ကျနော်ဗျာ အခုတလော ဟာသ စာတွေ သိပ် ရေးလို့ မရဘူး ဖြစ်နေတယ်ဗျာ
ကျနော် ကိုယ်မှာ ပူးကပ်နေတဲ့ စာရေးချင်တဲ့ ၀ိညာဉ်လဲ ဘယ်သူဆီ သွားကပ်နေလဲ
သိတော့ပါဖူးဗျာ
ဒါနဲ့ ကျနော်တို့မြို့က အာရုံဆွမ်းလောင်းအသင်းရဲ့ ဝေယျာဝစ္စ
အလုပ်လေးတွေလုပ်ရင်း
သင်္ဘောမတက်ရသေးခင်လေး ကုသိုလ် ဆက်နေမိတယ်ဗျာ(မိုက်ထားတာတွေ
များနေပြီကို)
ဒီလိုနဲ့ ဆွမ်းလောင်းပြီးတဲ့ မနက်ခင်းလေး တခုမှာ စာသင်သား ရဟန်းတွေ
သတင်းသုံးတဲ့
စာသင်တိုက်ဘုန်းတော်ကြီး ကျောင်းကို ကျနော်တို့ သူငယ်ချင်းတစု
ဆွမ်းချိုင့် သွားပို့ကျတယ်
ရေနံချေး သုတ်ထားလို့
မဲမှောင်နေတဲ့ ကျောင်းအိုအိုကြီးရဲ့ နောက်ဖေးအစွန်းဘက်က မီးဖိုခန်းလေးထဲမှာတော့
ကိုယ်ရင်လေးတွေ ကတော့ ချွေးသံလုံးလုံးနဲ့ ၊ပထမတော့ ကျနော်လဲ
ဘာလုပ်နေမှန်းမသိ မီးခိုးတအူအူ
ဖြစ်နေတဲ့ မီးဖိုပေါ်က
ဟင်းရည်အိုးကြီးတခုကို တွေ့လေရဲ့ နဂိုတည်းက ကျနော်ဆိုတဲ့ ကောင်က
စပ်စုတတ်တဲ့ ၀သီက ပါလေတော့ စပြီး လွှတ်ပြီပေါ့(ကျနော်
သူငယ်ချင်းတွေက လေကြောရှည်တဲ့ကျနော်
ကို တခုတခု စပြောတာနဲ့ လွှတ်ပြီ
ဆိုပြီး နောက်တတ်ကျလို့ပါ)
ကိုရင်လေး ဘာဟင်းအိုးလဲဗျ
ကိုရင်လေးတွေကလဲ ပြန်ပြီး ဟာ ဒကာကြီးကလဲ ဒါတောင် မသိဖူးလား
ဟင်းပေါင်းအိုးလေ
အော် ဟုတ်ပေသားပဲ ခုမှ ကျနော်လဲ ခုမှသတိထားမိတယ် မနေ့က
လှူဒါန်းထားတဲ့
ဆွမ်းဟင်းပေါင်းစုံကို ရေရောပြီး သားစိုး(ရောသမမွှေ)လုပ်ထား တာပဲကို
ကျနော်လဲ
ဒီလောက်တော့ မဝေးပါဖူး ကျနော် စိတ်ထဲမှာ တော့ ဘာကို သွားတွေးမိလဲ ဆိုတော့
ဒီဟင်းလေးအိုးကြီးဟာ အယူအဆ ပေါင်းစုံ တဲ့ စာအုပ်ကြီးတခု၊လူမှု ဆက်ဆံရေး
မီဒီယာ တခု
ဆိုပါတော့ ကျနော်တို့က ဒီဟင်းလေးအိုးကို စားသုံးတဲ့ နေရာက
စဉ်းစားမိတယ်
ငါတို့ဟာ ချို ချဉ် ဖန် ခါး အအီ အစိမ့် ကို ကိုယ်လိုရာကို
ဆွဲယူ
စားသုံးနိုင်တာပဲလို့ တွေ့လိုက်မိတယ် ဒီအိုးထဲမှာ ၀က်သားလဲ ပါသလို ကြက်ရိုးလဲ
ပါနိုင်တယ် ၀က်သားမစားသူ အတွက် ကြက်သား မစားသူ အတွက် ဆိုပြီး သီးခြား
ရှိမနေဖူး (ငါးဟင်းစားရင်
အရိုးနွှံတဲ့ နည်းတော့ သိကျမှာပါ ဒါမှ စူးရင်လဲ တမျိုးပေါ့ဗျာ)
ဒါဟာ မြန်မာမူ၊ မြန်မာဟန် အစစ်ပေပဲ လို့အပိုသဘော တွေးလိုက်မိသေးတယ်
စိတ်ထဲမှာ ကျနော်တို့ ငယ်ငယ်က သင်ခဲ့ဖူးတဲ့
စာထဲက နှီးဒေါင်းလန်း ကြီး နဲ့
ထမင်းဝိုင်း စားကျတဲ့ ဓလေ့ ဟာ လဲ ကျနော်တို့်
လူမျိုးမှာပဲ ရှိတယ်
ဒီလိုချစ်စရာ ကောင်းတဲ့ ဓလေ့စရိုက် တွေနဲ့
ကျနော်တို့ တွေ (ဘာကြောင့်များ
)လူအချင်းချင်း အဆင်မပြေ ကျတာလဲ ဆိုပြီး
စိတ်ထဲလဲ မချင့်မရဲ ဖြစ်မိတယ် ဘာကြောင့်များလဲဗျာ အကြောင်းရင်းမှန်ကို
စဉ်းစားလို့ကို မရနိုင်အောင်ပါပဲဗျာ(သိပ်မကြာသေးခင်ကာလက
ဆုံးသွားတဲ့
ငြိမ်းချမ်းရေး စာပေပညာရှင် ဆရာကြီး ဒဂုန်တာရာ ပြောတဲ့ စကား တခွန်းကို
သတိရမိတယ် “ရန်သူမရှိ မိတ်ဆွေ သာရှိတယ်”ဆိုတဲ့ စကားစုလေး ရဲ့
ကျယ်ပြန့်မှုလေးကို
ကျနော်တော့ ဖြစ်ပြီးသွားတဲ့ ဖြစ်စဉ်တိုင်းမှာ အစားထိုးလို့
သုံးသပ်မိတယ်
တကယ်တော့ လူတိုင်းလူတိုင်းဟာ ဆွေမျိုးတွေချည်းပဲလို့ တွေးလိုက်မိတယ်
စိတ်ထဲက……
ကဲ ပြောချင်တာလဲ ပြောလို့ ၀ ပြီနော် ကျနော် ဘာကို ဆိုလိုချင်တယ်
ဆိုတာ ပေါက်တဲ့သူလဲ ပေါက်မှာပါ ဆဲချင်ကျတယ် ဆိုရင်လဲ
ကျနော် ဖေ့ဘွက်စ်ဝေါ(FaceBook
Wall) မှာ သာ လာရောက် ဆဲတော်မူကျပါလို့
ယဉ်ယဉ်ကျေးကျေး နဲ့ကို ဖိတ်ခေါ် သမှု ပြုပါတယ်ဗျာ
ကျနော်ရဲ့
အထီးအမ၊အတုအစစ်၊အကြောင်အကြား ၊ သံချေးကောင်နဲ့ ဆီချေးကောင် ပညတ်
သဘော မခွဲခြားလို
တဲ့ စိတ်ရင်းအခြေခံ ကြောင့်
ကျနော်တို့တွေ ဖေ့ဘွက်(Face Book)ဆိုတဲ့ ခံစားချက် ရင်ဖွင့်သူတို့ရဲ့
စိတ်ထွက်ပေါက်၊အထီးကျန်ဆန်တဲ့ သူတွေ အတွက် လူရွှင်တော်၊ ဗဟုသုတရှာဖွေသူ
တို့ အတွက် အဘိဓာန်၊
နိုင်ငံရေးသမားတွေ အတွက် ၀ါဒ ဖြန့်ရေး အသုံးချ မီဒီယာ၊
ကျနော်တို့လို ဟိုမရောက် ဒီမရောက်
စာရေးစာဖတ် တဲ့ ဘုန်းကြီးသားတွေ အတွက်
လက်စမ်းစာရေးရာ ကျောက်သင်ပုန်း၊စိတ်တူကိုယ်တူ
ရှိတဲ့ သူငယ်ချင်းတွေ အတွက်
စာပေ ဖေ့ဘွက် နှီးဒေါင်းလန်းကြီး
မှာ အတူတကွ လက်ရည်တပြင်တည်း
စားသုံးကျပါစို့လားဗျာ၊၊
မျိုးငယ်(၁၂.၉.၂၀၁၃)
No comments:
Post a Comment