ဆရာအရွယ်
ညီအစ်ကို သူငယ်ချင်းအရွယ် မိတ်ဆွေ အပေါင်းအသင်းများအားလုံး ဘ၀ အမောပြေ စေဘို့ ဟာသ သဘောနဲ့
ရေးမှာ ဖြစ်လို့ လွန်တာရှိလဲ တောင်းပန်၊ မှားတာရှိလဲ
ဝန်ခံ၊
အမြင်မတော်လဲ
ကြိတ်မှိတ်ကာ ဖတ်ရှု ကျပါကုန်၊၊ ၊၊
နေရာ၊၊ ၊၊သင်္ဘောသား
အရာရှိကြီးများသာ တက်ရောက်သော
သင်တန်းတခု
ဆရာကြီး၊၊ ၊၊မင်းတို့
ဒီနေ့ ဆွေးနွေးရမဲ့ အကြောင်းအရာက
ကိုယ်သင်္ဘော ကို ဆိုမာလီ ဓါးပြဘုတ်လေးတွေ လိုက်လာရင၊်
ဓါးမြတွေ သင်္ဘောပေါ်တက်လာရင် မင်းတို့ တွေ အနေနဲ့ ပထမဆုံး
ဘာလုပ်မလဲ ဆိုတဲ့ ခေါင်းစဉ်ကို
တဦးချင်း ဆွေးနွေးပါ၊၊ ၊၊
တပည့်(၁)၊၊ ၊၊ အရင်ဆုံး သင်္ဘော ကို
အမြန်ဆုံး မောင်းပြေးပါမယ်
ဆရာကြီးက ခေါင်းရမ်းလိုက်တယ်
အဖြေကို
သိပ်မကျေနပ်ဘူးပေါ့ ဆိုပြီး
“မင်း သင်္ဘောက ဆိုမာလီဓါးပြ
တွေရဲ့ စပိဘုတ်(Speed
Boat)ကို လွတ်ပါ့မလားတဲ့”
ဒါနဲ့ပဲ တပည့်(၁) ကတော့ စိတ်အိုက်သွားတယ်
တပည့်(၂)၊၊ ၊၊ဆရာကြီး CITADEL(ပုန်းခိုရန်အတွက်
ရိက္ခာ၊ရေတို့ ဖြည့်တင်းထားသော
အခန်း) ကို သုံးပါမယ် ဆရာ
ဆရာကြီး၊၊ ၊၊ မင်းတို့ကို သူတို့ရှာလို့ တွေ့သွားရင် ရော
တပည့်(၂) လဲ ခေါင်းငိုက်စိုက်
သွားတယ်
တပည့်(၃)၊၊ ၊၊Sea Guard တွေ အကူအညီနဲ့
ပြန်ကစ်ရင်ရော ဆရာ
ဆရာကြီးက ငါတို့က သေနတ်မှ
မပစ်တတ်တာ
သူတို့ကျသွားရင် ကျန်တဲ့ ငါတို့ကို ဓါးမြက သတ်မှာပေါ့၊၊
တပည့်(၃)၊၊ ၊၊ ဒါလဲ ဟုတ်တာပဲနော်
ဆိုပြီး ခေါင်းကုတ်လိုက်တယ်
တပည့်အားလုံးလဲ စိတ်ဝင်စားလွန်းလို့
ဘာလုပ်ရမလဲပေါ့
အကျပ်ရိုက်နေကြချိန် တခန်းလုံး
အပ်ကျသံ တောင်
ကြားရလောက်တဲ့ ဒီ စာသင်ခန်းထဲ
ဖုန်းမြည်သံ တခုက ကျယ်ကျယ်လောင်လောင်
ထ လို့
မြည်တယ်
မိန်းမတယောက်ရဲ့ ခပ်စွာစွာ
အသံနဲ့ “ရှင် အခု
ဘယ်ရောက်နေတာလဲ” ဆိုတဲ့ အသံကို
ခပ်အုပ်အုပ်ြပန်ဖြေလိုက်တာက “
အချစ်ရေ ခဏ အခု ငါတို့သင်္ဘော ဓါးမြ တိုက်ခံနေရတယ်တဲ့
အသံမာနေတဲ့ မိန်းမက ချက်ချင်း လေသံခပ်လျော့လျော့နဲ့
“အော် အင်း အင်း” ဆိုပြီး ဖုန်းကို ချက်ချင်း ချပေးလိုက်တယ်
ဆရာကြီး နဲ့တပည့်တွေအားလုံးလဲ
ဝိုင်းရယ်ကျတာပေါ့၊၊ ၊၊
အဲမှာတင်
ဆရာကြီး က ချက်ချင်းပဲ
အဖြေပေးလိုက်တယ်
“ကဲ တပည့်တို့
အဲဒါ အဖြေပဲ မီးစင် ကြည့်က
တပည့်တို့”တဲ့၊၊ ၊၊
အိမ်က မိန်းမလို ပဲ ဆိုမာလီဓါးမြကို အရိပ်အကဲကြည့်ပြီး
ဆက်ဆံဘို့ ပြောတာပါနော် တလွဲမတွေးကျနဲ့
ပင်လယ်ပျော်တို့ရေ ဟဲ ဟဲ
ဘ၀အမောတွေ ကို ဟာသလေးပြောပြီး
ဖြေဖျောက်နိုင်ကျပါစေ
မျိုးငယ်(၂၅.၇.၂၀၁၃)
No comments:
Post a Comment