ကျနော် က ဆက် ရေးအုံးမယ် ဆိုထားတော့ ကိုယ်ဘာသာ စဉ်းစားပြီး
ထပ်ရေးရအုံးမှာပေါ့၊၊(မင်းကို ဘယ်သူက ရေးခိုင်းလို့လဲလို့
သူငယ်ချင်းတွေ က ပြောလာရင်
ကျနော် က မနေနိုင်၊မထိုင်နိုင်ရေး မိတာ ကို၊၊)
ကျနော် အပိုင်း(၈)က ရေးထားတဲ့ သင်္ဘောသားရဲ့
စိတ်နေစိတ်ထား ထဲက တမျိုးကျန်သေးတယ်..
(မှတ်ချက်၊၊ ၊၊
အမှန်အတိုင်းရေးမှာ ဖြစ်လို့ သင်္ဘောသား
ညီအစ်ကိုတွေ စိတ်ကွတ်ခဲ့ရင်လဲ ခုကကြိုပြီး တောင်းပန်ပါရစေ
.)
ကျနော်တို့ ၀န်ခံတယ်..ကျနော်တို့ စိတ်ထဲမှာ ကိုယ့်ကို ကို
အထင်ကြီးတဲ့ စိတ်လေး တော့ နည်းနည်းစီ ရှိကျတယ်၊၊
၊၊
ဒီစိတ်ကလဲ ကိုယ် ရင်ဆိုင်ခဲ့ရတဲ့
ပတ်ဝန်းကျင်က လေးကျင့် ပေးလိုက်တာ..ဒီစိတ်လေးက ပဲ
ကိုယ်ရဲ့ အောင်မြင်မှုကို ဆောင်ကျဉ်းပေးတယ်
လို့ပဲ ကျနော်တော့
ယုံကြည်တယ်…လွန်ကဲ ရင်တော့ ဘယ်စိတ်
ဘယ်ဟာမှ မကောင်းနိုင်ဘူး၊၊ ၊ကိုယ်စိတ်နဲ့ ကိုယ်ကိုပါ တော်ကြာ
ဒီမိုကရေစီ မကျဘူး
ဆိုပြီး
ဝိုင်းကစ်နေကျအုံးမယ်..ကြောက်နေရတယ် ခုခေတ်က
ဒီအဖြစ်အပျက်လေးက ကျနော် သင်္ဘောသား လုပ်ဘို့
စိတ်တောင်မကူးသေး တဲ့ အချိန်ပေါ့……..ကျနော်က သင်္ဘောသား
မဖြစ်သေးခင်တည်းကကို အပေါင်းအသင်း
စုံတယ် ကျောင်းသားမဟုတ်တဲ့သူတွေ၊လူကြီးတွေနဲ့ပါပေါင်းတော့
ကျန်တဲ့လူကြီးတွေအမြင် မှာ
“ဒီကလေး က ငယ်ငယ်ရွယ်ရွယ်နဲ့ ပျက်စီးနေတယ်၊၊
တချို့သူငယ်ချင်း
မိဘတွေဆိုရင် ကိုယ်နဲ့ပေါင်းတာ ဘဲ
မကြိုက်သလိုလို၊
ကျုရှင်တောင် အတူတူ မတက်စေချင်တဲ့
အဖြစ်မျိုး
” ကြုံရဖူးတယ်
တစ်ချိန်တုန်းက ဒီလိုအပြောတွေကို စိတ်နာ ခဲ့ပေမဲ့ ဒီအချိန်မှာ
ကိုယ်ကို ဒီလို ဘ၀မျိုးဖြစ်အောင်
တွန်းပို့ ပေးလိုက်သလို
ဖြစ်နေတော့ ကျေးဇူးတောင် တင်မိတယ်…
ကျနော်တို့ သင်္ဘောသား မဖြစ်ခင် သင်္ဘောသားအလောင်းအလျာ
ဘ၀မှာ
ပြန်လာတဲ့ သင်္ဘောသားကြီးတွေရဲ့
သူတို့ကြုံခဲ့တာတွေကို ပြန်ပြောတဲ့အခါ မစားရ “၀” ခမန်း၊မမြင်ရ
“အံ့”မခန်း ဖြစ်တာ ကျနော်ဘော်ဒါ
တွေလဲ
ခံစားဖူးမှာပါ…ဟုတ်တာတွေရော၊မဟုတ်တာတွေရော ပြောတဲ့သူရဲ့
စရိုက်အတိုင်း နားထောင်ကောင်းခဲ့တာတော့ မလွဲဘူးနော်..ထားတော့
ဇာတ်လမ်း ဆက်မယ် လေတော်တော်ရှည်တဲ့
ကိုမျိုးငယ်
ဖြစ်နေမယ်၊၊ ၊၊
ရပ်ကွက်တခု ရဲ့ ချောင်ကျကျ လက်ဖက်ရည်ဆိုင် ဆိုပါတော့..
ဒီဆိုင်ကို ရွေးချယ်လိုက်တာက ကျနော်တို့ အဖွဲ့တွေက
လက်ဖက်ရည်တခါထိုင်ရင်
အနည်းဆုံး (၂)နာရီဘဲ၊၊
သင်္ဘော ကျောက်တင်ကျောက်နှုတ်တာ ကမှ
မြန်အုံးမယ်…ဒီလိုဗျ..ဖြစ်ပုံက..ကျနော်တို့တွေ
စိတ်ထဲမှာ
သူများကို ချောက်ချချင်တာ မဟုတ်ပေမဲ့ သူငယ်ချင်း
အချင်းချင်းတော့ နောက်ရွှတ်တာ ၀ါသနာ ပါတယ်ဗျ…
စကားမဆက် ပြောရအုံးမယ် ကျနော်တို့ ထိုင်နေကျ
လက်ဖက်ရည်ဆိုင်
က
ကောင်တာ ထိုင်တဲ့ မဒီလေးက တော်တော်လန်းသဗျ..
ကျနော်တို့သူငယ်ချင်း တွေက အပြောသာ ရှိတာ၊တကယ့်
တကယ်ကျ "ဇ" ရှိတဲ့ သူတွေ တော့
ဟုတ်ဖူးရယ်…
ဒါပေမဲ့ သူနဲ့ ပတ်သတ်တဲ့ သတင်းတော့ သိုးသိုးသန့်သန့် ရထားတာ
ရှိတယ်…သက်သေပြဘို့
ဆိုတာ လဲ သတ္တိက မရှိကျပြန် ဘူး၊၊ ၊၊
ဘယ်သူ လူစွမ်းကောင်း လုပ်မလဲ စောင့်ကြည့်နေကျတယ်၊၊
ဒီလိုနဲ့ လူစွမ်းကောင်း တယောက်ပေါ်လာတယ်..
သူငယ်ချင်းရဲ့ အစ်ကိုတယောက်က သင်္ဘောသား ပြန်လာတာ
မကြာသေးဘူး…စောစောပိုင်းရေးခဲ့
သလို
လက်ဖက်ရည်ဆိုင် မှာ သင်္ဘောအကြောင်း လေမုန်တိုင်း
ထန်နေချိန်ပေါ့….သူ့အချိန် သူ့အခါ ကို..ကျနော်တို့က
ဆိတ်ဆိတ်နေတတ်ကျတဲ့သူတွေဆိုတော့ ခံပေါ့ သူဒဏ်ကို .
ဒါပေမဲ့ သူ့ မျက်လုံးတွေက မရိုးသားဖူး၊၊ ၊၊ကျနော်တို့နဲ့
စကားပြောနေပေမဲ့
မျက်လုံးက ဆိုင်ကောင်တာ က အလှပဂေး
ရှိကို ရောက်ရောက်နေတယ်…ကျနော်တို့ကလဲ
သိနေတယ်လေ..
သူရဲကောင်းတွေ့ပြီပေါ့…ကြိတ် ၀မ်းသာနေတယ်..ဟဲ
ဟဲ..((စိတ်ထားမကောင်းတာတော့
မဟုတ်ဖူး၊မတင်မကျ ဖြစ်နေတာ
ကို ရှင်းရှင်း သိချင်တာ))
ဒါနဲ့ဘဲ ကျနော်တို့က
သူကို ဆွေးနွေးလိုက်တယ်…”အစ်ကို
လောကမှာ မိန်းမနဲ့ ယောင်္ကျား
ကို မြင်ယုံနဲ့ ခွဲခြားနိုင်သလားပေါ့..”ကျနော်တို့က
ရိုးရိုးသားသား
မေးပေမဲ့ ကိုရွှေသင်္ဘောသားကြီးက ကျနော်တို့ကို
“ချာတိတ်” ဆိုတဲ့ အဓိပ္ပါယ်ပါပါ ခနဲ့ပြုံးလေး
ပြုံးပြီး “ငါညီ ကိုယ်က
ကမ္ဘာတောင် ပတ်လာတာ မိန်းမကို မြင်တာနဲ့ “ကကြီးကနေ အ အထိ
သိတယ်ကွ တဲ့”
ဟဲ ဟဲ
ကျနော်တို့လဲ
ဝမ်းသာသွားတယ်…အဖြေရတော့မှာကို…၊၊ ၊၊”ဒါဆို
အစ်ကို ကောင်တာက မမ ကို ရအောင် ဖန်တီးနိုင်မလားပေါ့
ဒီမှာတင် ကိုယ်ဆရာက "သူကြီးသားကလဲ
ဖြစ်ပြန်၊သိုင်းကလဲတတ်ပြန်
မြှောက်နေတဲ့သူ ဆိုတော့ စောင့်ကြည့်တဲ့၊မင်းတို့ရှေ့မှာ
တပတ်အတွင်း လက်ချိတ်ပြီး လက်လျှောက်ပြမယ်တဲ့”
သူရဲကောင်း ဆိုတာ ဒါမျိုးမှ
((နောက်ပိုင်းမှ မင်းတို့ကွာ တော်တော် ရက်စက်တဲ့ ကောင်တွေတဲ့
စိတ်ဆိုးရခက်တဲ့ ညီတွေ ဆိုတော့))
ကျနော်တို့လဲ
လူရွေးမှန် သွားပြီပေါ့…နောက်တပတ်
ကြာတော့ ကောင်တာက မဒီ ကြီးနဲ့ ကိုရွှေသင်္ဘောသား
လဲ
ပျောက်နေတယ်.
ကျနော်တို့က ကြိုက်ရုံ ကြိုက်ခိုင်းတာ
ကိုယ်ဆရာက တခါတည်း အပြီး `မ’ သွားတာလားပေါ့၊၊ ၊၊
((ဒီသင်္ဘောသားက
စိတ်ကြီးတယ်လေ)…
သူ့ညီ သူငယ်ချင်းရှိကို ဖုန်းဆက်ပြီး …ဘာထူးလဲပေါ့..အဲမှာ
ကိုယ်ဆရာက ဖုန်းပြန်ပြောတယ်..ကိုယ်
..ညီလေးတွေ ကို
ရှက်တာရော..ကောင်တာက မဒီကြီးကို
လဲ ကြောက်လို့တဲ့ သူပြန်ပြတော့မှ ညီလေးရယ် ကိုယ်က သူကို စ ပြီး
သွား စကားပြောတော့ သူက ရှက်လို့ ထင်ပါရဲ့ မျက်လွှာလေးချလို့
ဟုတ်ပြီပေါ့ ဒါမျိုးမှ ရွက်ပုန်းသီး အစစ်လို့ စိတ်ထဲမှတ်နေတာ
ကိုယ်လဲ နောက်တဆင့် တက်မယ် ဆိုပြီး ရုပ်ရှင်ကြည့်ရအောင်
ချိန်းလိုက်တယ် ရုပ်ရှင်လက်မှတ်ကို အထူးတန်း (ရှယ်) ၀ယ်ပြီးတော့ ကို ကြည့်ပစ်
လိုက်မယ်ပေါ့ ဒါနဲ့ ရုပ်ရှင်ရုံထဲ ရောက်နေတဲ့ အထိ
မဒီလေးက ခေါင်းညိတ်၊ခေါင်းခါ အမူအရာတွေနဲ့'ပဲ' များနေတာ
ကိုယ်လဲ သူကို 'ချစ်တယ်' လဲ ပြောလိုက်ရော သူက
"တကယ်ပြောတာဟင်" တဲ့ ယောင်္ကျား သံအောအော ကြီးနဲ့
ပြန်မေးတာ ကိုယ်လဲ အပေါ့သွားအုံးမယ် ပြောပြီး တချိုးတည်း တန်း
လစ်ရတော့ပေါ့ အမယ်လေး ကံကြီးပေလို့ ဒီထက်
အဆင့်တွေဆို တွေးတောင် မတွေးဝံဖူး ငါညီရေ တဲ့၊၊ ၊၊
ကောင်တာက မမ က အချော်တ
ကောက် အခြောက်ကြီး
(Gay)တဲ့…ဗုဒ္ဓေါ ..
ဒါဆို ကျနော်တို့ ရထားတဲ့ သတင်းက
မှန်နေတာပေါ့
နောက်တနေ့နံနက်ခင်း လက်ဖက်ရည်
ဆိုင်ရောက်တော့ ကောင်တာက
လေဒီကြီးက လှမ်းလှမ်း
ရှိုးနေတာ..သိနေတာကို တဖွဲ့တည်းဆိုတာ.ကျနော်တို့လဲ
မဖြစ်ချေဘူး…နောက်တဆိုင်
ပြောင်းထိုင်ဘို့ ကို အမြန်
ဆုံးဖြတ်လိုက်ရတယ်ဗျ….
.နောက်ပိုင်း ကိုယ်တွေဘက်
လှည့်လာနိုင်တယ်လေ…ကြိုရှောင်ထားရတာပေါ့…သင်္ဘောမှာလို(Safety
First)ပေါ့ …
အခုချိန်အထိ ရုံးမှာ ကိုရွှေသင်္ဘောသားကြီးနဲ့ ဆုံဖြစ်ရင်
"အစ်ကို ကမ္ဘာပတ်တုံးဘဲလား မေးရင် ရှက်နေတုံး၊
ရယ်ကျဲကျဲနဲ့
ကျောက်ချထားတာ ကြာပြီတဲ့..အလျော့ပေးချင်ပုံတော့
မရသေးဘူးဗျ….:-)
ကမ္ဘာပတ်တာ မှန်ပေမဲ့ မြန်မာကို မပတ်နိုင်တဲ့
ကိုရွှေသင်္ဘောသားကြီးလို
မဖြစ်ရအောင် ယုံကြည်မှု
လွန်ကဲပြီး လောကကို အတုနဲ့အစစ် ကိုခွဲခြား မြင်နိုင်ပါကျပါ
စေဗျာ….
(စာကြွင်း၊၊ ၊၊ခုချိန်ဆိုရင်တော့ မကြီးစန်းတို့
လို ရှိနေပြီဆိုတော
ကိုယ်လူတွေ ပိုပြီးသတိထားနိုင်ကျပါစေ…)
မျိုးငယ်(၃၀.၆.၂၀၁၃)
No comments:
Post a Comment