ကလေးတယောက်ရဲ့ ဒီမိုကရေစီ
==================
နေရာ၊၊ ၊၊ ကျိုက်ထီးရိုးဘုရား
အတက်လမ်း (ရေမြောင်ကြီးစခန်း)
မေမေ သား ဒီအခန်းထဲမှာ ရေမချိုးပါဖူး ဆိုတာကို စူးစူးဝါးဝါး
ကလေးတယောက်
အော်သံနဲ့ အတူ ကလေးငယ် တယောက် အကြောက်အကန် ငြင်းဆန်နေတယ်
အမေဖြစ်သူကလဲ ဇွတ် အင်္ကျီ ချွတ်နေတယ် ကလေးကလဲ ဇွတ်ရုန်းနေတယ်
အမေဖြစ်သူလက်ကနေ၊၊
၊၊
အမေဖြစ်သူကလဲ သားကို အမျိုးမျိုးဖြောင်းဖျ နေတယ်
အရမ်းကြီး ကြမ်းလို့
မရမှန်းလဲ သူသိနေတယ်လေ
(သူက သူ့သားအကြောင်းအသိဆုံးဖြစ်မှာပါလေ)၊၊ ၊၊
ကလေးငယ် ပြောသံ၊၊
၊၊ မေမေ သူတို့က သားကို ၀ိုင်းကြည့်နေမှာပေါ့ သားက
ယောင်္ကျားလေး လေ ( ငိုမဲ့မဲ့ မျက်နှာလေးနဲ့ သနားစရာ)
အမေဖြစ်သူ ပြောသံ ၊၊
၊၊ သားရယ် မင်းက ကလေးပဲ ဟာကို အကုန်ချွတ်တော့
ဘာဖြစ်လဲ ဒါဆို နင်ရေမချိုးတော့ ဖူးလား ပြော (လေသံမာမာ စိတ်မရှည်ဟန်ဖြင့်)
ကလေးငယ်၊၊ ၊၊
ဟုတ်တယ်လေ အဲဒါကြောင့် သားက သူတို့နဲ့ အတူတူ
ရေမချိုးချင်တာ (နောက်မဆုတ်တဲ့ မျက်နှာပေးနဲ့)
သားကို မိန်းကလေး မဟုတ်ဖူးဆိုပြီး ၀ိုင်းကြည့် နေကျလိမ့်မယ်
သူတို့က
မေမေ သားရှက်တယ်နော် ဟင်အင်း ဟင်အင်း
ဒီလို ပေကပ်ကပ်
ကောင်လေး အခုအချိန် ဘယ်မှာ များ ရောက်နေပါလိမ့်
??????????? ??????????? ??????????? ??????????? ???????????
ဒီလို ပေကပ်ကပ် ကျနော်လို ကလေးတွေ မြင်တိုင်း ကျနော် သတိရမိနေတယ်
အမေနဲ့ ခရီးအတူသွားခဲ့တာတွေကိုလေ(၁၉၉၂ခုနှစ်က
အမှတ်တရ
အဖြစ်လေးတွေပါ)
မျိုးငယ်(၈.၉.၂၀၁၃)
No comments:
Post a Comment