ကျနော် ခုတခါရေးမှာ စာမေးပွဲ ဖြေနေချိန် ဆိုတော့ စာမေးပွဲ
နဲ့
ပတ်သတ်တဲ့ အကြောင်းလေး စိတ်ကူးထဲ ပေါ်လာတယ်
ကျနော် စာမေးပွဲ
ဖြေတဲ့ အကြောင်းလေးပြန်ရေးချင်မိတယ်ဗျ
ကျနော် စောစောပိုင်းရေးခဲ့ဖူးတာ ရှိတယ် ယုံကြည်မှု လွန်ကဲတဲ့
သင်္ဘောသားအကြောင်း(ဘာလဲဟဲ့သင်္ဘောသားစာစုများ(၈))
ခု ဒီတယောက်က ယုံကြည်မှု ပျောက်တဲ့ သင်္ဘောသား
သူငယ်ချင်းတယောက် အကြောင်းပါ((သက်ရှိထင်ရှား
ရှိနေသေးလို့ ကိုအောင် (အမည်လွှဲ)ဖြင့် သာမှတ်ပါလေ))
ကျနော် တို့ သင်္ဘောသားစာမေးပွဲ
(စနစ်ဟောင်း)အကြောင်းလေး သိရအောင်
နည်းနည်းရေးမယ်နော်(အမှားပါရင်လဲ ဘွာတေးနော် ကျနော်က
စာမေးပွဲ နဲ့ နဲနဲ ဝေးနေပြီ ဆိုတော့ ) ကျနော် စာမေးပွဲ
မဖြေရခင် ရေကြောင်းသိပ္ပံကျောင်းမှာ စာတွေ့
သင်တန်း(၃)လတက်ရ တယ်ဗျ မနက်ပိုင်းကနေ ညနေပိုင်း
အထိ ဆိုပါတော့ဗျ
တိုတိုပြောရရင်
ကျောင်းခေါ်ချိန်(၇၅%)ပြည့်အောင် တက်ရတာ ဆိုတော့
ကျောင်းပြေး တက်လိုက်၊အိမ်က မဟေသီကြီး ခိုင်းတာ
လုပ်လိုက်ပေါ့((သင်္ဘောသားတွေ ကုန်းပေါ်ရောက်ရင်
ရေထဲမှာထက် ပို အလုပ်ရှုပ်တတ်ကျတယ်))လုပ်ငန်းခွင် ထဲ
ရောက်နေပြီ ဖြစ်တဲ့ ကျနော်တို့ သင်္ဘောသားတွေ က
ဘယ်လိုဘဲ နေနေ တက္ကသိုလ် ကျောင်းတက်တုံး
ကျောင်းသားစစ်စစ် ပုံစံတော့ မပေါက်တော့တာ
အသေအချာပါပဲ ညနေဘယ်မှာ လူစုဘို့ ကိုဘဲ
စိတ်ဝင်စားနေကျတယ်
စာဆွေးနွေးဘို့ပါ
((အမှန်အတိုင်း ရေးရမှာ ဖြစ်လို့
ဒီစာကိုဖတ်မိတဲ့ ရေကြောင်းကဆရာသမားများ ပါခဲ့ရင်လဲ
ကြိုပြီး တောင်းပန် ပါရစေ နော်))
ရေကြောင်းသိပ္ပံကျောင်းမှာက စာသင်တာက ရေကြောင်းက
ဆရာတွေပါ
တကယ့်စာမေးပွဲကြီးက မေးခွန်းကတော့
ရေကြောင်းဦးစီးဌာနက ထုတ်တယ်လို့
သိရပါတယ်((အမှန်ပြောရရင် ခုချိန်ထိ ဘယ်နိုင်ငံရေကြောင်း
တတ္ကသိုလ်က သင်ရိုးညွန်တမ်း ဆိုတာ ကျနော်တို့
ဥာဏ်မမီလို့
မသိပါ အခုချိန်အထိပါပဲ)) အခြုပီး ခဲ့တဲ့ တတိယ အင်္ဂျင်နီယာ
စာမေးပွဲ ရေးဖြေ ပြီးတော့ ညီငယ်တယောက်က
လှမ်းဖုန်းဆက်တယ် အားရစရာ
“အစ်ကို ကျောင်းမှာ သင်တဲ့ Work Book က မမေးဖူးတဲ့”
ကျနော်ကလဲ ထပ်မေးလိုက်တယ် “မင်း Work Book
စာအုပ်ကိုပဲ ကြည့်တာ လား” ဆိုတော့ “ဟုတ်တယ်တဲ့”
ကျနော်
ဘာမှ ဆက်မမေးတော့ ပါဘူး၊၊ ၊၊ ကျနော် ကိုယ်တိုင်လဲ
ညီငယ်ခံစားသလို ခံစားဖူးခဲ့တာကို ညီငယ်ကိုတော့ စိတ်ထဲကပဲ
ပြောလိုက်မိတယ် မင်း စာမေးပွဲ
ကျပြီ လို့((အပြစ်တခုလို
သဘောထားပြီး ရေးတာမဟုတ်ပါဘူး
အဖြစ်တခုကို
သိစေချင်တာပါ ရေကြောင်းလောကရဲ့
စာမေးပွဲ အကြောင်း
လေးပါ))မေးခွန်းပုံစံက အပိုင်း(၄)ပိုင်း
ခွဲထားတယ်
အပိုင်း(၁)ပိုင်းကို
Multiple Choice ပုဒ်ရေ(၂၅)ပုဒ်က
အနည်းဆုံး(၁၅)ပုဒ် ဖြေရတယ်၊၊အမှတ်ပေးပုံစံက
မှန်ရင်(+၂)မှတ် ၊မှားရင်(-၁)မှတ်
နှုတ်တာဆိုတော့ အပုဒ်ရေ
များများဖြေတိုင်းလဲ မှန်မှ
အောင်မှာပါ၊၊ တကယ်လို့
Safety အပိုင်းမှာ ကျနေရင်တော့
ဘယ်အပိုင်းတွေ အမှတ်ဘယ်လောက်
ကောင်းကောင်း
မအောင်ဘူးလို့ သိရတယ်၊((ကျနော်
သိသလောက်ပဲ
ရေးတာပါ ကျန်တာတွေ မသိဘူးနော်
လာမေးမနေနဲ့))
အဲ ကျနော်တို့ သင်္ဘောသား အခေါ်
ပိန္ဒဲသီး လို့ Penalty
ဆိုတာကြီးက သင်္ဘောသားတွေ
အတွက် တော်တော်ခါးသီးရတယ်ဗျ((စားဖူးသူတိုင်း
သိပါလိမ့်မယ်
အချို့ဆို သိပ်ကောင်းလို့
ပိန္ဒဲသီး(၃)လုံး ကို
တထိုင်တည်းစားတာ ဟဲ ဟဲ))
ကျနော်က
တင်စားပြီးပြောတာနော် တကယ်မထင်နဲ့
ပိန္ဒဲသီး(Penalty)ဆိုတာ စာမေးပွဲကို
၁ လုံးထိရင်
(၃)လနောက်ကျပြီးမှ စာမေးပွဲ
ဖြေခွင့်ရတာပြောတာ(၃)လုံး
ဆိုရင်တော့ တနှစ်နီးပါး ကြာမယ်((အဲဒီအချိန်
သင်္ဘောသားတွေရဲ့ မျက်နှာမှာ
အပြုံးဆိုတာ ပျောက်လို့
အင်္ဂလန်နိုင်ငံရဲ့ ငွေကြေး
ပေါင်(Pound)ကို စတင်သုံးစွဲရတဲ့
အချိန်ဆိုပါတော့(အကောင်းမထင်နဲ့
ပေါင်နှံသုံးစွဲ ရလို့
ပေါင်ငွေ ကို ပြောတာ )စကားမစပ်
ဗဟုသုတ အဖြစ်
သင်္ဘောသား သုံးတဲ့ ငွေကြေးအကြောင်း
နည်းနည်းလေရှည်မယ်နော် သင်္ဘောသားက
အကြမ်းဖျင်း
ငွေကြေး(၃)မျိုး သုံးစွဲ
ရသတဲ့((ဘတ်ငွေ၊ယန်းငွေ၊ပေါင်ငွေ ရယ်
‘ဖွ’ တယ် လို့တော့ မထင်ကျနဲ့
ကိုရွှေ သင်္ဘောသားတို့ရေ))
ကဲ သိရအောင် ရှင်းပြမယ် ရောက်ခါစမှာ
မိန်းမမသိအောင်
ဖွတ်ထားရတဲ့ ဘတ်ငွေကို
ရန်ကုန်ရောက်လို့ သူငယ်ချင်းတွေနဲ့
လျှောက်သုံးရင် ယန်းငွေ
အဖြစ် ပြောင်းသုံးတယ်၊ ဒါတွေလဲ
ကုန်ရော ရှိတာတွေ
ပေါင်နှံပြီး သုံးရလို့ ပေါင်ငွေ(Pound)
လို့ ပြောတာ
မှတ်ထားနော် ငွေ(၃)မျိုး
သုံးတယ်ဆိုလို့ အထင်မကြီးကျနဲ့ဗျ.
ကဲ ထားတော့
စာမေးပွဲ အကြောင်းပြန်ပြောကျတာပေါ့
ဒီလိုနဲ့ ရေးဖြေ စာမေးပွဲ
ကို
လွတ်လွတ်ကျွတ်ကျွတ် အောင်သွားပြီး ဆိုရင်တော့ နှုတ်ဖြေ
စာမေးပွဲ ကို တပတ်အတွင်း
ဖြေရပါတော့တယ် ရေးဖြေ
စာမေးပွဲက အများနဲ့ ဖြေရတာ မလို့ မသိသာ ပေမဲ့ လူတွေ့
ကျတော့ လူတိုင်း
ကြောက်ကျတာချည်းပဲ လူတိုင်းကို ခန့်မှန်း
အချိန်
မိနစ်(၂၀) အတွင်း တတိယ အင်္ဂျင်နီယာ
တယောက်ရဲ့တာဝန်၊
သက်ဆိုင်ရာ စက်တွေရဲ့ အခြေခံ
အကြောင်းက စပြီး မေးတာ
နောက် ရေကြောင်းနဲ့ပတ်သတ်တဲ့
ဥပဒေတွေ၊လုပ်ငန်းပိုင်းဆိုင်ရာ အတွေ့အကြုံတွေ ကို
ဆရာတွေရဲ့ စိတ်ကြိုက်အဖြေရတဲ့ အထိ ဖြေပေးရတယ်
လူတိုင်းကစာကြည့်ထားရင် ရေးဖြေကို
ဖြေနိုင်ကျပေမဲ့ နှူတ်ဖြေ ဖြေမဲ့
ကျနော်တို့ အတွက်ကတော့ တကယ်ကို
တုတ်တုတ်မလှုပ်နိုင်တဲ့ နေ့ပါဘဲ နွေနေပူပူမှာ
တိုက်ပုံနဲ့ ချွေးသံတလုံးလုံး စဉ်းစားတာ
ကြည့်ပါတော့
ဒီကြားထဲ ကိုယ်ရှေ့ က ဖြေတဲ့သူရဲ့ မျက်နှာရိပ်မျက်နှာကဲ
ကြည့်လိုက်လို့
ညိုမဲ့ နေရင် ကိုယ်မှာလဲ အရူးမီးဝိုင်း
ဆိုသလိုပေါ့ဗျာ တကယ်ပြောရရင် အရူးမီးဝိုင်း
ဆိုတာထက် ဆောက်တည်ရာ
မရဖြစ်တယ် ဆို ပိုမှန်မလား
မသိဘူး ရှေ့က လူက သူကိုမေးတဲ့ မေးခွန်းကို ကျနော်တို့က
ချက်ချင်းအဖြေထုတ်နိုင်
ဘို့ ခေါင်းချင်းရိုက်ရတယ်
ဆိုပါတော့ဗျာ အထဲက ဆရာတွေကလဲ
မဖြေနိုင်တော့တဲ့ မေးခွန်းကို
နောက်လူများဖြေနိုင်မလားလို့
ဆက်တိုက်မေးပါတော့ တယ်
ကိုယ်လူများရဲ့အဖြေပုံစံ မကျရင်
ဆရာတွေလဲ စိတ်ဘယ်ရှည်နိုင်တော့
မလဲ စဉ်းစားကြည့်ပေါ့
ဆရာတွေ နေရာက(စာမေးပွဲ တုန်းက
အခြေအနေကို ပြောတာနော် ကျန်တာမပြောဘူးနော်
) ကဲ
ထားပါလေ
ကိုအောင် အကြောင်းပဲ ဆက်ကျပါစို့
ကိုအောင် က တကယ်
စာလုပ်တဲ့ သူဗျ စကားနည်းပေမဲ့ ပင်လယ်ပြင်လုပ်သက်က
ကျနော်တို့ထက် များတယ်
အတွေ့အကြုံလဲ များတယ် ဒါပေမဲ့
သူစိတ်က တခုခု ကို စိုးရိမ်ရင်လဲ သူများထက်ပိုတယ်
ဆိုပါတော့
ကျနော်တို့က ရေးဖြေ အတွက် ရော နှုတ်ဖြေ
အတွက်ပါ စာလုပ်တဲ့ အချိန်မှာ သူက ရေးဖြေကိုပဲ
မဲ
လုပ်နေတယ် (သူက နောက်တော့ ပြောပါတယ်
ပိန္ဒဲသီး ကျွေးမှာ ကြောက်လို့တဲ့) ရေးဖြေနဲ့
ပတ်သတ်လို့
ကတော့ ဘယ်စာအုပ်က ဘယ်စာကြောင်းက
မှားနေတယ်၊လွဲနေတာက အစ
သူက ထောက်ပြနိုင်တယ်(နောက်တော့
သူဝန်ခံပါတယ်
သူမှားတဲ့ အကြောင်း)
ဒီလိုနဲ့ ရေးဖြေအောင်လို့
လူတွေ့ နှုတ်ဖြေ ဖြေရမဲ့ နေ့လဲ ရောက်ရော သူက ကျနော်
ရဲ့ ရှေ့ လေးငါးယောက် ကျော်လောက်
မှာ ဆိုတော့ သူရဲ့
အခြေအနေ ကို လဲ ကျနော်က စောင့် ကြည့်နေတာပေါ့
ကျနော်တို့ကလဲ သူကို အမျိုးမျိုး အားပေးတယ် အိုကေပေါ့
သူရဲ့ နာမည်ခေါ်လို့ ၀င်သွားပြီး သိပ်မကြာပါဘူး
ပြန်ထွက်လာပါတယ်
နောက် နည်းနည်းလဲဆူတဲ့
အသံကြားတယ်ဗျ
ကျနော်တို့ကတော့ ဒီကောင် ပြဿနာရှာပြီပေါ့ ဘယ်ဟုတ်မလဲ
ကိုယ်တော်ချောက နောက်မှ ပြန်ပြောပြရှာတယ၊် အခန်းထဲ
ဝင်ပြီးတော့မှ ဘယ်လိုကြောက်လာမှန်းမသိ လို့
သူက
ဆရာတွေကို ၀င်တောင်းပန်တာ သတဲ့ "ဆရာရယ် ကျနော်
စာတွေ မရသေးလို့ နောက်တခါမှ ဖြေပါမယ်"
ဆိုပြီး ကောင်းရော(ရေကြောင်းစာမေးပွဲလောက မှာ ခွင့်တိုင်ပြီး
ပြန်ထွက်လာတာ ဒီကောင် ပထမဆုံးဖြစ်မယ်ထင်တယ်)
ကျေးဇူးရှင် က သူဟာသူတော့
ဟုတ်နေတာပဲ သူကတော့
လွတ်တယ် နောက်ပိုင်းဖြေမဲ့ သူတွေလဲ ကျရော ဆရာက
မင်းတို့ စာရရဲ့လား
မေးပြီးတော့ စ ကစ်တော့တာပဲ နောက်
တခါ လဲ ဖြေခါနီးရော သူ့နောက်က ဖြေမဲ့သူတွေ အားလုံးက
သူကို ၀ိုင်းတောင်းပန်ထားရတယ်ဗျ အရင်တခါလို တော့
မလုပ်ပါနဲ့လို့ ..ကိုယ်တော်ချောကို
တကယ်တော့ လူတွေ့ စာမေးပွဲ
ဆိုတာ နိုင်ငံခြားသားတွေနဲ့
ယှဉ်ပြီး အလုပ်လုပ်ရမဲ့ ကိုရွှေ အရာရှိတွေကို ကိုယ်တိုင်
ယုံကြည်မှု ရှိရဲ့လား လို့ စမ်းသပ်တဲ့ စာမေးပွဲ လို့ ထင်ပါတယ်
စာမေးပွဲ ဖြေမဲ့ ကိုယ်ဘော်ဒါများလဲ
ယုံကြည်မှုကိုအခိုင်အမာ
တည်ဆောက်ပြီး အောင်မြင်စွာကျော်ဖြတ်နိုင်ပါစေလို့
ဆုတောင်းပေးလိုက်ပါတယ်
မျိုးငယ်(၁၄.၇.၂၀၁၃)
No comments:
Post a Comment