ကျနော် ခုတလော စိတ်မကောင်းစရာတွေ များနေလို့
ဟာသတွေ ခေါင်းထဲကမထွက်ဖူး
ဖြစ်နေတယ်..
ကိုယ်လောက ကို မြင်တဲ့ အမြင်နဲ့၊ ခု အပြင်က ဖြစ်နေတာ တွေက
ဘယ်လိုမှ အပ်စပ်လို့ကို
မရဘူး၊၊((ဇာတ်တူသား စားကျလို့ ဟင်္သာကိုးသောင်း ပျက်စီးရတဲ့ ပုံပြင်လို ဖြစ်နေတယ်))
အတ္တတွေကြီးစိုး လို့ လောဘ၊ဒေါသ၊မောဟ
တွေနဲ့ဘဲ
အယုတ်ညံဆုံး စကားတွေ၊အယုတ်ညံဆုံး အပြုအမူတွေနဲ့ ဘဲ ပြည့်ကျပ်နေတယ် ၊၊ ၊၊
တကယ်တော့ လူ လို့ဖြစ်လာ ကတည်းက လောဘ၊ဒေါသ၊မောဟ
နဲ့မကင်းလို့လဲ “ပုတုဇဉ်” လို့ သတ်မှတ်ပြီး
ဗုဒ္ဓ ဘုရားရှင်က ဒါတွေကို ပယ်သတ်နိုင်တဲ့ အရိယာအဖြစ်နဲ့
သံသရာရဲ့ လွတ်ကင်းရာ အမှန်ဖြစ်သော အမတ နိဗ္ဗာန် ကို ရောက်နိုင်တဲ့ လမ်းကို လမ်းညွန် ခဲ့တာပါ၊၊ ၊၊
ကျနော်တို့
သင်္ဘောသား ဘ၀ ဆိုတာ သင်္ဘောပေါ်ရောက်တဲ့ အချိန်က စလို့
တာဝန်
ဆိုတဲ့ အသိ၊အလုပ်အပေါ်ထားတဲ့
စိတ်တို့နဲ့ အချိန်အခါ မရွေး သေနိုင်တယ် ဆို မမြဲတဲ့ တရား
လက်ကိုင်ထားပြီး ကိုယ်ရဲ့ ထမင်းရှင် တွေ အပေါ်
အလုပ်အကျွေးပြုရတာပါ၊၊ ၊၊
တခါတလေ စိတ် ဆိုတာလဲ ပြောရခက်သားလား၊၊
မကောင်းတဲ့စိတ်၊မကောင်းတဲ့
အပြုအမူ တွေဆိုတာက ရောက်ရှိရာ
ပတ်ဝန်းကျင်ရဲ့ စေ့ဆော်မှုတွေက
ဖြစ်စေတာကိုဗျ၊၊
((တခါတလေ သူငယ်ချင်းတွေက ခင်ဗျား ဘုန်းကြီးသာ ၀တ်ပါတော့ ဗျာ တဲ့၊ ကျနော်က
လဲ စဉ်းစားနေပါတယ်လို့.. ဟဲ ဟဲ နောက်တာနော် အတည်မယူနဲ့ တော်ကြာ ရဟန်းဒကာ၊ရဟန်းအမတွေ
ပေါ်လာမှဒုက္ခ နေပါရစေအုံး))
ကြုံခဲ့ဖူးတဲ့ ကုန်းချုပ်ကြီး အယူအဆ လေးတခုကြား ခဲ့ရဖူးတယ်
“သင်္ဘောက
ပစ္စည်းဆိုတာ အများပိုင် ကွတဲ့ .ကိုယ်က ဒါကို
ကိုယ်ကျိုး ယူငင်သုံးစွဲ ချင်လို့ အိမ်ယူသွားရင် ခိုးတာပဲတဲ့၊
ခုဘ၀ တောင် စားချင်တိုင်းမစားရ၊နေချင်တိုင်းမနေရ တဲ့ ဒီဘဝ
ကို နောက်ဘ၀ မြေခံရတာကို
မလိုချင်နဲ့တဲ့”..ဒီစကား
သိပ်တန်ဖိုးရှိတယ်၊၊ ၊၊
ကျနော်တို့လဲ ငယ်တုန်းက အပျော်သဘောမျိုးလေး
လုပ်ခဲ့တာရှိတယ်..သိတဲ့အချိန်က စပြီး
“နောက်ဆုံးကိုယ်လိပ်ပြာ ကိုယ်မလုံ”
ဆိုသလို တော်တော်လေး
ကြောက်ခဲ့တယ်၊၊ ၊၊
ကျနော်တို့ သင်္ဘောသားတွေ ဆိုတာကို လေဆိပ်မှာ စုံရင်
ခပ်ဝေးဝေးက
လှမ်းမြင်တည်းက
တန်း သိတယ်၊၊ ၊၊
အထုပ်ကြီး အထုပ်ငယ်များစွာနဲ့ မယား၊သားကို
လက်ဆောင်တွေဝယ်ပြီး အိမ်အပြန် မျက်နှာပန်းလှအောင်
ဝယ်ခဲ့ရတာလေ
((တခါက သူငယ်ချင်းတယောက်ရဲ့
သမီးက ဘာဘီ အရုပ်မ ကြီးကြီး
ဝယ်ခဲ့ ဆိုလို့ အဖေဖြစ်သူက မရရအောင်ဝယ်ပြီး လေဆိပ်မှာ
လူတွေက၀ိုင်းကြည့်ခံရလဲ
ရှက်ရကောင်းမှန်းမသိ အော် မိဘမေတ္တာ
ကြီးမားကို.)
သားဦး ယောင်္ကျားလေး
ဆိုရင် ပိုဆိုးသေးတယ်((ဒါကြောင့် ထင်တယ်
သင်္ဘောသား ရဲ့ သားတွေ ဆိုးတယ် ဆိုတာ မိဘ က အလိုလိုက်တာခံရတာကို))
ဒီကောင်တွေက တော်တော် ပြဿနာရှာတယ် ဘယ်လိုလဲ သိလား၊၊
ပြန်ရောက်ခါစ
နေလည်ပိုင်း အထိကတော့ အိုကေ ပဲ၊၊ ၊၊ပါလာတဲ့ ချောကလက်တွေ
အရုပ်တွေနဲ့ပေါ့ ..
ညဘက်အိမ်ယာ ထဲ
ရောက်လို့ တရေးနိုးမှ ဘယ်ကလူကြီးလဲ မသိဘူးဆိုပြီး အော်ငိုလို့
ခေါင်းအုံးလေး ပိုက်ပြီးဧည့်ခန်းထွက်အိပ်ရတဲ့
ဖေဖေ သင်္ဘောသားကြီးတွေ အများကြီး))
ရယ်စရာ
ကောင်းတယ်လို့ ထင်ရပေမဲ့တွေးလိုက်ရင် ၀မ်းနည်းဘို့ ကောင်းတယ်နော်၊၊ ကိုယ် မိသားစု ဘဝ
ဒါတွေက တကယ်
အပြင်မှာ ဖြစ်နေတာ..သင်္ဘောသား စလုပ်မယ် ဆိုတည်းက
ဆုံးရှုံးခဲ့တဲ့
မိသားစုဘ၀လေး((အဖေ၊အမေသေလို့လဲ ပြန်မလာနိုင်တဲ့ ဘ၀))
အခု ကိုယ့် သားသမီးမှာလဲ
မိဘမေတ္တာလဲထပ်ဆုံးရှုံးရပြန်ပြီ
တွေးကြည့်နိုင်တယ်လေ.((ဒီလို ဘ၀မျိုးကို ရုပ်ရှင် ဒါရိုက်တာတွေ
ကို နေကြည့် ခိုင်းချင်တယ်ဗျ))
သနားအောင်ပြောနေတာ
မဟုတ်ဖူး၊၊ ၊၊
ပြဌာန်းပြီးသား
ဘ၀ တခုကို သိစေချင်တာ.
ကျနော်နဲ့ ဆုံခဲ့ဖူးတဲ့ ကိုရွှေသင်္ဘောသားများကို လူရွှင်တော်
များလိုတော့ မထင်မှတ်ပါနဲ့ဗျာ လို့
အရင်ဆုံး တောင်းပန်ပါရစေ…သူတို့ လဲ ထမ်းဆောင်တဲ့
တာဝန်ကို ကျေပွန်စွာ ထမ်းခဲ့ကျတဲ့ သူတွေပါ၊၊ ၊၊
တခါတလေ
စိတ်ဆန္ဒနဲ့ ဖြစ်နေတဲ့ ဘ၀ ထပ်တူမကျရင် ဘေးကလူတွေ အမြင်မှာ
ကန့်လန့်ကြီး(ရယ်စရာ) ဖြစ်တတ်ကျတာ သဘာဝ
ပါ..
ဒီလိုဖြစ်ခဲ့လို့လဲ. အမှတ်ရစရာ လေးတွေကို
ပြန်ပြောင်း အောက်မေ့ပြီး
ဘ၀ အမောပြောစေလိုတဲ့ ဟာသ သဘောနဲ့ အသောလေး နှောပြီး
သတိတရရှိ
ခဲ့တာလေးတွေကို ရေးခြင်းဖြစ်ပါတယ် ၊၊
၊၊မည်သူတဦး၊တယောက်၊မည်သည့်ရာထူး
ကိုမှ ရည်ရွယ်စော်ကား
လိုခြင်း အလျဉ်းမရှိပါ၊၊
၊၊ ၊၊
မျိုးငယ်(၁.၇.၂၀၁၃)
No comments:
Post a Comment