Wednesday, July 24, 2013

ဘာလဲဟဲ့ သင်္ဘောသားစာစုများ (၁၆)



 ပင်လယ်ပျော် သူငယ်ချင်းတို့ရေ 

ဒီပို့စ်က သင်္ဘောနဲ့တော့ မဆိုင်ပါဘူး

သင်္ဘောပြန်လာရင် ကိုယ် ပင်ပင်ပန်းပန်း ရှာလို့ရတဲ့ ပိုက်ဆံ ကို

ဘယ်နေရာမှာ သုံးမယ်ဆိုတာကို

စဉ်းစားမိလို့ရေးမိတာပါ

(မင်းက ဆရာကြီးလားလို့တော့

မထင်ပါနဲ့ဗျာ ကျနော်လဲ ဆိုးတခါ မိုက်တလှည့်နဲ့ တေလို့ပေလို့

ကောင်းဆဲ သင်္ဘောသားတယောက် ပါဘဲဗျာ )

ကျနော် မြင်တဲ့ ရှုထောင့်က ရေးလို့ အမြင်မတူရင်လဲ ကျနော်ကို

ဝေဖန်ပေးကျပါအုံးဗျာ 

ကျနော် ခုနောက်ပိုင်းရေးတာတွေကို

အမြင်မတူမှာ စိုးလို့ပါ ကိုယ်မြင်တဲ့အတိုင်းရေးတာ ဖြစ်လို့ သိပ်တော့

ကြိုက်မှာ မဟုတ်ဘူးနော် ၊၊       ၊၊

တခါတလေ ချစ်တုန်းမုန်းစကားလေးပြောကြည့်မယ်ဗျာ 

ကိုယ်ရတဲ့ဝင်ငွေ ထဲက ဘယ်နေရာ ကပရဟိတလုပ်ငန်းတွေ အတွက် ဘာတွေ

လှူပြီး သွားပြီလဲ မိဘမဲ့ ကျောင်း၊လူအိုရုံတွေ၊ဇီဝိတဒါန ဆေးရုံတွေ 

ကိုယ်ဘာတွေ   ဖြည့်ဆည်းပေးပြီးပြီလဲ 

(ကျနော်တို့ ရတဲ့ ပိုက်ဆံက သန့်ရှင်းတော့

အကျိုးပေးရင် သူများထက်ပိုရမှာပါ မလှူဖြစ်သေးတဲ့သူတွေကို 

အပြစ်ပြောတာ မဟုတ်ဘူးနော် )

တခါတလေ  ကျနော်တို့တွေ

သောက်နေတဲ့ ဘီယာဝိုင်းတ၀ိုင်းရှင်းရင် သုံးရတဲ့ ပိုက်ဆံက 

မူလတန်း ကျောင်းသားကလေးတယောက်ရဲ့ 

တနှစ်စာ ကျောင်းသုံးစရိတ် ဖြစ်နေမယ်ဆိုရင်

သူငယ်ချင်းတို့ အံသြနေမလားပဲ ( ကျနော်က အလှူအတန်းအတွက် 

နိဗ္ဗာန်ဆော် လဲ လုပ်တယ်နော်)

ကျနော် ပထမဆုံး  သင်္ဘောမှာ ဆုံ ခဲ့တဲ့ စီနီယာ 

အစ်ကိုတယောက်အကြောင်းလေး ပြောပြချင်တယ်ဗျာ 

သူနဲ့ပုံမှန်တွေ့ဆုံခြင်းဆိုပေမဲ့ သူနဲ့ပတ်သတ်ပြီး

ကျနော် စိတ်ထဲ မှာ 
အမှတ်ရစရာတွေ၊အတုယူစရာတွေ အများကြီးကျန်ခဲ့တယ်ဗျ 

ကျနော်တို့ကို လူတွေမြင်ကျတဲ့ 

အမြင်တွေထဲမှာ ပေါ့ပေါ့နေ ပေါ့ပေါ့စား၊ ရေထဲမှာ ကုန်းကျုံးရှာ 

ကုန်းပေါ်ရောက်တော့ ဖြုန်းတီး ပေါ့ ဟုတ်တယ်မလား ဒီိလိုပဲ 

ထင်ကျတာ သူနဲ့ မတွေ့ခင် အထိ ကျနော် လဲ ဒီလို အစားထဲ မှာဘဲ 

ရှိနေသေးတယ် ကျနော် စိတ်ကသူများပြုပြင်ခိုင်းလို့ 

ပြုပြင်တာထက် ကိုယ်တိုင်လက်တွေ့ မြင်မှ ယုံတတ၊်ပြင်တတ်တဲ့ 

လူမျိုး ဆိုတော့ သူပြောနေတဲ့ ပရဟိတ လုပ်ငန်းတွေ ကို ကျနော် 

စိတ်ထဲမှာ အပိုတွေပေါ့ 

လူအထင်ကြီးအောင် လျှောက်ပြောနေတယ်ပေါ့ ဒီလိုဘဲ ထင်တယ် 

လူဆိုတာ သူ့ကံနဲ့ သူ လာတာပေါ့ ကိုယ်ဘယ်လောက် ကယ်ကယ် 

မရနိုင်ဘူးပေါ့ ဒီလိုထင်တာ သူ့ပြောတဲ့ ပရဟိတ ဆိုတာ 

ဘာလဲဆိုတော့ အမိမဲ့

အဖမဲ့ ကလေးတွေ၊မိဘရှိပေမဲ့ လက်လုပ်လုပ်စား ရုန်းကန်ရတဲ့ ဘ၀ 

မိသားစုမှာ ပေါက်ဖွားရတဲ့ သားသမီးတွေ ကို တဖက်တလမ်းက 

ပညာရေးအတွက် လိုအပ်တဲ့ ဖတ် စာအုပ်တွေ၊ကျောင်းဝင်ကြေးနဲ့

သင်ထောက်ကူပစ္စည်းတွေ ထောက်ပံ့ပေးတာပါ ပထမတော့

ဒီလိုမျိုး ဆိုတာ နိုင်ငံခြားအထောက်အပံ့ ရတဲ့ အင်ဂျီအိုတွေ

(NGOs)၊တကယ်ချမ်းသာတဲ့ သူဌေးတွေကပဲ ဦးဆောင်ပြီး

လုပ်နိုင်တာပေါ့

 ဒီလို သင်္ဘောသားက ဘယ်လို လုပ်နိုင် မလဲပေါ့

စောကဒတ် တက်မိသေးတယ်   

သူကလဲ ကျနော်ကို

စိတ်ရှည်လက်ရှည် ရှင်းပြပါတယ်(ကျောင်းအပ်ချိန်မှာ 

လိုအပ်တဲ့ ကျောင်းဝင်ကြေး၊ဗလာစာအုပ်၊ခဲတံ စတာတွေကို 

တပိုင်တနိုင် လှူဒါန်းတာပါ ဒီလို လှူဒါန်းတာကို 

လက်ခံမဲ့ ကျောင်းသားလူဦးရေကို တော့ ကြိုပြီး 

စာရင်းလုပ်ထားရတာပေါ့ ) 

ဒီအထိ လက်ခံတာပဲ ရှိသေးတယ်

သိပ်ပြီးယုံတာ မဟုတ်သေးဘူးဗျ  အပိုပြောတယ်ပဲ ထင်နေတယ်

ဒါနဲ့ပဲ စာချုပ်ြ့ပည့်လို့ ရန်ကုန်ပြန်ရောက်တော့ 

အစ်ကိုက ကျနော်ကို

“ငါ ရွှေတောင်ကို အလှုငွေ သွားပို့ပေးဘို့ရှိတယ်

မင်းလိုက်မလားပေါ့ ငါတို့ရွာက ထန်းရည်အစစ်

လိုက်သောက်ကြည့်တဲ့” ကျနော်ကလဲ အသောက်သမားဆိုတော့

စိတ်ဝင်စားတယ်လေ “လိုက်မယ်” ဆိုပြီး တဖွဲ့လုံး လိုက်သွားဖြစ်တယ်

ကျနော်တို့ သူငယ်ချင်းတွေ စိတ်ထဲမှာ   အစ်ကို ပြောနေကျ

ပရဟိတလုပ်ငန်းကို မေ့နေပြီ သောက်ဖို့ကို ပဲ အာရုံရောက်နေတာ 

ဒါနဲ့ လိုက်သွားဖြစ်တယ် ဆိုပါတော့ဗျာ

ရွှေတောင်ကနေ ရွှေနတ်တောင် ဘုရားသွားတဲ့ လမ်း အတိုင်းဝင်ပြီး

ကျောက်ခင်းလမ်း အတိုင်း (၁၂)မိုင်လောက်ကို

ဖုန်တထောင်းထောင်းနဲ့၊လမ်းကလဲ ကြမ်းကြမ်းနဲ့ ဆိုတော့

ကျနော်တွေးမိတယ် 

ဒီလို နေရာမျိုးမှာ လူဖြစ်ရတဲ့ လူတွေကတော့

လူဖြစ်ရှုံးတာ ပဲပေါ့ လျှပ်စစ်မီး မရှိ၊လိုင်းကားလဲ ကလဲ 

တနေ့လုံးနေမှ တစီးတည်းသော လိုင်းကားကို ကုန်က

တ၀က်၊လူတွေက တွဲလို့တွဲလောင်း လိုက်လို့ပေါ့

(လိုင်းကားဆိုတာထက် ကုန်စုံဆိုင်ဖွင့်ထားတဲ့   ဆိုင်ရှင်က

သူ့ဆိုင်အတွက် ကုန်ဝယ်သွားတဲ့ ဈေးကားဆို ပိုမှန်တယ်

ကားအမျိုးအစားက စစ်ကျန် ချက်ကြီး) 

ကျနော်တို့သွားတဲ့ လိုက်စ်ထရပ် ကားလေးကို ရွာထဲက 

ကလေးတွေကထွက်ထွက်ကြည့်ကျတယ် မြို့က ကားမှန်းသိလို့

“ဘယ်သူတွေလဲ” ဆိုပြီး ကျနော်တို့ အဖွဲ့ကတော့ ပုဆိုးခြုံ ပြီး

ငယ်ငယ်က နင်ဂျာ လုပ်တိုင်းကစား သလို 

မျက်လုံးလေးပဲ ဖေါ်ထားရတယ်

(ဒီလိုမှ မစီးရင်လဲ မျောက်ဖြူဖြစ်နေပြီလေဗျာ) ဒီလိုနဲ့

ဧရာဝတီမြစ်ကမ်းဘေးက ညောင်စာရေးတိုက်နယ်ရွာလေး

တရွာရောက်တယ်ဆိုပါတော့ဗျာ နေ့ပူ ညချမ်းဆိုတဲ့

ဆောင်းတွင်းကြီး ဆိုတော့ ကျနော်တို့လဲ ခရီးပန်းတာနဲ့

ညနေရည်လေးကိုတောင် မမြည်းနိုင်တော့ပါဘူးဗျာ(စိတ်ထဲမတော့

မနက်ရည် ချိုပြင်းပြင်းကိုတော့ မှီအောင် သောက်ရမယ်ပေါ့ အဲလို

“ဇွဲ”ကောင်းတာလေ )

အလှူငွေပေးအပ်တဲ့ အခမ်းအနားက မနက်ဖြန်မှ ဆိုတော့ 

နားနားနေနေ ရွာရိုးကိုးပေါက် လမ်းသလားပေါ့ဗျာ  ဒါနဲ့

ညနေရောက်တော့

အိမ်တအိမ်က ထမင်းစားဖိတ်သဗျ(ရန်ကုန်ပြန်လာရတဲ့နေ့ အထိ

အိမ်မထပ်ရဘူး တနပ်ကို တအိမ်မှာ စားရတာ တောကြက်ကို

ကာလသားချက် ငရုတ်သီးစပ်စပ် နဲ့ ချက်ထားတာ

စားကောင်းချက်က ခေါင်းကိုမဖေါ်နိုင်ဘူးဗျ၊၊ ပြည်

ပလာတာ၊ရွှေတောင်ခေါက်ဆွဲ ဒေသထွက်အစားအစာကို

တမျိုးပြီးတမျိုး မရိုးရအောင် ဧည့်ခံကျတယ်) ရန်ကုန်က

အလှူရှင်တွေကို ထမင်းကျွေးချင်လို့တဲ့  အဲဒီမှာမှ စသိတာ

အစ်ကိုက ရန်ကုန်ကအလှူရှင်တွေ အနေနဲ့ ကျနော်တို့ကို

ခေါ်လာတယ်ဆိုတာ တရွာလုံးက ဖေါ်ဖေါ်ရွေရွေနဲ့

ကျောင်းသားလေးတွေနဲ့ တွေ့ရင် လက်ကလေးပိုက်

ခေါင်းလေးငုံ့လို့ မြန်မာလူမျိုး ဗုဒ္ဓဘာသာရဲ့ အဆုံးအမတွေက

ဘာနဲ့ မလဲနိုင်အောင် တန်ဘိုးကြီးပါလား ဆိုတာ သိလိုက်ရတယ်ဗျ

မနက်ပိုင်း အခမ်းအနား စတော့မှ သိလိုက်ရတာ

အစ်ကိုတို့ ညီအစ်ကို သင်္ဘောသားတွေ စတည်ထောင်ထားတဲ့

ရွှေတောင်မြို့နယ်

ပညာရေးဖေးကူအသင်း ကကျောင်းထားပေးထားတာ

မူလတန်းကနေ အထက်တန်းပြီးလို့ တက္ကသိုလ်ဝင်တန်းအထိ

ကျောင်းသားပေါင်း(၄၀၀)လောက်ရှိတယ် ဒါတောင်

တချို့ရွာတွေဆိုရင် ဖေးကူခံချင်တဲ့ ကျောင်းသားကများလွန်းလို့

ဦးရေကန့်သတ်ပေးလိုက်ရတာတွေ ရှိသတဲ့(လက်ရှိ မိဖစုံပေမဲ့

နာတာရှည် ရောဂါသည်တွေ ဖြစ်နေလို့

လူမမယ်ကျောင်းသားအရွယ် သားသမီးတွေမှာ ရွာထဲက

ကောက်စိုက်၊နွားကျောင်း၊ပဲနှုတ် ဆိုတဲ့ အလုပ်ကြမ်းတွေ လုပ်ပြီး

မိသားစု စားဝတ်နေရေးကို တဖက်တလမ်းက ကူရရှာတယ် 

ပညာသင်ချင်ပေမဲ့ မသင်ရတဲ့ဘ၀တွေပါဗျာ ) 
ကျနော်တို့
 
သူငယ်ချင်း အားလုံးလဲ မတိုင်ပင်ရပဲ ထပ်ပြီး အလှူငွေ

ထည့်ဖြစ်ကျတယ် တကယ်လဲ ကျနော်တို့ စိတ်စေတနာက ငါတို့ 

ဘာပဲဖြစ်ဖြစ်

ဒီလိုကလေးမျိုးလေးတွေကို လှူဒါန်းလိုက်ရတယ် ဆိုတဲ့

အသိလေးက ပြန်ပြီးတွေးတိုင်း စိတ်ကြည်နူးမိတယ်ဗျာ

 ရိုးသားဖြူစင်တဲ့ ကလေးတွေ ရဲ့ မျက်ဝန်းထဲမှာ

စိတ်ထဲမှာ“ငါတို့လဲ တနေ့မှာ

ဒီလိုမျိုး ပညာတတ် ဖြစ်ရမယ်”ဆိုတဲ့ အတွေးလေးတွေ

ရှိနေမှာ အမှန်ပါဘဲ ဒီလို အလှူ ပီတိလေးက ဘာနဲ့မှ မလဲနိုင်ဖူးဗျာ 

ထပ်ပြီးထပ်ပြီး

အခါအခွင့်သင့်တိုင်းလဲ လှူဖြစ်တယ် လှူဖြစ်တယ် ဆိုရင်လဲ

ထပ်ပြီးကြည့်နူးရပြန်တယ်

ဒါထက် ဒီအလှူခရီးလေးက ရလိုက်တဲ့ အသိလေးတချက်က

ငါ တို့ အလကား  သုံးဖြုန်း လိုက်တဲ့ ငွေတွေက

ဒီလို လူသားတဦးရဲ့ ဘ၀လေး

တခုကို ပြောင်းလဲပေးနိုင်တယ် ဆိုတဲ့ အတွေးလေးဝင်လာတယ် 

ဒီလိုမျိုး

ကျနော်တို့ စိတ်ထဲက အလေးအနက် မထားမိတဲ့

အလှူအတန်းလေးတွေက ကျနော်တို့ အတွက်

နောင်ဘ၀များစွာ သံသရာအတွက်

ရိက္ခာဖြစ်ချင် ဖြစ်နေတတ်တယ်နော် ဘ၀ထဲက အသိကို

တခါသိတဲ့ ခဏမှာ ကောင်းတဲ့ ဘက်ကနေပြန်ပြီး

အသုံးချနိုင်ရင်တော့ ကျနော်တို့ ဘ၀တွေ လဲ ဒီထက် ပိုပြီး

ကံကောင်းလာမယ်ထင်တယ်နော် 

တခါတုန်းက ငယ်သူငယ်ချင်းကျောင်းဆရာလေး

တယောက်က   သူ့အမြင်ကို ပြောတယ်ဗျာ

သူက ကျောင်းဆရာ ရှုထောင့်ကပြောတာပါ တိုင်းပြည် တပြည်

တိုးတက်စေချင်ရင် ပညာမြင့်မှ ဖြစ်မယ်တဲ့ ပညာမြင့်မှ

အတွေးအခေါ် မြှင့်မယ၊်လူမျိုးဘာသာမြှင့်မယ် ပေါ့

(ဒါပေါ့ ကိုယ့် 

နိုင်ငံကို ကောင်းစေချင်ရင်

ပါတီထောင်ပြီး နိုင်ငံရေးသမား လုပ်မှမဟုတ်ပါဘူး

ကိုယ်တတ်နိုင်တဲ့ ဘက်က ဖေးကူတာလဲ နိုင်ငံရေးပဲပေါ့

နိုင်ငံရေးစိတ်ဝင်စားတဲ့ ပင်လယ်ပျော်ကြီးတွေလဲ အွန်လိုင်းမှာ စိတ် 

သဘောမကျရင်ဆဲနေတာထက် လိုနေတဲ့ ကွက်လပ်လေးတွေကို 

ဖြည့်မယ်ဆိုပြီး

ဒီလိုလေး တွေးမိ၊လုပ်မိရင် အကျိုးပိုရှိမယ်ထင်ပါတယ် )

တကယ့် လက်တွေ့ ဘ၀မှာ ကလေးတွေ ပညာရေးရဲ့ ရှေ့မှာ မိသားစု

စားဝတ်နေရေးဆိုတာ ကြီးကို ဘယ်လိုမှ

မကျော်လွှားနိုင်ကျရှာဘူးဗျာ တကယ်လို့များ သူတို့လေးတွေ

ပညာသင်ယူဘို့ အပူအပင်မရှိခဲ့ကျရင်၊ပညာတတ် လူငယ်တွေ

ကိုယ့်နိုင်ငံမှာများလာရင် ဆိုတဲ့ အတွေးတွေက ကျနော် ခေါင်းထဲ

ဝင်လာမိရင်  ကိုယ်တတ်နိုင်စွမ်း

သလောက်  ပကာသနမပါဘဲ သဒ္ဒါ တရားဖြူဖြူနဲ့

လှူဒါန်းဘို့ကို တက်ကြွနေမိတယ်

ဒီအလှူလေးက ရတဲ့ ပီတီကလဲ ဘာနဲ့မလဲ နိုင်အောင် ဖြစ်ရတယ်

ကျနော်ဘော်ဒါတို့လဲ ဒီလိုအလှူလေးတွေကို တတ်စွမ်းသလောက်

လုပ်ကြည့်လို့ရတဲ့ ပီတိက

ပြောမပြတတ်လောက်အောင်ရနိုင်တယ် ဆိုတာ ကိုယ်တွေ့ ပါပဲ ဗျာ၊၊  

ကျနော် ဘော်ဒါ ပင်လယ်ပျော် ကြီးတွေလဲ ကိုယ်ပတ်ဝန်းကျင် မှာ 

ရှိတဲ့ ပညာရေးချို့တဲ့ တဲ့ ကလေးသူငယ်လေးတွေကို ပညာရေးပါရမီ 

ဖြည့်နိုင်ကျပါစေလို့ဆန္ဒပြုရင်း..

မျိုးငယ်(၂၄.၇.၂၀၁၃)

No comments:

Post a Comment

ထိုဟာလေးဆိုက်မှာထည့်ချင်လာခဲ့ပါ