Thursday, September 5, 2013

ဘာလဲဟဲ့ သင်္ဘောသား စာစုများ(၂၃)



ကျနော် အခုနောက်ပ်ုင်းရေးတဲ့ စာစုခေါင်းစဉ်ကို အိမ်မက်ထဲက သင်္ဘောသားကြီး

လို့ ပြောင်းတင်လိုက်ပါတယ် အရင် တုန်းက ဘာလဲဟဲ့ သင်္ဘောသား စာစုများ တုန်းက ကျနော် နဲ့

လက်တွဲခဲ့တဲ့ သူငယ်ချင်းတွေ အကြောင်းပါ

အခုနောက်ပိုင်းရေးမဲ့ စာစုတွေက ကျနော် သင်္ဘောသားမဖြစ်ခင် အလောင်းအလျာ ဘ၀(သင်္ဘောသီး

ဆိုရင် ငှက်စာဆော် အရွယ် အကင်းဘ၀ပေါ့ ဟဲ ဟဲ)

ကြုံရတဲ့ ဒုက၊္ခသုက္ခ ပရုတ်ကျတာတွေ များပါတယ်ဗျာ ကျနော်တို့ လူတိုင်းမှာ ငယ်အိမ်မက်ဆိုတာ

ရှိကျပါတယ် ယေဘုယျ အားဖြင့် တကယ့်အိမ်မက်ကို လက်တွေ့ အကောင်အထည် ဖေါ်နိုင်မှသာ

လူတော်ဖြစ်တယ် လို့ ပတ်ဝန်းကျင်က သတ်မှတ်ကျတယ် တခါတလေ လောကဓံက ပေးတဲ့

အထုအထောင်း၊အလှည့်အပြောင်း သင်ခန်းစာတွေကို ခံရင်း လက်တွေ့ဘ၀နဲ့

အိမ်မက် ဝေးသွားတာတွေ ရှိတတ်ကျပါတယ် ဘာပဲဖြစ်ဖြစ်ပါ ကိုယ်ကိုတိုင်က ကိုယ်ရဲ့ ဘ၀ကို

တည်ဆောက်ပိုင်ခွင့် ရှိသင့်ပါတယ်။ ရှိနိုင်အောင်လဲ ကြိုးစားသင့်ပါတယ်။ ကျနော်

တို့ ရေကြောင်းလောက ဆောင်ပုဒ်တွေထဲ တခုဖြစ်တဲ့ “ကြမ်းတမ်းတဲ့ ပင်လယ်ပြင်တွင် လူပျော့လူညံတွေ

အတွက် နေရာ မရှိတဲ့” တကယ်လဲ မှန်ကန်တဲ့ ဆောင်ပုဒ် လေးပါ

(ပင်လယ်ထဲ မှာ အလုပ်လုပ်နေတယ် ဆိုတည်းက ခက်ညံ့ညံ့တွေ  မဟုတ်တာတော့ သေချာတယ်)

ကျနော်တို့တွေရဲ့ စိတ်သဏ္ဍန်မှာ တကယ်ဖြစ်ချင်တကယ်လုပ် အဟုတ်ဖြစ်ရမယ် ဆိုတဲ့ မှန်ကန်တဲ့

အတွေးလေးတော့ ရှိဘို့ လိုပါလိမ့်မယ်

ကျနော်ကိုယ်တိုင်လဲ ရေကြောင်းဆင်းမဟုတ်သလို အင်ဂျင်နီယာ ကျောင်းဆင်းလဲ မဟုတ်ပါ

အခြားအဆင့်က လိုအပ်တဲ့ စာမေးပွဲကို ဖြေဆိုပြီး အရာရှိဖြစ်အောင်ကြိုးစားခဲ့ရသူပါ တချို့တချို့သော

ညီငယ်တွေ စိတ်ထဲမှာ သူတို့ကတော့ ရေကြောင်းသိပ္ပံ ကျောင်းဆင်းမလို့၊ သူတို့ကတော့

အင်ဂျင်နီယာကျောင်းဆင်းတွေပါ ဆိုပြီး အားငယ်နေမယ် ဆိုရင်

ကိုယ်ရဲ့ငယ်အိမ်မက်နဲ့ တော်တော်လေးဝေး သွားပါလိမ့်မယ် လို့ ထင်ပါတယ်

 မိမိ ကိုယ်တိုင်က မြေစမ်းခရမ်းပျိုး လုပ်သလို ဆိုရင်တော့ သဘောပါ၊၊ မတားပါဘူးဗျာ

(ကျောင်းဆင်းမှာလဲ ကျနော်တို့လို ပဲ ခေါင်းတလုံး၊လက်နှစ်ဖက်၊ခြေနှစ်ဖက်ပါပဲ၊၊ ဒါပေမဲ့ သူတို့

စာအပေါ်မှာ ထားတဲ့ စိတ်စူးစိုက်မှု၊ လေ့လာမှု အားတို့ တော့ ကျနော်တို့ထက် သာရင်

သာနိုင်ပါတယ်)တကယ်တော့ ကျနော်တို့ ရေကြောင်း လောကက သီအိုရီတွေ ရွတ်ပြနေလို့ မရနိုင်သလို

စာမဖတ်လို့လဲ မရနိုင်ပါဖူး အမြဲတမ်း လေ့လာ သင်ယူနေမှ၊ကြိုးစားနေမှ ရတဲ့ ဘ၀ပါ ၊တကယ်တမ်းတော့

သင်ညာ အသိကို လက်တွေ့နဲ့ ပေါင်းစပ်ရတဲ့ အသက်မွေးဝမ်းကျောင်း အလုပ်ပါ ကိုယ်အသက်ကို

တင်ပြီး စွန့်စားတယ်လို့ ပြောနိုင်ပါတယ် နော်၊ တကယ်ကြီး ကိုမျက်ဝါးထင်ထင် ကြီးကို

ရင်ဆိုင်ဖြေရှင်းရတာပါ

(ဥပမာ-ဆရာဝန်တယောက်ဆေးထိုးမှားရင် သေရင် နှစ်ယောက်သုံးယောက်ပေါ့ ကျနော်တို့ 

သင်္ဘောမှာက တယောက် သတိလစ်တာနဲ့ ဘုမသိဘမသိ သေမှာက သင်္ဘောတစီးလုံး၊၊ 

သူတပါး လောက ကို စော်ကားလိုခြင်း မရှိပါ)

အခုလာမဲ့ ပညာရေးစနစ်သစ် အရ အခြားအဆင့် ကနေ

အရာရှိ စာမေးပွဲ ဖြေဆို အောင်မြင်နိုင်မဲ့ အခွင့် အရေးတွေရလာတာ တကယ် ၀မ်းသာစရာပါ ဒီစနစ်

ကြိုဆိုရမှာပါ ကျနော်တို့ ရေကြောင်းလောက စကားနဲ့ ပြောရရင် လက်လာတဲ့

အင်ဂျင်နီယာတွေ(တကယ်ကျွမ်းကျင်တဲ့ အင်ဂျင်နီယာတွေ)

များလာလေလေ၊နောင်တချိန်မှာ ရေကြောင်းလောက ရဲ့ ပုံရိပ်လဲ ဘာပဲဖြစ်ဖြစ် ကောင်းလာမှာပါ၊၊

ဆရာဦးဝင်းအောင် ပြောပြောနေကျ စကားလို စက်ကင်း အင်ဂျင်နီယာ(ပြင်ရမှာ စိုးလို့ စက်နဲ့

ကင်းကင်းနေတာကို ပြောပါတယ်)ထက်စာရင်တော့ အသုံးဝင်မှာပါ၊၊ အတွေ့အကြုံကို ငွေနဲ့ ၀ယ်လို့

မရနိုင် သလို လက်မှတ်ဆိုတာကလဲ စာရွက်တခုသာ ဖြစ်ပါတယ်

ကျနော်တို့ ရေကြောင်း အရာရှိ လောက သည်လဲ အရေအတွက်မှသည် အရည်အချင်း 

သို့ ပြောင်းလဲ နေတဲ့ အချိန်ကာလမှာ ကျနော်တို့တွေ စိတ်ရှည် ဇွဲသန် သဘောထား မှန်မှန်ထားပြီး

ညီရင်းအစ်ကို ပမာ လက်တွဲခေါ် ကာ ရှေ့ဆက်လျှောက်လှမ်းကျစို့လားဗျာ၊၊     ၊၊

မျိုးငယ်(၅.၉.၂၀၁၃)

No comments:

Post a Comment

ထိုဟာလေးဆိုက်မှာထည့်ချင်လာခဲ့ပါ