန်မီးစ်ယား(Nanmia) နိုင်ငံလေးကို ကုန်ဝင်ချတယ်ဗျ
အဲ စကားမစပ်
ကျနော်တို့တွေ သင်္ဘောလိုင်းက တခိုင်လုံးရွှေ(တစီးလုံး မြန်မာ)
ဆိုတော့ အားလုံးက ညီရင်းအစ်ကို
တွေလို ပေါင်းသင်းကျတဲ့ လိုင်း သူအခန်း
ကိုယ်အခန်း ကို မခွဲခြားပဲ နေကျတာ ထုံးစံလို ဖြစ်နေကျတာ မိသားစု လိုင်းပုံစံပေါ့
ဗျာ
ကျနော်တို့တွေလဲ ပြန်ခါနီးပြီဆိုတော့
နောက်ဆုံး ကပ်တဲ့ ဆိပ်ကမ်း လေးမှာ ဆင်းပြီး ကဲကျတာပေါ့
ကပ္ပလီ တိုင်းပြည် ဆိုတော့ သိပ်ကောင်းကောင်း ဘားတွေ ကလပ်တွေလဲ
မရှိလောက်ပါဖူး ကျနော်တို့တွေလဲ
ဆိပ်ကမ်းနဲ့ အနီးဆုံး ဘားလေး မှာ သောက်ဘို့
ကျနော်စီနီယာ နဲ့ အတူ ချီတက်ကျပါတော့တယ်
ကျနော်တို့လဲ ဘားထဲ သောက်လို့
သိပ်မကြာခင်မှာ (ငပိသံ)နဲ့ ဘိုလိုပြောတာ ကြားလိုက်တော့တယ်
ကြည့်လိုက်တော့ သင်္ဘောသား နှစ်ယောက်( ရွှေ)မှ ရွှေ စစ်စစ်ကြီး
ဒီလိုနဲ့ မိတ်ဆက်ပြီး ပွဲခံကျတာပေါ့
ပထမတော့ ကျနော်တို့လဲ နှစ်ယောက်တည်း ကုတ်နေတာ လေးယောက်ဆိုတော့
အသံက နည်းနည်းထွက်လာပြီ
မြန်မာ သတ္တိလေ ဟဲ ဟဲ
ကိုယ်နိုင်ငံမှာ ကြက်ဖ ဆိုပေမဲ့
သူများနိုင်ငံမှာ ဆိုရင်တော့ ကြက်မလို
ကျင့်ရတာပေါ့ ကပ္ပလီ ဆိုတဲ့
အကောင်ကြီးတွေက ကိုယ်နဲ့ ယှဉ်ရင် ဆင်နဲ့ဆိတ်လေ တော်ကြာ ဘာမှမလုပ်ဘဲ
အ၀ှာပဲ ပြုလိုက်ရင် ဒုက္ခ ဟား ဟား
ကိုယ်ဟာကိုယ်တွေးပြီး ကြောက်နေကျတာဗျ
သိပ်မကဲရဲကျဖူးဗျာ စောစောက သင်္ဘောသားနှစ်ယောက်မှာ
တယောက်က
ကကြီးခခွေး(AB)၊ တယောက်က ချက်ကြီး(Chief Cook) နှစ်ယောက်လုံးက ရှိလှမှ
လွန်ရောရှိလှမှ
အသက် (၃၀) ပေါ့ ကျနော်တို့တွေ နဲ့ မတိမ်းမယိမ်း
ဒါနဲ့ ကျနော်က ဂျုတီဝင်ရမှာ ဆိုတော့
ပြန်ရအောင်လို့ပြောတော့ ချက်ကြီးလုပ်တဲ့
ငတိက
ပြန်တော့မယ့် ကျနော်တို့ သင်္ဘောက ပိုနေတဲ့ ပုစွန်ငပိဘူး လိုချင်ပါတယ် ဆိုပြီး
လိုက်မယ်ပေါ့
ကျနော်တို့ သင်္ဘောကို
ကျနော်တို့လဲ စေတနာကောင်းတဲ့ သူတွေ
ဆိုတော့လိုက်ခဲ့ ပေါ့ ဆိုပြီး ခေါ်ခဲ့ပါလေရော
ကျနော်တို့
နှစ်ယောက်စိတ်ထဲမှာ ဒီချက်ကြီးကို ဘယ်လိုမှကို သံသယ
မရှိတာသေချာပါတယ်ဗျာ ကိုယ်တော်ချောကလဲ
စကားပြောလေးတာ
တချက်တချက် နွှဲ့ သလိုလိုသာဖြစ်တာ ပြောနေတာ တော့ ချောလို့ မမူးသေးတာလဲ
ပါမယ်ထင်တယ် ကျနော်တို့သင်္ဘောက လဲ ပြန်ရောက်တဲ့
အချိန်ကလဲ ကောင်းနေသေးတော့ ဆက်ပြီး ဂျော်နီဝါးကား
အနီရောင်လေးနဲ့
ခရီးဆက်ကျတာ ပေါ့ဗျာ ကျနော်ကတော့ ဂျုတီရှိနေတော့ Break လုပ် ပြီး
အင်ဂျင်ခန်းထဲ ဆင်းရတာမလို့ နောက်ပိုင်း ဘာတွေ ဆက်ဖြစ်လဲတော့
မသိဖူးပေါ့၊၊ ၊၊
နောက်တနေ့ နေ့လည် lunch
Time ရောက်လို့ ထမင်းစားခန်းဆင်းတော့ မှာပဲ
ညက မင်းတို့ ဘယ်သင်္ဘောက အခြောက်တွေ ခေါ်လာ သလဲတဲ့ အကုန်လုံးက
ဝိုင်းဟား ကျတယ်
ဟင် ဘာလိုဖြစ်ရတာပါလိမ့်???
ကျနော်လဲတော်တော်
အံ့အားသင့် သွားတယ် ဒါနဲ့
ကျနော် စီနီယာ နိုးလာမှ မေးကြည့်မှပဲ ဇာတ်လမ်းစုံ သိရတော့တယ်
အဲကျမှပဲ
ပြုံးနိုင်တော့တယ်ဗျာ ကျနော်စီနီယာက ပြောတာက
ဟေ့ကောင်ရ ဒီလိုကွ
ငါလဲ လုံးဝကို မထင်တာ ဒီချက်ကြီးကို ပထမ သောက်နေတော့
အကောင်းပါ
နောက်နည်းနည်းမူးလာတော့ သူ့လက်က
ငါပေါင်ပေါ်ရောက်ရောက်လာတယ် ငါလဲ ဒီလောက်ထိ ပြဿနာ မရှိပါဖူး
ခင်လို့မင်လို့ အကျင့်ပါနေလို့ပဲ ထင်နေတာ နောက် သူနဲ့ ပါလာတဲ့ AB လေးကတော့
မျက်နှာပျက်နေပြီ
ဒါနဲ့ ငါကို လက်ကုတ်ခေါ်ပြီး အခန်းပြင်ရောက်မှ အစ်ကို
ဒီချက်ကြီးကို သတိထားနော် မလွယ်ဖူး
ကျနော်ကတော့ ယောင်္ကျား စစ်စစ်ပါဗျာ တဲ့
အဲမှ ငါလဲ သောက်ထားတဲ့ အရက် အမူးလေးတောင် ဘယ်ပျောက်သွားမှန်း
မသိတော့ဖူး အတူတူလဲ မအိပ်ရဲတော့ဖူး ဒီငနဲ က အတူတူ အိပ်ဘို့ချည်းပြောနေတာ
ငါမလဲ ကြောက်လိုက်တာကွာ
ဒါနဲ့ တညလုံး အရက်ဝိုင်းထိုင်ပေးနေရတယ် မိုးလင်းမှပဲ
ြ့ပန်သွားတော့တယ်ကွာ မင်းကတော့
ဂျူတီဝင်နေတော့ ကံကောင်းသွားတာပေါ့ တဲ့
ကျနော်လဲ စီနီယာ ရဲ့ ညက အဖြစ်အပျက်ကို တွေးကြည့်
မိပြီး ရယ်လိုက်ရတဲ့
ဖြစ်ခြင်းဗျာ
ဒါကြောင့် ပြောပါတယ် သင်္ဘောသားတိုင်း ယောင်္ကျား စင်စစ် ဧကန်
ဖြစ်ရဲ့လား ဆိုတာ
မိမိ ကိုယ်တိုင်သာ အသိဆုံး ဖြစ်မှာပါ ဟဲ ဟဲ ပြောမယုံ ကြုံဖူးမှ သိဆိုသလိုပေါ့
ကျနော်ကတော့ ဒီ ဂျော်တကီး သင်္ဘောသားကို တွေ့ပြီးတည်းက ချက်ကြီးတွေ ဆိုရင်
သင်္ဘောလိုက်ပြီး ပုဇွန် ငပိဘူး လိုက်ယူဘို့ မခေါ်ရဲတော့တာ
အမှန်ပဲဗျို့၊၊ ၊၊
((မှတ်ချက်၊၊ ၊၊
ချက်ကြီး(Chief Cook)ရာထူး ဖြင့် တာဝန်ထမ်းဆောင်နေသော
သင်္ဘောသားများကို နှိမ်ချရေးသားခြင်း
မဟုတ်ရပါ၊၊ အခြားရာထူးများတွင်လဲ
ရှိနိုင်ပါတယ်ဗျာ၊၊ ဟာသ သဘောလို့ပဲ မှတ်ယူပေးကျပါနော်))
မျိုးငယ်(၁၇.၉.၂၀၁၃)
No comments:
Post a Comment