ကျနော်က ဆက်ပါအုံးမယ် ကတိပေးထားတာ ဆိုတော့လဲ ထပ်ရေးအုံးမယ်နော်
မဖတ်ချင်လဲ ကျော်သာ ဖတ် သွားပါတော့ဗျာ
ကျနော် ဘ၀က အဆန်းတော့ အဆန်းသား၊၊ မျိုးရိုးထဲ မှာ တယောက်မျှ
သင်္ဘောသား မရှိဘဲ သင်္ဘောသားဖြစ်ရတဲ့ ဘ၀ ၊၊ ဘကြီးဖြစ်သူက
ကျနော် ဒေါက်ဆားဗစ် ယူနေတာ ကြာပြီဆိုတာကို သူက သိနေတယ်လေ
သူ့ရဲ့ အားပေးပုံက အားရစရာ
မင်းသင်္ဘောက ဘယ်တော့တက်ရမှာလဲကွာ ငါပြောသလို ရေဒီယိုပြင်သင်တန်းတို့၊တီဗီပြင်
သင်တန်းတို့
တက်ပြီး ပြင်စားရင်တောင် ထမင်း မငတ်ပါဘူးကွတဲ့ ကျနော်အဖြစ်က
အဲလို မှတ်သားလောက်တယ်
သူတို့သိထားတဲ့ သင်္ဘောဆိုတာက အလုံးလား
အပြားလား တကယ်တန်းတော့ ကျနော်ကိုယ်တိုင်လဲ
သင်္ဘောဆိုတာပဲသိတာ သင်္ဘောသားရဲ့ အလုပ်၊စိတ်ဓါတ်၊ပင်ပန်းမှု ဆိုတာ တွေကို သိပ်မသိသေးဘူးလေ
စက်ရုံမှာလိုပဲ ပြင်စရာရှိပြင်၊နားစရာရှိ
နား ၊ကမ်းရောက်ရင် ရှိုးပတ်နဲ့ ဈေးဝယ်ထွက်၊
ဂျပန်လို နိုင်ငံရောက်ရင် ဂျာကူဇီလို့ ခေါ်တဲ့ ရေနွေးစိမ်ခန်း
တွေမှာ
စိမ်မယ်ပေါ့လေ စိတ်ကူး တွေ တလှေကြီး ယဉ်နေလိုက်တာများ ပြန်တွေးကြည့်ရင်
ပျော်စရာလို့ပဲ
တွေးရမလား၊ဒါမှမဟုတ် အဲဒီချိန်ထဲက စိတ်ပြောင်းသွားခဲ့ရင်
ငါ ဒီလို ဘ၀မျိုး ဖြစ်မှာ
မဟုတ်ဖူးလို့ နောင်တတော့ တခါတခါ ရမိသား(ကျနော် သူငယ်ချင်းပြော
သလို သူရဲ့ ကောင်မလေးကို
သင်္ဘောသား ဘ၀ကို နားလည်စေချင်လို့ သင်္ဘောသား စာရေးဆရာ အချို့ရဲ့
စာအုပ်တွေ
ပေးဖတ်တယ်တဲ့
သူ့ကောင်မလေးက နောက်တနေ့ ကျတော့ ဘာပြောတယ် ထင်လဲတဲ့ သင်္ဘောသားတွေက
အားရင်
အရက်သောက်ရင်သောက်၊ မသောက်ရင် ကလပ်သွားပြီး ကဲနေကျတာတွေ
ချည်းပဲတဲ့
ကျနော်သူငယ်ချင်းလဲ ဘာပြန်ပြောရမှန်း မသိတော့ဘူးတဲ့ သူရဲ့
လုပ်ရပ် အမှားလေးကို
ပြန်ပြောတာပါ)
အင်း ဟုတ်တယ် ကျနော်တို့ ကိုယ်တိုင်လဲ ဒီလို လွတ်လပ် တဲ့ ဘ၀ကို
တပ်မက်လို့ ပင်လယ်ပျော် ဘ၀ ကို
ရွေးချယ်ခဲ့တာ၊ခုံမင်ခဲ့တာ ငြင်းမရပါဘူးဗျာ တကယ်တော့ ကျနော်တို့ ပင်လယ်ပျော်ဘ၀ရဲ့
ပျော်ရွှင်မှုတွေက အိုစမာ ဘင်လာဒင် ရဲ့ (Twin Tower
Attack (911))တိုက်ခိုက်မှု ဖြစ်စဉ် ပြီးနောက်
ဆိတ်သုဉ်းသွားခဲ့ရပါတယ် အမေရိကန်တွေကလဲ ချက်ချင်း
သူတို့နိုင်ငံ(အမေရိကန်)ကို
လေယာဉ်လိုမျိုး၊ဆီတင် သင်္ဘောကြီးတွေ(VLCC )လိုမျိုး သင်္ဘောကြီးတွေ နဲ့
ဆိပ်ကမ်းတွေကို အတင်းဝင်တိုက်ခိုက်ရင် ဆိုတဲ့ အတွေးက စ လိုက်တဲ့(ISPS code)လို့ခေါ်တဲ့
ဥပဒေတွေ၊မူဝါဒတွေ ဟာကျနော်တို့ အတွက် ကမ်းရောက်လို့လဲ မဆင်းရတဲ့ ဘ၀၊ သူတို့လေးတွေလဲ
ဆိပ်ကမ်းထဲတောင်လာလို့မရတဲ့ ဘ၀ မြင်သာမြင်၊ မကြင်ရတဲ့ ဘ၀တွေပါဗျာ(ထင်သာမြင်သာ
သိပြီးသားတွေမို့အကျယ်မရေးတော့ပါ)ထားတော့ဗျာ
သင်္ဘောသားမဖြစ်ခင်က ဘာမဟုတ်ညာမဟုတ်အလောင်းအလျာဘ၀ ကို ပြန်သွားမယ်ဗျာ တော်ကြာ
ဖတ်ရတာ တောင်ရောက်မြောက်ရောက်နဲ့ကိုရီးယားကား ကောင်းတုံး ကြော်ငြာ ၀င်သလို
ဆန့်တငင်ငင်ကြီး
ကျနော်တို့တုန်းက J.E(M.O.T Second Class Part A) အောင်ပြီးရင်
E.E.R(Effiency Engine
Room)မဖြစ်မနေ တက်ရတယ်ဗျ ဒါမှလဲ ဆီလောင်း(Oiler)နဲ့ တက်လို့ရတယ်
နို့မို့ဆို
ဆီသုတ်(Wiper)နဲ့ ပဲလိုက်ရတယ် အဲမှာပြောချင်တာ ရှိတယ် သင်တန်းကတော့ တက်လို့ရတယ်
လက်မှတ်ကထုတ်မရဘူး ဘာကြောင့်လဲ ဆိုတော့ ပင်လယ်ပြင်လုပ်သက်(၂)လ မရှိလို့တဲ့
ကျနော်တို့က
ဘယ်လိုလုပ်ရှိမလဲ ဒေါက်ဆင်းပြီး စာမေးပွဲ ဖြေပြီး အောင်တော့
သင်တန်းတက်တယ် ဘယ်က
သင်္ဘောကို ဘယ်လို သွားတက်ရမလဲ စဉ်းစားကြည့်လေ ကျနော်ပြောတာ
အကြောင်းမဲ့
မဟုတ်ဖူးနော်
ကိုယ် ရွှေနိုင်ငံက ချမှတ်လိုက်တဲ့ စည်းကမ်းကန့်သတ်ချက်တွေက တခါတလေ ပွဲစား(broker)ဆိုတဲ့
လူတန်းစားကို မွေးထုတ်ပေးနေ သလိုမျိုး ဖြစ်ဖြစ်နေတာကို
သိစေချင်တာပါ ဒီလိုနဲ့ကမ်းရိုးတန်း ဆားဗစ်
ယူရမယ် ဆိုပြန်တယ် ကဲ ဘာဟဲ့ ယောင်္ကျား ငါဟဲ့ သင်္ဘောသားဆိုပြီး
ကိုင်းတန်း-ကလီဆိပ်ခံဘောတံတား၊မော်တင်ဆိပ်ခံ၊ဘုရင့်နောင်
ဆိပ်ကမ်း တို့ကို
စက်လှေတွေကြားတစီးပြီး တစီးတက် ကျနော်တို့ကို ပညာသင် အဖြစ် လက်ခံပေးပါ
ကျောတခင်းစာနဲ့
ကိုယ်စားရိတ်ကိုယ်စားပြီး အလုပ်လုပ်ပါမယ် ပင်လယ်ပြင်လုပ်သက်လေး
လိုချင်လို့ပါ ဆိုပြီး
သင်္ဘောရှာပုံ တော် ထွက်ရတဲ့ ကျနော်တို့ သူငယ်ချင်း တစု ကို
မိတ်ဆွေတို့ စဉ်းစားကြည့် ကျောင်းသား
ပုံစံမပျောက်၊ သင်္ဘောသား ဂိုက် မပေါက်သေးတဲ့ ကျနော်တို့
အုပ်စုကို ဘယ် သင်္ဘောစာရေးက မှ
အဖက်လုပ်ပြီးအလုပ်မပေးခဲ့ကျဖူး၊ ဒီကြားထဲ စကားပြောတာက လဲ ခပ်ရိုင်းရိုင်း
မင်းတို့ကောင်တွေ
ဘာလုပ်တတ်လို့လဲတဲ့ မေးပုံက ရိုက်ပေါက် စိတ်ကို တော်တော်ထိန်းခဲ့ရတယ်(အဲဒီ
အချိန်တုံးက
စိတ်ထဲကနေ ပြန် ပြောပါတယ် ခွီးးးပဲ သူတို့ သင်္ဘော တစီးလုံး
ရှိတဲ့သူတွေ
အတန်းပညာပေါင်းရင်တောင် (၁၀)တန်း ပြည့်ရဲ့လားလို့ မှတ်တေး
ထားမိသေးတယ် ခုတော့
ပြန်တွေးကြည့်တော့ ရယ်စရာကြီး လူလူချင်း အဆင့်အတန်း ခွဲတာမဟုတ်ပါဘူး
ငယ်စိတ်ကို ပြောတာပါ)ဒါနဲ့ လူကြီး တယောက်က အကြံပေးလို့ သင်္ဘောရဲ့
ရုံးပိုင်းဆိုင်ရာတွေကို ပိုက်ဆံယူပြီး အလုပ်လုပ်ပေးနေတဲ့
အေးဂျင့် ဆိုတဲ့ သူတွေကို သွားရှာရတယ်
ကိုယ်တွေ စီးဘို့ ရှာရတဲ့သင်္ဘောကလဲ သံခွန် ဆိုတော့ လူများတော့
တန်းစီ ပြီး
အလှည့် စောင့်ရသေးတယ်(အော် ဘ၀ ဘ၀ )ပိုက်ဆံပေးပြီး ကျွန်ခံပါမယ် ဆိုတာတောင် နေရာလပ်
မရှိလို့ စောင့်ပါအုံးတဲ့
အဲဒီအချိန်တုန်းက ဘယ်မှာလဲ
သင်္ဘောသားနဲ့ဆိုင်တဲ့ ဘယ်အဖွဲ့အစည်း ညာအဖွဲ့အစည်း တွေ
တကယ်ဆို ကိုယ်နိုင်ငံရဲ့ ရေကြောင်းလောက ကို တိုးတက်စေချင်ရင်
အဲဒီ အချိန်တည်းက
လမ်းမှန်ကမ်းမှန် ကူညီမယ် ဆိုရင် ကျနော်တို့တွေ ဒီထက်ပိုပြီး
တိုးတက်အောင်မြင်မှာပါ သင်္ဘောက
ပြန်လာတော့မှ ဟိုအဖွဲ့အစည်းက ၀င်ရမယ်၊ဒီ အဖွဲ့အစည်းက ကဒ်မရှိလို့
မဖြစ်ဘူး ဆိုတော့
တခါတလေ သူတို့က ငါတို့ကို ဘာတွေများ လုပ်ပေးပြီးပြီလဲ လို့
စဉ်းစားမိတယ် စိတ်
အချဉ်ပေါက်မိတယ် တကယ်ပါဗျာ ဆက်ရေးရအုံးမယ် ဆိုလဲ ပေါက်ကွဲ
သံစဉ်တွေများ
လာလိမ့်မယ်ဗျာ ခဏနားအုံးစို့ ဟဲ ဟဲ
မျိုးငယ်(၂၇.၈.၂၀၁၃)
No comments:
Post a Comment