ကျနော် ကိုယ်တွေ့ကြုံခဲ့တဲ့ အဖြစ်လေးတွေကိုပဲ ရေးမှာဖြစ်လို့
ဆိုးခ၊ဲ့ပေခဲ့တာလေးတွေလဲ ပါကောင်းပါနိုင်တယ် ကျနော်ကို အပြင်မှာ
လူချင်းရင်းနှီးနေတဲ့
သူတွေ၊သူငယ်ချင်းတွေက ဟုတ်ရဲ့လားလို့ ထင်ချင်
ထင်ကျလိမ့်မယ်( စာရေးဆရာကြီး ဦးမင်းဒင်
ပြောသလို နူိုင်ငံခြားစာရေးဆရာကြီး
ဆာအာသာကိုနင်ထရွိင်းက ရှားလော့ဟုမ်းစုံထောက်ဝတ္တုကို
စိတ်ကူးဖန်တီးရေးသလိုပေါ့ လို့ ဖြေရမလို ဖြစ်နေပြီဗျာ)လောလောဆယ် ၀န်ခံတယ်
ကျနော် ကိုယ်တိုင်လဲ
လူကောင်းတယောက်လိုလဲ မသတ်မှတ်ထားပါဖူး (မှတ်ချက်၊၊ ၊၊
ကိုယ်ဂုဏ်ကိုယ်ဖေါ် မသူတော် လို့တော့ မသတ်မှတ်ကျပါနဲ့ဗျာ)
ကျနော်
ဆက်ရေးချင်တာတွေကတော့ အစုံပါပဲ ရေးတဲ့ စာကို အချိန်ပေးဖတ်တဲ့
သူငယ်ချင်းတွေအတွက်
အကျိုးရှိမှသာ ကျနော် စာရေးရကျိုးနပ်မှာပါ ဒါကြောင့်
အခြားအခြားသော အကြောင်းအရာ များကို
ဖြုတ်ချပြီး အခုမှ ရေကြောင်းလောကကို ခြေစုံပစ်ဝင်မဲ့ ညီအစ်ကိုများ
အတွက်
ကိုယ်ဝါသနာ၊ကိုယ်ရဲ့ အကြိုက်နဲ့ ကိုက်ညီမှု ရှိ၊မရှိ သိနိုင်အောင်လို့ ရေးခြင်းပါ၊၊ ၊၊
ကျနော် က တော့ မြင်တဲ့ အဖြစ်အပျက်၊ခံစားမှုလေးတွေ၊အမြင်လေးတွေကို
ရှထောင့်ပေါင်းစုံကနေ ရေးတတ်ချင်ပေမဲ့
ကိုယ့် ပင်လယ်ပြင် အတွေ့အကြုံရယ်၊ ကိုယ်ရဲ့ စာရေးဟန်က သိပ်ပြောင်းလဲလို့
မရနိုင်လို့ ကျနော်ကို နည်းနည်းလေး နားလည်ပေးစေချင်ပါတယ်
(အခုရေးနေတဲ့ပုံစံကို ကျနော်ရေးတတ်သလို
ရေးပေမဲ့ ကျနော်ကို အချို့က
မင်းက တော်တော် သိနေလို့လား ၊ဆရာကြီးလား ၊မင်းက ဘာရာထူးမို့လို့လဲ
လို့
အချို့သော စာဖတ်သူ စိတ်ထဲမှာ ဒွိဟ ဖြစ်ကောင်းဖြစ်နိုင်မယ် ဒါပေမဲ့ ကျနော် အနေနဲ့
ဒါတွေကို ဂရုစိုက် တုန်ပြန်ဖြေရှင်းမှာ မဟုတ်ပါ ကျနော် ၀ါသနာ အတိုင်းလေးပဲ
လူတွေကို
ပျော်စေလိုတယ်၊မှားခဲ့ ဖူးရင်လဲ နောက်လူ မမှားစေချင်တဲ့ စေတနာ
သက်သက်ရယ်ပါ ကျန်တာတော့
ရသမြောက်အောင် ရေးသားရခြင်းပါ)
ကျနော် ရေး ပြီးခဲ့တဲ့ အပိုင်း(၂၄)ကနေ ပြန်ဆက်မယ်ဗျာ ဒီလိုနဲ့
အေးဂျင့် ဆိုတဲ့
သူတော်ကောင်းကြီး တဦးနဲ့ ဆုံမိပြီး သင်္ဘောတစီးနဲ့ ပင်လယ်ပြင် လုပ်သက်(၂)လ
ရယူဘို့ အခွင့်အရေးရပါတယ် ဒါနဲ့ စကားဖြတ်ပြောရအုံးမယ်
ပင်လယ်ပြင်လုပ်သက်ရယူဘို့ အတွက်
သူတော်ကောင်းကြီးတွေကို ပေးရတဲ့ ပေါက်ဈေးကို ပြန်ပြောမယ်နော် လူကိုယ်တိုင်
လိုက်ရင်
(၁)သိန်းခွဲ၊ လူမလိုက်ရင် (၃)သိန်းတဲ့ ပွဲစား စကားနဲ့ ရှင်းအောင်ပြောရရင်
မင်းတို့လူလိုက်
ပြီးစီးရင် ပင်ပန်းမယ်
စားရေးသောက်ရေး ခက်ခဲမယ်၊မလိုက်ဘဲ စာရွက်ပဲ စီးလိုက် ဒါဆို
မင်းတို့သက်သာမယ်၊အ၀င်အထွက် တုံး ကိစ္စတွေ၊ ကျန်တာတွေက
ငါတာဝန်ထားပါတဲ့
ဒါဆိုရှင်းရောပေါ့
ကျန်တာတော့ မပြောဖူးနော် ဘယ်မှာလဲ
ပင်လယ်ပြင်အတွေ့အကြုံ၊ဘယ်မှာလဲ အသုံးချ အင်ဂျင်နီယာ
ပညာ ထားလိုက်တော့
ဒါနဲ့ ကျနော်ကတော့ ပင်လယ်ဆိုတဲ့ အရသာသစ်ကို ခံစားဘို့ ကြည့်မြင်တိုင်
ဆိပ်ကမ်း ကနေ အိပ်ယာလိပ် ထုပ်ကြီးကို မာန်ပါပါ ကိုင်ပြီး သူတို့ အခေါ်
သံခွန်သင်္ဘော(ကျနော်
မြင်တာကတော့ စက်လှေ အကြီးစား)ပေါ်ကို ဗျက် အားဖြင့်
လက်တထွာ လောက်ရှိတဲ့ ကုန်းဘောင်ပေါ်ကနေ
အထစ်အငေါ့ မရှိ
တက်ရလေသတည်း ဟဲ ဟဲ
ဒီမှာ ကျနော် ပြောချင်တာ ကျနော် ပင်လယ်ပြင်လုပ်သက်ရယူခဲ့ရတဲ့
သင်္ဘော
အကြောင်းပါ ဘာပဲဖြစ်ဖြစ် ကျနော် သူများတွေ နဲ့ ယှဉ်ရင်
ကံကောင်းတယ်လို့ ပြောရမယ်
ကျနော်စီးတဲ့ သင်္ဘောက ကမ်းရိုးတန်းလောကမှာ
အကြီးဆုံးလို့ ပြောလို့ရတဲ့ သင်္ဘောတစီးပါ တချိန်က
ဌာန ဆိုင်ရာပိုင် ရေနံတင်
သင်္ဘောကြီးကိုကုန်တင်သင်္ဘောအဖြစ် ပြောင်းထားတဲ့ သင်္ဘောပါ
သင်္ဘော အင်ဂျင်ကတော့
ကား (၁၂)ဘီး ကားအင်ဂျင်ကို ၀င်ရိုးနဲ့
ချိန်ဆက်ပြီး မောင်းပါတယ် လွယ်လွယ်ပြောရရင်
ကားအင်ဂျင်နှစ်လုံး၊ပန်ကာ နှစ်လက်ပါ၊ မီးစက်ကတော့ တရုတ်နီလက်လှည့်နဲ့
ဒိုင်နမို
တွဲထားတယ် ရန်ကုန်-ကော့သောင်း ခရီးစဉ်မှာ
ကျနော် လိုက်ပါ
လုပ်သက်ရယူခွင့်ရတာပါ ကျနော် လဲ MSU ဘလော့ မှာ စာတွေဖတ်နေကျ ဆိုတော့
အခြား စာရေးဖေါ် ညီအကိုတွေရေးတဲ့ ပို့စ်တွေမှာပါပြီးသားတွေမို့
အကျယ်မရေးတော့ပါဖူးနော်(ဖတ်ချင်ရင်တော့ ကမ်းရိုးတန်းသွား တောလား ဆိုတဲ့
ပို့စ်ကို ရှာ
ဖတ်ပါ ရေးသူ နာမည်တော့ မမှတ်မိတော့ပါ)ဒါနဲ့ပြောအုံးမယ် ကျနော်
သင်္ဘောမှာ သက်ကယ်လှေ(Life Boat)မပါဘူး၊သက်ကယ်ဖောင်ဆိုတာကလဲ
ဘယ်လို
သုံးလဲတောင် မသိသေးတဲ့ တဲ့ လူသစ်တွေပါ ကျနော်က ဘာလို့
သက်ကယ်လှေမပါလဲ လျှာရှည်မိတော့မှ
ပိုင်ရှင်က ကုန်ပိုတင်နို်င်လို့တဲ့ မှတ်ကရော
အင်း ဒါနဲ့ သောက်ရတဲ့ရေလား ဘယ်နှစ်ဘယ်ကာလက
မဆေးမှန်းမသိတဲ့
ရေတန့်(Tank)ထဲက ရေကို သောက်နေရတာ ဒါနဲ့ ကျနော်နဲ့
သူငယ်ချင်းတယောက်စုပြီး ရေသန့် လီတာနှစ်ဆယ်ဝင်
ရေဗူးကြီးတင်ထားရတယ်
ကျန်တဲ့ သူတွေကတော့ မသိဖူး ဘာလို့လဲ ဆိုတော့ သောက်ရေအိုးကခွက်
ကို
လူပေါင်းစုံကနေ သောက်နေတာလေ သင်္ဘောသား ဖြစ်၊မဖြစ်တော့ မသိဖူး
အသည်းရောင် အသားဝါ
ဘီ ပိုး ကူးစက်ခံရမှာတော့ သေချာ
သလောက်ပဲ နောက်တခုက အရေးရယ် အကြောင်းရယ်ရှိခဲ့ရင် ဒီရေဗူးကြီးက
ကိုယ်ရဲ့
ကယ်တင်ရှင် ဖြစ်မှာလေ မဟုတ်လားဗျာ(ရေဗူးကြီးကို ဖက်ပြီးရေထဲ
ဆင်းရမှာကို ပြောတာနော်)
မျိုးငယ်(၂.၉.၂၀၁၃)
No comments:
Post a Comment