ကျနော် ဒီတခါ
ရေးချင်တာက သင်္ဘောသားတယောက်ပြောပြဖူးတဲ့ သူကျောက တက်တူး(Tatto)အကြောင်းပါ…စိတ်ဝင်စား
ဘို့လဲ ကောင်းသလို ဆင်ခြင်သင့်တယ် လို့လဲ
သင်ခန်းစာ လဲ ယူမိတယ်…တခါတလေကြား.တတ်တဲ့..စကားလေးတခုရှိတယ်ဗျ….ဘယ်နိုင်ငံရောက်ရင်တော့..ဘာ..စီးမယ်…ညာစီးမယ်ပေါ့…ကျနော်..ဘော်ဒါများ
ကြိုက်တာသာ စီးကျပါ…ကိုယ်သဘောပါ..စီးတတ်ဘို့တော့ လိုမယ်နော်..(မှတ်ချက်၊၊ ၊၊ ကျနော်ရေးတာ
နဲနဲ ရိုင်းသွားရင် နားနဲ့မနာ၊ဖ၀ါးနဲ့ နာပါနော်..)ကျနော်နဲ့အရမ်းရင်းနှီး သွားတော့
မှဘဲ သူက ဒီအကြောင်းကို ဖွင့်ပြောတာ ပါ..နို့မို့ဆိုရင် သိမှာမဟုတ်သလို ဒီလိုလဲ ပြန်ရေးဖြစ်မှာ
မဟုတ်လို့ပါ…ဘာလို့လဲ ဆိုတော့ ကျနော် စောစောပိုင်းကရေးခဲ့သလိုဘဲ…
သင်္ဘောသားဆိုတာ
လူစောင့်ကြည့်ခံရတဲ့ လူတန်းစား မို့လို့ပါ…ဘာလို့ ဒီလိုပြောရလဲ ဆိုတော့ ဘော်ဒါတို့လဲ
ကြုံဖူးမှာပါ…လမ်းမှာတွေ့လို့ နှုတ်ဆက်တာတောင် ရိုးရိုးမဆက်ဘူးဗျ….လူကို ခြေဆုံးခေါင်းဆုံး
ကြည့်ပြီးမှ “ပိန်သွားတယ်နော်…၀ လာတယ်နော်..အသားမဲလာတယ်.ဗိုက်ထွက်လာတယ်…အော် ..စုံလို့ရယ်”..ပြောလဲပြောတတ်
တယ်..တခုမှ ကို အဆင်မပြေဘူး..သင်္ဘောသားနဲ့ ပတ်သတ်၇င် ကောင်းတဲ့ ရှထောင့်က မမြင်ကျတာ များတယ်…ဥပမာ-အရင်က နည်းနည်း
ဝ တဲ့ ပြန်လာလို့ ပို ၀ လာ ရင် ဘီယာဖေါဖေါနေ တာနေမှာပေါ့တဲ့…နောက် တမျိုးကျပြန်တော့
နဂို ၀ နေသူ ပိန်လာရင် ဟို ၄လုံး ရောဂါဘဲဖြစ်သလိုလို..ဒီရောဂါဘဲပါ လာသလိုလို..(သိတယ်မလား
မြန်မာဒါရိုက်တာ များရဲ့ကောင်းမှူပေါ့)..
ကိုယ်ချင်းမစာ
တွေးရက်ကျတာ…အဲ…နောက်တမျိုးရှိသေးတယ်…နဂိုကတည်းကလဲ လူက ပိန်ပိန်…ပြန်လာတော့ လဲ ပိန်ပိန်
ဆိုတော့ “မင်း သင်္ဘောတက်တာရော ဟုတ်ရဲ့လားတဲ့….မင်းပုံစံက
သင်္ဘောသားပုံ ကို မပေါက်ဖူးတဲ့”…ကဲ…လူအလိုနတ်မလိုက်နိုင် ဆိုတာ တယ်မှန်တာဘဲဗျာ…မယုံမရှိနဲ….ထားပါ..ရှေ့ဆက်အုံးစို့..
တခုသော ညနေခင်း
ကြိတ်ဝိုင်းလေးတခုပေါ့…ကျနော်အပါအ၀င် (၃)ယောက်..ထွေရာလေးပါး ပြောကျရင်း တက်တူး(Tatto)အကြောင်းရောက်သွားပါရော….ခုတလော
ရန်ကုန်မှာ ယောင်္ကျားလေးရော မိန်းကလေးတွေပါမကျန်…တက်တူးတွေ တိုးကျကြောင်း…ပေါ်ပျူလာ ဖြစ်ချင်လို့လား..၀ါသနာ
အလျောက်လားပေါ့….တက်တူးမှမရှိရင် အခြောက်လိုလို..ဘာလိုလိုအထင်ခံရနိုင်ကြောင်းပေါ့……အဲ့မှာ.ကျနော်နဲ့အ
ခြားတယောက်
မျက်လုံးတွေ က တက်တူးရှိတဲ့ တယောက်သောသူထံ ရောက်သွားပါရော….ဘာလို့လဲဆိုတော့….အဖြေက
သူရှိမှာ ရှိနေတာကိုဗျာ…ကြိတ်ဝိုင်းဆိုပေ့မဲ့….ဂျော်နီလမ်းလျှောက်အနီလေးနဲ့အိမ်ကပို့ပေးထားတဲ့
ဆတ်သားခြောက် အမွလေးနဲ့ဆိုတော့ တော်တော်လေး မြိုင်တယ် ပြောလို့ရတယ် လက်ရှိန်လေးကရနေတဲ့
ကိုယ်တော်ချောက ဇာတ်စုံခင်းတော့တာဘဲ “အကို ကျနော် အဖြစ်က ဒီလိုဗျတဲ့..”မျက်ရည်လည်ပြီးတော့
ကျနော်ကို
လူတွေက ထင်ကျတယ်…တက်တူးတွေတိုးတားတော့
လူမိုက်ပေါ့…ဖိုက်တာပေါ့ ..ဖြုံတယ်လေ”…ဒါပေ့မဲ့…ဒါတွေကြောင့် မဟုတ်ဘူးဗျ တဲ့”…အင်….ဒါဆို
ဘာလဲ????…ကျနော်တို့ နှစ်ယောက်…သောက်ထားတဲ့..ဂျော်နီလမ်းလျှောက်လေးတောင် ဘယ်ထွက်ပြေးသွားလဲ
မသိအောင်…ဖြစ်သွားတယ်…ပြီးမှ…သူက ဆက်ပြီးတော့ “ကျနော်က အရင်ကတော်တော် ဆိုးတာဗျ….မကောင်းတာမှန်သမျှ
အကုန်လုပ်တယ်…ကျနော် ဆိုးဖော်ဆိုးဖက်တွေ တဲက တယောက်က ၄ -လုံးရောဂါ နဲ့ သေသွားတည်းက
ကျနော် အရက်ကလွဲလို့ အကုန်ရှောင်လိုက်တော့တယ်”..နောက်တော်တော်ကြာတော့ စဉ်းစားမိတယ်..ငါ့ပေါ့…ခုချိန်တခုခု
ဖြစ်ရင်…လူတွေက သင်္ဘောသားဖြစ်တဲ့ ငါကို ဟိုကောင်လိုဘဲ..ထင်မှာသေချာတယ်…ဒီလိုထင်ရင်တောင်
ကျန်ခဲ့တဲ့ မိဘဆွေမျိုးတွေ သိက္ခာမကျအောင်၊တက်တူးထိုးလို့ ကူးတယ်ထင်အောင် အသားအနာခံပြီးထိုးတာ
ရတာဗျတဲ့.”မှတ်ကရော…
ခင်ဗျားတို့ကို
ခင်လွန်းလို့ပြောပြတာတဲ့..တိန်…ရွှေဥာဏ် တော်ကောင်းချက်က..လိုက်မမှီဘူး….ကဲ…တက်တူးရှိတဲ့
ဘော်ဒါကြီးတွေကတော့ ဘာလို့ထိုးလဲ..စိတ်မပျက်ကျပါနဲ့..တက်တူးက ကယ်သွားပါလိမ့်ဗျာ…နောက်တနေ့
မနက်..လုပ်ငန်းခွင် ၀င်တော့ ကုန်းဘတ် သင်္ဘောသားချာတိတ် တယောက်ကသူကို “ဘဲကြီး ခင်ဗျားကျောက တက်တူးက လန်းတယ်ဗျ..ကျနော်တောင်
ထိုးချင်တယ်ပြောတော့…ငနဲသားက ဘွိုင်လာဝတ်စုံကို အပေါ်ပိုင်းဟ ပြီးပြနေလိုက်တာ…ကျနော်တို့လဲ
မြင် ရော ရှက်ကိုးရှက်ကန်းနဲ့..လစ်ရော အကြောင်းသိတွေကိုဗျ……ဟဲ
ဟဲ….
အသိတချက်လွတ်တဲ့
အမှားက ဘ၀ တခုလုံးကို ပြောင်းလဲသွားစေနိုင်တာကို…ကို ဘော်ဒါတွေလဲ ကိုတက်တူး လို စိတ္တဇ
ဖြစ်ရတဲ့ ဘ၀ က လွတ်နိုင်ကျပါစေနော်….((မှတ်ချက်၊၊ ၊၊ဆရာကြီးလေသံ
ပေါက်သွား ရင် ခွှင့်လွှတ်ပေးကျပါဗျာ….:-))
မျိုးငယ်(၉.၆.၂၀၁၃)
No comments:
Post a Comment