ကျနော် ခုရေးမဲ့ ပို့စ်က သင်္ဘောသားနဲ့တော့ ပတ်သတ်တယ် ဒါပေမဲ့ သင်္ဘောသား ရဲ့ မိန်းမ ကို
ရည်ညွှန်းတယ် ဆိုတယ် ဆိုရင် ပိုမုန် ပါတယ် ကျနော်တို့တွေဟာ မြန်မာတွေပါ ဒီထက်ပိုပြောရရင်
ဗုဒ္ဓဘာသာတွေပါ(အခြားဘာသာဝင် သင်္ဘောသားတွေကို စော်ကားချင်လို့ မဟုတ်ပါ ကျနော် ဆိုလိုရင်းကို
ပိုလေးနက်ချင်လို့ပါ)ကျနော် တို့ ဆိုလိုချင်တာ ဒီလိုရယ်ပါ(ဆုံးမစာရေးနေတယ်လို့
မမှတ်စေချင်ပါ)ကျနော်တို့တွေ မှာ မိဘဆိုတာ ဘုရားနဲ့ အတူထားပြီး ကိုးကွယ်ဆည်းကပ်ရတဲ့
လူမျိုးပါ၊၊ကျနော် တခုမေးချင်ပါတယ် သင်္ဘောသားဖြစ်ပြီးမှမိန်းမယူတာလား ဒါမှမဟုတ် မိန်းမယူပြီးမှ
သင်္ဘောသားဖြစ်တာလား ဒီမေးခွန်းကို အကြောင်းရှိလို့ မေးကြည့်တာပါ ဒီစာ ဖတ်တဲ့ အထဲမှာ ယောက္ခမ သင်္ဘောသား ကြီးက ကိုယ်သားမက် အလုပ်အကိုင်မရှိလို့ သင်္ဘောတင်ပေးလိုက်တဲ့ သင်္ဘောသားတွေ
မပါဘူးလို့ မပြောနိုင်ဘူးလေ ဟဲ ဟဲ(သမက်နဲ့ ယောက္ခမ အကြားရန်တိုက်ပေးနေတယ်
မထင်နဲ့နော်)ဒါဆို မင်းကရော ဘယ်အမျိုးအစားထဲ ပါလဲ ဆို ပထမ အမျိုးအစားထဲမှာပဲ ပါမယ်ထင်
တယ်နော် ကျနော်က မိဘကို လုပ်ကျွေးနေတဲ့ လူပျိုသိုး သင်္ဘောသား တယောက်ပါ ဟဲ ဟဲ ဒါဆို မင်းက
မိန်းမ အကြောင်းဘယ်လိုရေးမလဲ မေးရင် ကျနော်နဲ့ ဆုံဖူးတဲ့ သင်္ဘောသား
အကြောင်းရေးမှာပေါ့ ဖေ့ဘွက်မှာ ဖွတယ်ပဲ ပြောပြော အတင်းတုတ်တယ်ပဲဆို ဆို
သူ့အကြောင်းကို ရေးလို့ ဖတ်ပြီးတော့ ဆဲ လဲ ခံရတော့ မှာပဲ ကျနော် ရေးဖြစ်ရင်လဲ
အမှန်ကိုဘဲ ရေးမယ်လို့ သံဓိဌာန်ချ ထားလို့ပါ စောစောက ပြောတဲ့ သင်္ဘောသား (၂)မျိုးထဲကတော့
လွတ်မယ်မထင်ပါဘူးနော်(အိမ်ထောင်ကွဲပြီးမှ သင်္ဘောသား လုပ်တာတွေ ဘာတွေတော့
စကားကပ်မပြောကြေးနော် )ကျနော် က ဆိုလိုချင်တာ မိဘနဲ့ မိန်းမ ရဲ့ နှိုင်းယှဉ်လို့ မရနိုင်တဲ့
မိဘကျေးဇူး ဂုဏ်ကို ပြောတာပါ ကျန်တဲ့ ဟာမပါ ပါဘူးဗျာ ကဲပါ ထားလိုက်တော့ ကျနော်တို့တွေ
သင်္ဘောတက်ရင် (Next of Kin )ဆိုတာလေး ကို သိကျတယ် ဟုတ် ကျနော်တို့တွေ သင်္ဘောပေါ်မှာ
တစုံတခုကြောင့် ဆုံးပါးသွားခဲ့ ရင် အသက်အာမခံ လျော်ကြေးကို ခံစားခွင့် ရှိသူလို့
မှတ်ပါ တော်တော်များများက မိဘကို ထားကြပါတယ် ကျနော် သိတဲ့ စက်ချုပ် တယောက်ဆိုရင်
အိမ်ထောင်ရှိပေမဲ့ သူတစုံတရာ ဖြစ်ခဲ့ရင်တောင် သူ့မိဘကိုပဲ လျော်ကြေးကို ခံစားစေတာပါ
သူ့အယူအဆက မိဘကမွေးပြီး ပညာတွေ သင်ပေးခဲ့လို့ သူ ဒီဘ၀ကို ရောက်ရတာ ဆိုပြီး ခံယူထားတာ
မိဘကို အလေးထားတာကို ပြောပါတယ် တကယ်လဲ လေးစားလောက်ပါတယ်ဗျာ ဒါကြောင့်လဲ
ဘ၀မှာ အောင်မြင်တယ် ထင်ပါတယ် သင်္ဘောသား ဘ၀ က ကိုယ်ရှာတဲ့ ပိုက်ဆံကို သူများရဲ့ လက်ဝေခံ
ပြန်တောင်းသုံးရတဲ့ ဘ၀ မျိုး ဖြစ်သင့်ပါသလားဗျာ(ချစ်လို့ အလိုလိုက် ပေမဲ့ အကျပ်ကိုင်တာ တော့
မလုပ်သင့်ဘူးပေါ့ ဟဲ ဟဲ) မိဘ ရှိကပြန်တောင်းသုံးတယ် ဆိုရင်တောင် အလွယ်တကူ ပြန်တောင်းမရတဲ့
အဖြစ်မျိုးတွေ ရှိတတ်ပါတယ်(တခါတလေ ဘီယာဆိုင်နဲ့ အခြား သုံးစရာလေးတွေရှိရင် ပြောပါတယ်)
ကျနော် သူငယ်ချင်းတယောက် က ပြော ဖူး တာလေး သတိရမိတယ် ငါတို့ ဘ၀က မိသားစု
စားဝတ်နေရေး ဆိုတဲ့ ယန္တားရား ကြီး တခု ရဲ့ ခွေးသွားစိပ်လေး တခုပဲတဲ့ ငါတို့ ရပ်သွားတဲ့ တနေ့မှာ
ဒီယန္တားရား ကြီးလဲ ရပ်သွားလိမ့်မယ် မရပ်ရင်တောင် ငါတို့ဟာ နေရာကနေ ဖယ်ထုတ် အစားထိုး
ခံရမယ်တဲ့ ဒီ အချိန်ဟာ ငါတို့ရဲ့ နေ၀င်ချိန် ပဲတဲ့
သိပ်အဓိပ္ပါယ်ပါတယ်နော် လေးလေးနက်နက် တွေးကြည့်နော် သိပ်သနားကောင်းတဲ့ ငါတို့ဘ၀ ပါလားလို့ မထင်ဘူးလား ပင်လယ်ပျော်တို့ရေ ကဲ ထားပါတော့ ဇာတ်လမ်း အကြောင်းလေး ပဲ ဆက်ပြောတော့မယ်
ကျနော် သင်္ဘော တစင်း ဆုံခဲ့လို့ သူက သူအဖြစ်ကို ပြန်ပြီး ပြောပြတာပါ သူက ရယ်စရာလို့
ပြန်ပြောပေမဲ့ သူရင်ထဲမှာ တကယ်ခံစား ခဲ့ရတာ အထင်အရှားပါ ကျနော်တို့လဲ
ရယ်စရာလိုသဘောထားပြီး ရယ်ခဲ့ကျပေမဲ့ ပြန်ပြီးတွေးမိချိန် မှာတော့ ငါဆိုရင်ရော ဆိုတဲ အတွေးလေး
ဝင်လာပါတယ် ကျနော်ပြောခဲ့သလို ပဲ သင်္ဘောသားဆိုတာ ကိုယ်ပိုင်အချိန်ကို ဒေါ်လာနဲ့ ဖလှယ်ပြီး
ကိုယ်ဝင်ငွေကို သူများက စီမံတာ ခံရတဲ့ ဘ၀မျိုးပါ သူအဖြစ်က ဒီလိုရယ်ပါ ကျနော်တို့ လိုင်းက
လစာပိုက်ဆံကို သင်္ဘောကနေ ရုံးကို လွှဲရတဲ့စနစ်၊ ရန်ကုန်ရုံး ကမှ ဒေါ်လာ ပေါက်ဈေးနဲ့ သင့်ပြီး
မြန်မာငွေ ပြန်ပေးတဲ့ ပုံစံကို ကျင့်သုံးပါတယ် ဒီတော့ သင်္ဘောပေါ်မှာ အသုံးစရိတ်လောက်ကိုသာ ထုတ်ခွင့်
ရတယ် ရန်ကုန်ရုံးကလဲ လွှဲနေကျကို လက်ခံတဲ့သူ(မိန်းမ၊မိဘ)ကိုပဲ ထုတ်ပေးလေ့ ရှိတယ် ဒီကြားထဲ
အကို၊ညီမတွေကို ပေးချင် ရင် လူကြုံလေး ရှိမှ ဒေါ်လာ တရွက် တလေ ထည့်ပေးလိုက်ရတယ် ဒါကလဲ
လူကြုံကောင်းမှ နို့မို့ဆို ဘယ်လိုက်တောင်းရမလဲ ဒီလူကြုံ သင်္ဘောသားကို ကျနော်တို့တွေ ငွေ
လူကြုံ ပေးလိုက်လို့ ရှုပ်တဲ့ဇာတ်လမ်းတွေက အများကြီး ကိုယ်စရိတ် ကိုယ်ခံပြီး ဘ၀တူ အချင်းချင်း
ရိုင်းပင်းကူညီတာပါ တခါတလေ ကိုယ်ယောင်္ကျားက ဘာရာထူးမှန်း မသိဖူး လူကြုံ လာပေးသူကို
မတူသလို မတန်သလို ဆက်ဆံတာတွေ ခံရဖူးတယ် ပြန်ရောက်ရောက်ချင်းသွားမပေးလို့
မယုံမသင်္ကာတာတွေ ဖြစ်တတ်တာတွေ ရှိကျတယ် အသက်လွတ်ခံရတာ ကြားက လူကြုံ ပို့ပေးရတဲ့
သင်္ဘောသား(ဒေါ်လာကို ခေါင်းကြီးခေါင်းသေး၊ နှာခေါင်းကြေ၊ မင်စွန်း၊အဟောင်း စုံလို့ရယ်
မြန်မာတနိုင်ငံတည်း ဒီပြဿနာရှိတာပါ )နောက် ဒေါ်လာ အတု ဖြစ်တဲ့ ကိစ္စ တော်တော်လေး ခေါင်း
စားတယ်( အာရှ ဘက်မှာ လိုက်တဲ့ သင်္ဘောသားတွေဆို တရုတ်ဘဏ်တွေ ကပို့တဲ့ ငွေဆိုရင်
အတုများတယ်ပြောတာ ကြားဖူးတယ်) သင်္ဘောသား အကိုတယောက် ပေးတဲ့ နည်းသုံးရင်တော့ ရှင်းတယ် ပိုက်ဆံကို နံပါတ်တွေ မှတ်ပြီး စာပါထည့်ရေးလိုက် ရှင်းရော ပေါ့ အတု၊အစစ်၊ အဟောင်းအသစ် ငြင်းစရာ
မလိုတော့ဘူးပေါ့ နို့မို့ဆို အိမ်ကလူရော၊ လူကြုံရော ပြဿနာကတော်တော် ရှုပ်တယ်
ကျနော်လေရှည်နေလို့ လိုရင်းမရောက်ဘူး ဖြစ်နေပြီ ကျနော် သူငယ်ချင်း သင်္ဘောသားက
မိန်းမကြောက်သူ(သူပြောတာတော့  ကြောက်လို့မဟုတ်ဘူး၊ မိန်းမကချစ်တာ၊နားငြီး မခံနိုင်လို့
လို့တော့ ပြောတာပဲ နောက်ဆုံး သူချည်းခံရတာပဲ) သူကပြန်တော့ မဲ့ သူ့ သူငယ်ချင်း သင်္ဘောသားနဲ့
သူအမေ အတွက် ဒေါ်လာ(၁၀၀)တန် တရွက် ထည့်ပေးလိုက်တယ် သူငယ်ချင်းကိုလဲ
အထပ်ထပ်မှာတာပေါ့ ဖြစ်နိုင်ရင် မိန်းမ မသိစေချင်ဘူးပေါ့ သူ့မိန်းမနဲ့ ယောက္ခမဖြစ်တဲ့ သူ့အမေက
အဆင်မပြောလို့ မခေါ်မပြောကျဘူးလေ အဲမှာ လူကြုံလိုက်ပေးရတဲ့ သူငယ်ချင်း သင်္ဘောသာ့း လဲ
အကျပ်ရိုက်တာပေါ ဘယ်လို ပေးရမလဲ ပေါ့ နေတော့ လဲ မျက်နှာချင်းဆိုင်နေတာ
ဒီအိမ်က ဆင်းပြီး အမေ့ အိမ်တက်ပေးရမှာလေ ဘာပဲဖြစ်ဖြစ် သိမှာပဲလေ သူငယ်ချင်းဖြစ်တဲ့ သူကလဲ ငါတော့
အမှုပတ်တော့မှာပဲလို့ တွေးမိပြီး စိတ်တော့ရှုပ်နေမှာပေါ့ ဒါနဲ့ (ငွေခိုးပို့တဲ့ သင်္ဘောသားကြီး) သူကပဲ
ဆက် ပြောပြပါတယ် ဖြစ်ပုံက တလွဲကြီး “ ဒီကောင်ကွာ ကြောက်လန့်ပြီး ပေးလိုက်တာ အမေကိုပို့တဲ့
စာအိတ်ကို မိန်းမပေးပြီး မိန်းမပေးရမဲ့ စာအိတ်ကို အမေပေးလိုက်တယ်” သေရောပေါ့ ငါမှာ လင်မယား
ကွဲမယ်ကွာမယ်ဆိုပြီး ပြဿနာတွေ ဘာတွေ ဖြစ်ကုန်တယ် “တော်တော်လေး ဒုက္ခ ပေးတဲ့ ကောင်တဲ့”
ရယ်ရင်း ပြောတာပါ သူ့သူငယ်ချင်းရဲ့ တလွဲတချော် လုပ်ပုံက သူတို့ လင်မယား ကွဲရမဲ့ကိန်း ကိုဗျ
(မယုံမရှိနဲ့တကယ့် ဖြစ်ရပ်မှန်နော် ) အမေရှိက ပြန်တောင်းလို့ ရပေမဲ့ မိန်းမဖြစ်သူက တသက်လုံး
မယုံကြည်တော့တဲ့ ဒဏ်ကို ခုထိ ခံနေရတုံးတဲ့ အမေဖြစ်တဲ့သူက လဲ
ဘယ်လောက်ခံစားရမလဲနော် တွေးကြည့်မိတာပါ မိဘကျေးဇူးက ဆပ်လို့
မကုန်ဘူးလို့ ပြောတာရှိတယ်လေ ကိုယ်မိဘ နေရာရောက်ရင်တော့ ၀ဋ္ဋ်လည်မှာ အသေအချာပဲလေ
မဟုတ်လား ဒီလိုသဘောထားမပြည့်ဝတဲ့ မိန်းမကို ဘယ်လောက် သည်းငြီး ခံနိုင်မလဲ(ပါရမီ ဖြည့်ဖက်တို့လို ကိုယ်ယောင်္ကျား သင်္ဘောသား ရဲ့ ဘ၀ ကို နားလည်တဲ့ မိန်းမမျိုးကို မဆိုလိုပါ)
သူနေရာ(သင်္ဘောသားကြီး)လို အဖြစ်မျိုး ကြုံနေရရင်ရော ဘယ်လို ဖြေရှင်းလဲ နည်းလမ်းများရှိရင်
ကွန်မန့်က တဆင့် ၀ိုင်းပြီး အကြံပြုပေးကျပါအုံး အတည်မဟုတ်တောင်မှ လိုအပ်ရင် သုံးရတာပေါ့
သင်္ဘောသား အချင်းချင်း မျှဝေပေးတဲ့သဘောပေါ့ မဟုတ်လားဗျာ၊၊ ၊၊ မျိုးငယ်(၁၈.၈.၂၀၁၃)
No comments:
Post a Comment