ကိုရွှေ သင်္ဘောသီး အိမ်မှာနေရတာလဲ တော်တော်ကြာနေပြီဆိုတော့
အိမ်က မဟေသီကြီး ကို (CDC အသစ်လျှောက်ရမည် ဟု ရွှီးခဲ့တယ်)
တပတ်ရိုက် အကြောင်းပြပြီး
ဒေါပုံ သုံးထပ် ရုံးကို ကိုယ်ပိုင်မရှိသော ကားကို ဟန်ပါပါစီးလိုတဲ့
စိတ်နဲ့(တနည်းပြောရရင် သဌေး ဂိုက်ဖမ်းချင်လို့ပေါ့ဗျာ)ဂိုး
ခဲ့တယ်
ဒီလိုနဲ့ နိုင်ငံခြား စတိုင် ကားတားနည်း
အတိုင်း
လက်မလေး ထောင်လို့
ပထမ ကားဆရာက ဈေးမကိုက်လို့တဲ့ မောင်းထွက်သွားတယ်
ထားတော့ ကိုရွှေသင်္ဘောသီး မပြောတော့ပါဖူး
တခါတလေ
ထွက်ခွင့်ရတုံးလေး အာရုံမနောက်ချင်ဖူးဗျာ
ကဲ နောက်တစီး
Taxi ဆရာ က အငြီးကောင်းတာနဲ့ သူပြောတဲ့ဈေး
အတိုင်း ပေးလိုက်ပါတယ်
(သူတို့ ပြောနေကျ စကားက
ကိုယ်ဆရာရယ် ဆီကားလေးမို့ပါ ဈေးဦးပေါက်လေးမလို့ပါ
ကားလမ်းကျပ်လို့ပါ
ကိုယ်ဆရာရယ် ဆီကားလေးမို့ပါ ဈေးဦးပေါက်လေးမလို့ပါ
ကားလမ်းကျပ်လို့ပါ
ကြားနေကျ စကားလေးတွေ ကိုယ်တောင် မစီးရက်တော့ဖူး
ဆင်းတွန်းပေးရမဲ့ ပုံနဲ့)
ဒီအထိ ကိုရွှေသင်္ဘောသီးက No Problem…နောက်မှ ဆရာက
ဇာတိပြလာတယ်
(ဒီလိုပဲ ပိုက်ဆံ ပိုလိုချင်ရင် လို့ လုပ်တယ်ပဲ
ထင်လိုက်တယ်)ဆရာရယ် ကျနော် သင်္ဘောကျင်း အထဲဝင်
မပေးလို့ရလားတဲ့ဗျာ
နည်းနည်းတော့ တင်းသွားပြီ ဒါနဲ့ လမ်းမလျှောက်ချင်လို့
စီးခဲ့တာလေဗျာ
နည်းနည်းဗြဲ လိုက်တယ်
ကိုယ်ရွှေသင်္ဘောသီးက ဒေါသကို သင်္ဘောပေါ်မှာလို Garbage
အိတ်ထဲ အမှိုတ်ထည့်သလို
ပြွတ်သိပ် ထည့်တတ်တာ
မဟုတ်ဖူးနော်(ဒေါပုံ သင်္ဘောကျင်း အ၀င် လမ်း နဲ့
ကားမှတ်တိုင်က တော်တော်လေး လှမ်းတယ်လေ
မိုးရွာလျှင် ရေလျှံ
နေပူရင် လဲ ချစ်ချစ်တောက်ပူသည့် ကွန်ကရစ်နဲ့
ကတ္တရာ စပ်ကြား လမ်းကျဉ်းလေး )ဆိုတော့ ကားတိုင်း
ဝင်ပြီး
ပြန်ထွက်ရခက်တယ်လေ ဒါကြောင့် ငြင်းတယ်ဘဲ ထင်လိုက်တယ်
စိတ်ထဲမှာ
နောက်မှ ကားဆရာက ဆရာရယ် ကျနော်လဲ တချိန်က
သင်္ဘောသားပါပဲဗျာ ကကြီးကခွေးပါ(ABနဲ့ လိုက်တယ်ပြောတာ)
ကျနော်ဝင်ပို့လိုက်ရင် သင်္ဘောသားသူငယ်ချင်းတွေနဲ့ တွေ့လို့
ကိုယ်က နိမ့်နေတော့ မတွေ့ချင်ဖူးဗျာတဲ့
အင်း ကိုယ်ရွှေ
သင်္ဘောသီးလဲ သနားသွားပြီ ကားဆရာကို ဘာတတ်နိုင်မလဲ
ကိုယ်ကလဲ ကိုယ်အပူနဲ့ကိုယ်ကိုဗျ
ကိုယ်ရွှေသင်္ဘောသီးလဲ
ကိုယ်ချင်းစာလို့ လျှောက်ပေအုံးပေါ့ နေပူပူ ဖွက်ထူထူကို
လူတွေကားတွေ ရှောင်ရင်းနဲ့၊၊ ၊၊
ဒီမှာတင် ကိုရွှေသင်္ဘောသီး ဖျက်ကနဲ အတွေးတခု ရလိုက်တယ်
စောစောက ကားဆရာ ကကြီးကခွေး(AB) သင်္ဘောသား ကြီး အတွက်
ဘာဖြစ်မယ်ထင်လဲ
???????????????????????
အင်းး ဒါလဲကောင်းပါတယ် ဘယ်သူမှ သူကို
ဝှီး အော်ဒါ(Wheel Order)ပေးလို့ မရတော့ဖူးလို့
တွေးမိရင်း
ခပ်ထေ့ထေ့လေး တချက် ပြုံးလိုက်မိတယ်၊၊ ၊၊
မောင်ဒိုးနတ်(၉.၉.၂၀၁၃)
No comments:
Post a Comment