ခေတ်သစ် သင်္ဘောသား ပုံပြင်
++++++++++++++++
ငယ်ငယ်က ပုံပြင်လေးတခု မှတ်မိအုံးမလား ပင်လယ်ပျော်တို့ရေ
ပေါက်ပင်နဲ့ဗျိုင်းပုံပြင်လေးလေ
မေးသူ၊၊ ၊၊ပေါက်ပင်
ဘာကြောင့်ကိုင်းရတယ်
ဖြေသူ၊၊ ၊၊ဗျိုင်းနားလို့
ကိုင်းပါတယ်
မေးသူ၊၊ ၊၊ ဗျိုင်း
ဘာလို့နားရတယ်
ဖြေသူ၊၊ ၊၊
ငါးပေါ်လို့နားရတယ်
မေးသူ၊၊ ၊၊ ငါး
ဘာလို့ ပေါ်ရတယ်
ဖြေသူ၊၊ ၊၊ မိုးရွာ
လို့ ပေါ်ရတယ်
မေးသူ၊၊ ၊၊ မိုး
ဘာလို့ရွာ ရတယ်
ဖြေသူ၊၊ ၊၊ ဖားအော်လို့
ရွာရတယ်
မေးသူ၊၊ ၊၊ ဖား
ဘာလို့ အော်ရတယ် စသည် စသည်
အမေးရှိလို့ အဖြေရှိသလိုနဲ့
အဖြေရှိလို့ပဲ
အမေးရှိ သလိုလို နဲ့
နောက်ဆုံး ဘယ်သူမှမမှား သလို ဘယ်သူမှလဲ မမှန်ပါဘူး လိုက်နားထောင်တဲ့
သူကသာ အရူးဖြစ်လေတဲ့
ပုံပြင်လေ
စိတ်ညစ်လာပြီ ဒီပေါက်ပင်ကြီးလဲ
မြန်မြန်ခုတ်နိုင်မှ အေးမဲ့ကိန်းပဲ၊၊ ၊၊
(MLB 2006 inforce ဖြစ်တဲ့ အမှတ်တရပေါ့)
နောင်တချိန် ပေါက်ပင်ကြီးပဲ ကိုင်းနိုင်ပါစေ
ဗျိုင်းကြီးလဲ နားနိုင်ပါစေ လို့ ဆုတောင်းလိုက်ပါတယ်၊၊ ၊၊
မျိုးငယ်(၂၀.၈.၂၀၁၃)
(အခုဖြစ်နေတဲ့ သင်္ဘောသား အရာရှိ အသစ် နဲ့လုပ်သက်ပြဿနာ၊ ကုမ္ပဏီနဲ့ရိုက်ကြေး၊
DMA နဲ့
MLB@ 2006 လေး အကြောင်းလေးတွေးမိလို့ ရေးမိတာပါ)
အပျော်စီး သင်္ဘောတစီးပေါ်မှာ
ပေါ်တူဂီလူမျိုးတယောက်၊အင်္ဂလန်လူမျိုး တယောက်၊
မာယာလူမျိုးတယောက်တို့ ဆုံမိစဉ် ကမ္ဘာမှာ ဘယ်သူက ပင်လယ် ရေကြောင်းနဲ့ခရီးသွားတာကို
စတာလဲ ဆိုပြီး စကားနိုင်လု ကျလေရဲ့
အင်္ဂလိပ်လူမျိုး၊၊ ၊၊ ရေကြောင်းတိုက်ပွဲတွေ၊ရေကြောင်းလောက ဥပဒေတွေ ကို ဦးဆောင်တာ
အင်္ဂလန်ကသာ ဦးဆောင်တာ ဖြစ်တယ်လို့ ဆိုတယ်
မာယာလူမျိုး၊၊ ၊၊ ငါတို့က အတ္တတလန်တိတ် သမုဒ္ဒရာကြီးကို တောင် "ဘာဆာ" လို့ခေါ်တဲ့
သစ်သားဖောင်လေးနဲ့ ဖြတ်တာ မင်းတို့တောင် မယုံကျလို့ 'ကွန်တီတီ စွန့်စားမှု' ဆိုပြီး
စမ်းဖြတ်ကျသေးတယ် မဟုတ်လားတဲ့
ပေါ်တူဂီ လူမျိုး၊၊ ၊၊ ငါတို့ လူမျိုး ခရစ္စတိုပါ ကိုလံဘတ် သင်္ဘောနဲ့ ကမ္ဘာပတ်လို့
အမေရိကတိုက်ကို တွေ့တာ မင်းတို့ ငြင်းနိုင်ပါမလားတဲ့ ဟုတ်နေတာပဲလေ
ဒါနဲ့ ဘေးက ဖြတ်သွားတဲ့ သင်္ဘောသားလေး တယောက်ကို မင်းတို့ လူမျိုးကရော
ရေကြောင်းလောကမှာ ဘယ်လောက်ထိ အရေးပါသလဲ လို့မေးလိုက်ပါတယ်
သူတို့ ငြင်းခုံ နေတာကို ဘေးက နားငြီးတဲ့ သင်္ဘောသားလေးက ငါတို့ ကိုးကွယ်တဲ့ ဘုရားက
ဘုရားမဖြစ်ခင်ကတည်းက သင်္ဘောသားကွ၊ "မဟာဇနက" လို့ ခေါ်တယ်
ကဲ ဘာတတ်နိုင်သေးလဲ မှတ်ကရော
သူတို့ အားလုံးပဲ "အိုးမိုင်ဂေါ့စ်" ဆိုပြီး ပြိုင်တူ ရေရွယ်လိုက်ကျတယ်၊၊ ၊၊
ရယ်မောပျော်ရွှင်နိုင်ကျပါစေ
မျိုးငယ်(၈.၈.၂၀၁၃)
No comments:
Post a Comment