ကျနော် ဒီတခါ ရေးချင်တာ..တော်တော်စဉ်းစားရတယ်ဗျာ..ကုန်ကြမ်းရှိပေမဲ့
ရေးသင့်တာထက်ပိုရေးမိ မှာလဲ စိုးတယ်ဗျာ.ဘ၀အမှန်ကိုလဲ သိစေချင်တယ်.…လူတိုင်းက အကောင်းကြီးဘဲမဟုတ်သလို
အဆိုးကြီး လဲမဟုတ်ကျပြန် ဘူး ဆိုတော့ ကိုယ်ရေးတဲ့စာရဲ့အဓိပ္ပါယ်ကို တလွဲတွေးပြီး..အသုံးချခံလိုက်ရမှာလဲ..စိုးတယ်လေ(ခုခေတ်က
စကားကျွံ နုတ်မရမှာလဲ ကြောက်သေးတယ်လေ.ကိုယ်က ဒီလောကထဲက ရှန်းမထွက်နိုင်သေးတာကိုဗျ)….လူဆိုးနဲ့လူကောင်းကို
ချိုနဲ့ ခွဲခြားမရ နိုင်တာကို ဗျ…လူတယောက် ရဲ့ ကိုယ်ကျင့်တရားနဲ့အလုပ်အပေါ်ထားတဲ့ စိတ်ကို
သူရဲ့ ၀တ်စားဆင်ယင်မှုတို့၊ဆံပင်ပုံတို့ နဲ့ သတ်မှတ်တာ က တော့ နဲနဲ များ လွန်နေမလားဗျာ?(ဆံပင်ရှည်ထားတာကို
ကြိုက်လို့ ပြောတာ.မဟုတ်ရပါ..နေရာဒေသကိုကြည့်ပြီး ထားတတ်ချင်တာပါ..)…ဒီလိုဘာလို့ပြောရသလဲ..ဆိုရင်..ကိုယ့်ဘော်ဒါ
များလဲ သိတဲ့အတိုင်းဘဲလေ..စင်တင် ပါတဲ့ ဆိုင်တိုင်းရဲ့ စားပွဲဝိုင်းတွေ အများစုမှာ.မနက်ဆို.လက်ကတုံးအဖြုဝတ်လို့ ကုလားထိုင် တခုမှာ…ဟန်ပါပါ ထိုင်နေတတ်တဲ့ အဆီရစ်နေကျတဲ့ လူတန်းစား တရပ် ရှိတယ်ဗျ(ဘယ်လိုလူမျိုးတွေ
ဆိုတာ ကိုယ်လူတို့ တွေးကြည့်ရင် သိနိုင်ပါတယ်)…သူကံနဲ့သူ(ကံကကောင်း ကောင်းနိုင်လွန်းတယ်) ဖြစ်လာတာကို….ထားပါ…သူများ
စီးပွားရေး တုတ်နဲ့သွားထိုးသလို ဖြစ်နေပြီဗျာ၊၊
(တော်ကြာ စပွန်ဆာတွေ မလာရဲတော့ လို့
ဖေ့ဘွက်ကနေ လုမ်းဆဲနေမှ ဒုက္ခ..)..တခါတုန်းက စဉ်းစားဖူးတာ ရှိတယ်ဗျာ..အဆိုတော်တွေ
ဆံပင်ရှည်ထားတာ လက်ခံတယ်..ပန်းချီဆရာ၊တေး ရေးဆရာ..အို..နေရာစုံ၊နယ်ပယ်စုံ မှာ တွေနိုင်ပါတယ်…နောက်ဆုံးဗျာ..ကမ္ဘာနဲ့
ယှဉ်ပြောရင် ကျနော်တို့ အိမ်နီးချင်းဖြစ်တဲ့နိုင်ငံက အကြီးအကဲ ဖြစ်ခဲ့ဖူးတဲ့ သူတောင်
ဆံပင်ရှည်ထားတာ လက်ခံတယ်..မှတ်မိကျမှာပါ…မစ္စတာ ဒုံးပျံ လေ မှတ်မိကျမှာပေါ့….ကဲ..သင်္ဘောသား
လဲ ဆံပင်ရှည်ထားရော…ပြသနာကြီး သွားရော…မြန်မာနိုင်ငံ မှာ ပြောပါတယ် (သင်္ဘောသား ဆိုတာလဲ..မြန်မာနိုင်ငံသားတယောက်.လူသားတယောက်ပါဗျာ.)..ဒါကလဲ..အရင်အရင်က
သာဓကတွေ ရှိခဲ့ဘူးမှာပါ…ကျနော်တို့ မမွေးခင်ကတည်းက အတိုင်းတာတခု ထက် လွန် သွားလို့လဲ
စည်းကမ်းဆိုတာ ဖြစ်လာတာနေမှာပါ..လက်ခံပေးရမှာပါ…ယနေ့ သင်္ဘောသား လုပ်မဲ့ သူတိုင်းဟာ အနဲဆုံး(၁၀)တန်းတော့
အောင်ခဲ့ သူတွေပါဘဲ..ကမ်းကုန်လို့ရေထဲရောက်လာသူများ၊မဟုတ်သလို
အကြံကုန်လို့ ဂဠုန် ဆားချက်တဲ့ သူတွေလဲ မဟုတ်ရပါ၊၊
ရှိးရှိးသားသားနဲ့ ဘ၀တခုကို ရုန်းထွက်နေချင်ကျတဲ့သူတွေပါ..ကိုယ်အသက်ကို
ပမာနမထားဘဲ မိသားစုတာဝန်ကို ကျေပွန်ချင်ကျတဲ့ ဖခင်ကောင်းတွေပါ(စာကြွင်း၊၊ ၊၊လူပျိုတွေ မပါဖူးလို့မပြောပါနဲ့..မိအိုဖအိုတွေကို
လုပ်ကျွေးနေတဲ့ လူပျိုကြီး သင်္ဘောသားတွေ အများကြီးပါ၊၊ ကြော်ငြာဝင်တယ် မထင်ကျပါနဲ့ဗျာ.ဟဲ
ဟဲ…:P)..ကဲ ထားပါလေ လိုရင်းမရောက်ဖြစ်နေတယ်..ကျနော် တို့ သင်္ဘောသားတွေမှာ တူတဲ့အချက်လေးတွေ
ရှိတတ်တယ်ဗျ....ဘာလဲဆိုတော့ ..(၆)လ (၁)နှစ်လောက် သွားရတဲ့ခရီးမှာ နှစ်သက်တဲ့ အရာလေးတွေ(ဥပမာ-ကြိုက်တဲ့စာရေးဆရာရဲ့
စာအုပ်တို့၊ဂီတာ တို့ …အော် စုံ လို့ရယ်)…တကူးတက အပင်ပန်းခံပြီး သယ်တတ်ကျတယ်…အဲမှာ
ကျနော်နဲ့ သင်္ဘော တစီးတည်းအတူတူ တက်ခဲ့ ရတဲ့ ဘှန်းကြီးလူထွက် ဆီလောင်းကြီး ရဲ့ မခွဲမခွာတဲ့
သူ့လက်စွဲတော်ကတော့ ဘာဖြစ်မယ် ထင်လဲ….ဆံပင်ညှပ်တဲ့ စက်ကက်ကြေးပါ…သူက ဆံပင်ညှပ်တာ အရမ်းကျွမ်းကျင်လို့
မဟုတ်ပေ့မဲ့ သူဝါသနာ ကိုကညှပ်ချင်တာ…၀ါသနာကိုဗျ..ကျနော်တို့ ကံကောင်းတယ် ဘဲ ပြောမလား
ကံဆိုးတယ်ဘဲ ပြောရမလားပေါ့. ဒီလိုတိုက်ဆိုင်ဘို့ဆိုတာ ရှိခဲတယ်.….ဒီလိုနဲ့ဘဲ…လူတွေကသူကို
အရေးပေးဆက်ဆံတာပေါ့…သူကလဲ…ဆရာကြီးပေါ့…တခှတည်းသော် ကိရိယာ သူမှာ ပဲ ရှိတာကို…ဒီလိုနဲ့
တနေ့ရောက်တော့ သူရဲ့ ပထမဆုံးဖေါက်သည်က ဆီသုတ်ကလေးပါ….သူ..ဘယ်လို စည်းရှံးရေး ဆင်းထားတယ်
မသိ…ဟိုတယောက်ကလဲ ယုံယုံကြည်ကြည်နဲ့ကို ခေါင်းထိုးပေးတာ..ဆီလောင်းကြီးကလဲ..ပရှိမိုးရှင်းအနေနဲ့
ကိုကာကိုလာ တိုက်ပြီးပြုံးလို့ပျော်လို့…လက်စွမ်းပြ ခွင့်ရပြီပေါ့…ကျနော်တို.ကလဲ..ဆီလောင်းကြီးရဲ့လက်စွမ်းကို
စောင့် ကြည့်နေတာ…ကောင်းရင်ကိုလဲ ခေါင်းကဆံပင်ကို သူကို အပ်မယ်ပေါ့….သူကလဲ ပညာရှင်ပီပီ..ဟန်ပါပါ…သူရဲ့
လက်စွဲတော် တူးဖောက်(Tool Box)က ကက်ကြေးတို့၊ဘီးတို့ကို သန့်ရှင်းရေး လုပ်..ဆီဆွတ်ပေါ့…ကဲ..ထိုင်စပြီပေါ့…
စညှပ်တော့…အဆင်ပြေသလိုနဲ့..ခဏအကြာမှာဘဲ…
ဆီသုတ်လေး မျက်နှာ မဲ့မဲ့ လာတယ်…သူရဲ့ လက်စွဲတော်က မသုံးတာကြာလို့
ချေးကတ်သလို..ဆံပင်မွေးတွေဘဲ…ညက်သလိုလို နဲ့ တခေါင်းလုံးကို ဆောင့်ဆွဲသလို ဖြစ်ဖြစ်နေတယ်..ဆီလောင်းကြီး
လဲ ချွေးပြန်..ဈေးဦးလှန်လို့မဖြစ်ဖူးကို…နောက်ဆုံးတော့..ဆီသုတ်လေး ခေါင်းက ဆံပင်
ညှိရင်းညှိရင်းက ရှေတလက်မ နောက်ပြောင် ဖြစ်သွားပါရော….ကျန်တဲ့လူတွေကလဲ…ပြေးပြီပေါ့..ရွှေအိုးစည်
ကေ ဖြစ်မဲ့ ကိစ္စ ကို ဗျ….ကျနော်တို့လဲ ..ရွှေအိုးစည် ကေ နဲ့ ဆံပင်ရှည်..ကြိုက်တာရွေးပေါ့…တကယ်တော့
အင်ဂျင်ကလူ ဆံပင်ရှည်ထားတာ အမြဲ စီးထားရတာ..မစီးရင်လဲ မဖြစ်ဖူးကို နေ့တိုင်းခေါင်းလျှော်…(မိန်းကလေး
များ ပိုသိပါလိမ့်မယ်.)..ဒါတောင် ဆီလောင်းကြီးကလဲ မလျော့ပေါင်…
သူရှေ.နှာစီးချောင်းဆိုးဖြစ်တာ တွေ့တာနဲ့ မကျေနပ်သံကြီးဖြင့် မင်းတို့က ဆံပင်ရှည်ထားချင်တာကိုကွတဲ့
စကားနာက ထိုးသေး…ဖြစ်ပုံက.ဒီလိုရယ်ပါ…ဘယ်သူမှတော့
ဆံပင်ရှည်ကိုတော့ ဒုက္ခ ခံပြီး ထားချင်ကျမှာ မဟုတ်လောက်ပါဘူးနော်….တခါတလေတော့ စတိုင် မိုက်မလားပေါ့..ထားကြည့်ကျတာပါ…ရန်ကုန် ပြန်ရောက်လို့အ၀င်သတင်းပို့ရတော့မယ်
ဆိုတော့လဲ ကို တသသ လုပ်လာတဲ့ဆံပင်လေးကို ညှပ်ရပြန်ရောပေါ့ ၊၊ ၊၊ဒီလိုခံစားမှုလေး
တွေ လူတိုင်းခံစားဖူးမှာပါ…D.M.A က လူကြီးတွေကို ဆီလောင်းကြီးကို ရှောင်သလို ပတ်ပြေးနေလို့မှမရတာ..ဒါတောင်
နားရွက်မပေါ်လို့ ဂုတ်ထောက်နေ ရင် နောက်တနှေ့ညှပ်ပြီးပြန်လာပြ
ဒါဘဲ…ကဲ..မောင်ရင် ဆံပင်ရှည်ထားပြီး ကိုယ်ကြောင့် သင်္ဘောသား သိက္ခာ မချ မိ စေနဲ့ ပေါ့ …လူကြီးတွေရဲ့
စေတနာပါ..ဟဲ ဟဲ…ကျနော့် စာဖတ်သူ ကိုဆံရှည်ကြီးများ လဲ စေတနာ ကိုနားလည်ပေးလိုက်ပါဗျာ….
မျိုးငယ်(၁၁.၆.၂၀၁၃)
No comments:
Post a Comment