ကျနော် ဒီတခါ ရေးချင်တာ လူသားတယောက်ရဲ့ စောင့်စည်းအပ်တဲ့
သစ္စာတရား ဆိုတဲ့ အကြောင်းလေး သိစေချင်တယ်
((မင်းပြောသလို မစောင့်တော့ ဘာဖြစ်လဲဆိုတော့ ဘယ်မှတော့
မဖြစ်ပါဘူး
သူများရဲ့ အသိုက်အမြုံ ကို ဖျတ်ဆီးတာ ဆိုရင်တော့ မကောင်းဘူးပေါ့ ))
ဟို အရင်က ခပ်ပိန်းပိန်း စာမဖတ်တဲ့ မြန်မာ ဒါရိုက်တာတွေ(အဘ
ဦးသုခ
တို့လို ပညာရှိ ဒါရိုက်တာ တွေကို မဆိုလိုပါ) ရဲ့
တင်ပြပုံ မှားလို့ ကျန်တဲ့ရုပ်ရှင် ကြည့်ပရိတ်သတ် တွေက
သင်္ဘောသား
ဆိုတာ အရက်သမား၊ဆေးသမား၊ကြာကူလီ ဗီလိန် အဆင့် ကကို
မတတ်နိုင်ဖူး၊ ဒီနေ့ အထိပဲ ))သူတို့ကလဲ ဆရာမှာ မှာတဲ့အတိုင်းပဲ
မင်းသမီးနဲ့ မင်းသားကို အရှင်ကွဲ ကွဲစေ ချင်ရင် ဘယ်လို ဘယ်ပုံ
သင်္ဘောသားဖြစ်သွားမှန်းမသိတဲ့
အသားမဲမဲ၊ဗိုက်ရွဲရွဲ ပိုးဖြူ လို လူကြမ်း သရုပ်ဆောင်တွေ
ကို
သင်္ဘောသား လို့ အမည်ပေးပြီး ဗီလိန် လုပ်ခိုင်းတော့ တာပဲ((သူတို့ပြောတဲ့
သင်္ဘောသားနဲ့ တူလားလို့ မယုံရင်
သွားကြည့်နိုင်ပါတယ် ရေကြောင်းတက္ကသိုလ် ကျောင်းဆင်းပွဲမှာ
ရေကြောင်းအရာရှိလောင်း ဆိုတာ ဘယ်လိုပုံစံ ဆိုတာ သိနိုင်ပါတယ်))
တကယ်တော့ အပြင်လောကမှာ မင်းသားဆိုတဲ့ ကောင်တွေကပဲ
သင်္ဘောသားကတော်တွေကို ချူစား သွားကျတာ များတယ်
ဒါကြောင့် သူခိုးက လူဟစ်တယ် တဲ့ စကားပုံ အတိုင်းဖြစ်နေပါပေါ့လား
))
တကယ်တော့ သင်္ဘောသား အထင်မှား၊အမြင်မှား ခံရတာ အိမ်က ကျန်ခဲ့တဲ့
အိမ်သူသက်ထားတွေ((မိန်းမတိုင်းကို မဆိုလိုပါ တော်ကြာ ခုတလော
ခေတ်စားနေတဲ့ မျိုးစောင့်ဥပဒေတို့၊အမျိုးသမီး လူ့
အခွင့်အရေးသမား(Femalism)တွေနဲ့ထိပ်တိုက်တွေ့နေမယ်))အနေအထိုင်
မတတ်တာ က စတယ် လို့ ကျနော်
ထင်တာပဲ((ကျနော်အထင်ပြောတာနော် အတိအကျပြောတာ မဟုတ်ဖူး))
ကျနော်က ငယ်ငယ်ကတည်းက စူးစမ်းတယ်((တနည်းပြောရရင်
စပ်စုတယ်))ဆိုပါတော့ (( ဥပမာ-လူတယောက် ရိုင်းတယ်၊ဆဲတယ်
လူတိုင်း(အမြင်မှာ)ထင်တာ ဒီလူ မိုက်ရိုင်းတယ်ဆိုတာဘဲ ကျနော်ကျတော့
နည်းနည်းပိုတယ် သူများထက် ဒီလူ ဘာလို့
ဒီလိုဖြစ်ရတာလဲ၊သူ ဖြတ်သန်းရတဲ့ ဘဝ
ကကြမ်းတမ်းခဲ့လို့လား၊သူ့ ငယ်ဘ၀က အရမ်းကို ဖိနှိပ်ခံခဲ့ရ
လို့လား
ဆိုပြီး စိတ်ဝင်စားတတ်တယ်))
ကဲ ထားပါတော့ ခုရေးမှာ က ကျနော် ဒီလို စိတ်ဝင်စား
သွားတဲ့ သင်္ဘောသားတယောက်ရဲ့ ဘ၀အကြောင်း ဆိုပါတော့
ကျနော် နဲ့ သူ သင်္ဘော တစီးမှာ ဆုံခဲ့ စဉ်ပေါ့
ဒီလူက ကိုယ်လုံး ကိုယ်ထည် တောင့်တောင့်တင်းတင်း၊ကျန်းမာရေး
ကောင်းသူလို့ လူတိုင်းမြင်တာနဲ့ သိနိုင်တယ် ရုပ်ရည်ကလဲ
ယောင်္ကျား
ပီပီသသ နဲ့ ကြည့်ပျော်ရှုပျော် ပါဘဲ((ယောင်္ကျားလေး ဆိုတာ
မြင်တာနဲ့
ခန့်နေရင် တော်ရောပေါ့ ကိုရီးယားမင်းသားလို နုရွ နေတော့
ဒီကောင်
ဘာလုပ်စားမလဲ စဉ်းစားကြည့်လေ))
ဒါပေမဲ့ ကိုယ့်လူက ညနေ အလုပ်သိမ်းလို့ နည်းနည်းလေး အသူရာရေလေး
ဝင်တာနဲ့ ဆဲတော့ တာပဲ((ဘယ်သူရယ်လို့ ဦးတည် ဆဲတာ မဟုတ်ဖူး၊
သင်္ဘော တစီးလုံး သူမဆဲဖူးတဲ့ သူ တယောက်မှ မရှိလောက်ဖူး
ထင်တယ်၊ရန်ကုန်ရုံးက လူတွေတောင် အဆစ် ပါသေးတယ်))ကျနော်
တွေးလိုက်မိတာ ဒီလူက ရုပ်ပိုင်းဆိုင်ရာ ပြည့်စုံပေမဲ့
စိတ်ဓါတ်ပိုင်းတော်တော် အားနည်းတာပဲလို့ ((နောက်ပိုင်းမှ
သိလိုက်ရတော့
မှတော်တော် သနားသွားတယ်))
ဒီလိုနဲ့ သင်္ဘောစာချုပ်တွေပြည့်လို့ နောက် သင်္ဘောတစီးတက်တော့
သူလဲ
အခြား သင်္ဘောတက်သွားတယ်ပေါ့ ((လူသတင်း လူချင်းဆောင်
ဆိုသလို နောက်ပိုင်း ဒီလူရဲ့
သတင်းတွေကတော့ ကြားနေရတယ် သတင်းကောင်းတော့ မဟုတ်ဖူး၊၊
သတင်းဆိုးတွေပဲ အလုပ်ချိန်မှာ မူးနေတဲ့ အကြောင်း၊အထက်က
အရာရှိကို
မကျေနပ်လို့ ပြန်ရန်လုပ်တဲ့ အကြောင်းတွေ စုံလို့ရယ်))
အဲဒီအချိန်ထိ သူ့အကြောင်းကို အလုံးစုံ မသိသေးဖူး၊၊သူ့ စီးနေတဲ့
သင်္ဘောက ကျနော် သူငယ်ချင်းရောက်လာမှပဲ သူ့အကြောင်းစုံ
သိလိုက်ရတယ် သူ့ အကြောင်းက ဒီလိုဗျာ
သူက အရင်က အရက် ဆိုတာ သောက်ဖို့ ဝေးလာဝေး၊အလုပ်နဲ့ လက်
မပျက်အောင် အလုပ်လုပ်တဲ့သူ၊၊ဘာသာတရား လဲ ကိုင်းရှိုင်းတဲ့
လူကောင်းတယောက်ပေါ့
တိုတို ပြောရရင် သူ အသက်ခပ်ငယ်ငယ်
မိန်းမရပြီး နောက်ပိုင်း သားလေးတယောက်ရတယ်၊၊ ၊၊
သားဦးလေးရဲ့
အဖေ ဆိုတော့ ကိုယ်ရွှေသင်္ဘောသားကြီး အားကြိုးမာန်တက်နဲ့
သားလေးရဲ့ အနာဂတ် ကို သူလို ကြမ်းကြမ်းတမ်းတမ်း ဘ၀ ကို
မဖြတ်သန်းစေချင် လို့ သင်္ဘောကို ဆက်တိုက်နီးပါး လိုက်တယ်
အသက်ကြီးလာရင် အထိုင်ကျတဲ့ စီးပွားရေး လုပ်ပြီး နားတော့မယ်
စိတ်ကူးနဲ့ ပေါ့((ကျနော်က သူ့နေရာက ခံစားကြည့်တာပါ))
နောက် သူ သင်္ဘောတက်နေချိန်မှာ သူ့အတွက် သတင်းဆိုးတခုကို
သူ့ငယ်သူငယ်ချင်း သင်္ဘောသားတယောက်က
သယ်ဆောင်လာပါတော့တယ်
သူ့မိန်းမ ကို ကောင်လေးတဦးနဲ့
လက်ပွန်းတတီး သွားလာနေတာကို တွေ့ခဲ့ရသတဲ့၊၊ ၊၊
ကြားခါစတုန်းက ပြောတဲ့
သူငယ်ချင်းကို တောင် ထိုးမယ်၊ကြိတ်မယ်လုပ်လို့တဲ့
တော်တော်ရှင်းလိုက်ရတယ် ((နောက်မှ
သူ့သူငယ်ချင်းပြောတဲ့ ကောင်လေးဆိုတာ သူ့မိန်းမရဲ့ ငယ်ရည်းစား
ဆိုတာ သိလိုက်ရတယ်))အဲဒီ နောက်ပိုင်းက စလို့ သင်္ဘောသားကြီးကို
ကျနော် နဲ့ ဆုံ ခဲ့စဉ် က အတိုင်း အရက်ကို အဖေါ်ပြုလို့ လူတွေက
သူ့ကိစ္စ
ကို သိနေတယ် အထင်နဲ့ ရန်လုပ်တော့ တာပဲ
အဲဒီမိန်းမ ကို
ဖြတ်ဖို့
ဆိုတာကလဲ သားလေး မျက်နှာကို ငဲ့ပြီး မလုပ်ရက်ခဲ့ဘူး((နောက်
သိပ်မကြာပါဖူး သင်္ဘော ပေါ်မှာ နေမကောင်းဖြစ်ပြီး ဆုံးသွားတယ်
လို့
ကြားတာပဲ))သင်္ဘောသား တယောက်ရဲ့ စိတ်ခံစားမှု ဆိုတာ
သင်္ဘောသားအ ချင်းချင်း ပဲ သိနိုင်တာမို့ သစ္စာကြီးမှုတွေရဲ့
တဖက်မှာ
သစ္စာမဲ့မှု တွေ ရဲ့ ဒဏ် ကို ၀ဋ်ကြွေး အဖြစ်ပေးဆပ်ခဲ့တယ်ပဲ
ဆိုပါတော့ဗျာ
တချို့သင်္ဘောသား တွေဆိုရင် ရောက်တဲ့နေ့ ကနေ ပြန်ရမဲ့ နေ့ကို
ပြက္ခဒိန်ကနေ့စွဲ တွေ ကို တရက်စီ လျှော့ရင်းပြန်မဲ့ရက်ကိုလက်ချိုးတွက်ရင်းနဲ့
ပြန်လာရင် လေဆိပ်မှာ
စောင့်ကြိုနေမဲ့
ချစ်သူကို မျှော်လင့်တတ်ကျတာပါ ((အကြောင်းကံ မတိုက်ဆိုင်လို့
ပေါင်းဖက်ရန်မကိုက်တာကို ကိုယ်အပြစ်ကိုချည်းပုံ ချနေလို့တော့
မဖြစ်ဖူးဗျ၊၊ ၊၊
ကိုမျိုးကျော့မြိုင် ရဲ့သီချင်း “လူဖြစ်ရတဲ့
ဒုက္ခ ဆိုတာထက်
သင်္ဘောသား
ဖြစ်ရတဲ့ ဒုက္ခ” လို့ပဲ မှတ်လိုက်ပါ ကိုယ်ဘော်ဒါတို့ရေ
))
ကိုရွှေသင်္ဘောသားကြီးလဲ နောက်ဘ၀ လူပြန်ဖြစ်ခွင့်ရရင် သစ္စာတရားရဲ့
အသီးအပွင့် တွေကို ရရှိ ခံစားနိုင်ပါစေ လို့ ဆုတောင်းပေးလိုက်ပါတယ်၊၊
မျိုးငယ်(၁၀.၇.၂၀၁၃)
No comments:
Post a Comment