ကျနော်ကို
သူငယ်ချင်း တယောက်က ကွန်မန့်ရေးထားတာတွေ့ရတယ် သင်္ဘောသားချင်း အတူတူကို
ဘာလို့ ရွှေ(မြန်မာ)ကို
ဘာလို့ နှိမ်ရတာလဲတဲ့
ဒီအကြောင်းလေးလဲ ထည့်ရေးပါလို့ ရေးထားတယ်ဗျ
ဒီလောက် ကျယ်ပြန့်တဲ့
အကြောင်းအရာကို ကျနော် အနေနဲ့ ရေးဘို့ ဘယ်လိုမှ လက်မရဲ ပါဘူး လို့ ၀န်ခံပါရစေ
ကျနော်
ကိုယ်တိုင်က ပင်လယ်ပြင် လုပ်သက် နဲနဲ လေး ဘဲ ရှိသေးတဲ့ ငချွတ်သင်္ဘောသားလေး တယောက်ပါ
နောက် ကျနော်
ကြုံခဲ့ ဆုံခဲ့ တဲ့ ခဏတာ အချိန် လေး အတွင်းက
ဘ၀အမောလေးတွေကို
ရယ်စရာအဖြစ် ဖြေလျော့ရင်း ဘ၀မှန်ကိုလဲ သိစေ၊အပျင်းလဲပြေစေ သဘောဖြင့် သုတ ရသစာပေ အနေနဲ့မဟုတ်တောင်မှ
ဖတ်လို့ကောင်းအောင် ရေးဖွဲ့ခြင်းပါ၊၊ ၊၊
ကျနော်တို့
လူမျိုးမှာ အားနည်းချက် တွေ အများကြီး ရှိတာ
ငြင်းလို့ မရပါဘူး၊၊((ဒီလိုရေးတော့ စကားလုံးကြီးကျယ် သွားလို့ ဖြေရှင်းရမယ်ဆို ဘယ်လို
ဖြေရှင်းရမယ် မသိပါ၊၊ ဒီအထဲကမှ ကျနော်ကြုံခဲ့တဲ့
အချို့အချက်အလက်လေးတွေ
သာရေးမှာပါ ဒီထက်လဲ ပိုများနိုင်တယ် လို့ထင်ပါတယ်))
ကျနော်တို့
ကိုးကွယ်တဲ့ ဗုဒ္ဓဘာသာ ရဲ့ လေးနက်တဲ့ အဆုံးအမ နဲ့ ပေါက်ဖွားကြီးပြင်းရာ နိုင်ငံရဲ့
ယဉ်ကျေးမှုအရကြီးသူ ရိုသေ၊ငယ်သူ
ကို လေးစား၊အားနည်းတဲ့ သူကို ကူညီဆိုတဲ့ စိတ်အခြေခံတွေ ကို
ဘယ်လိုမှ ဖယ်မထုတ်နိုင်တာ
ရွှေတွေရဲ့ အားနည်းချက်ပဲ လို့ ကျနော် ထင်တာနော် ၊၊
((ဟို တချိန်က မြန်မာလူမျိုး ဘယ်လောက်တော်တော်
အုပ်ချုပ်ရေးဖက်မှာ သူကြီး(Captain) မပေးဘူး ဆိုတာတွေ ကို အခြားသူတွေရေးတဲ့ စာတွေထဲမှာ ဖတ်ရပါတယ်)) ၊၊
ရှင်းရှင်းပြောရရင် နိုင်ငံခြားသား စိတ်ထဲမှာ ကိုယ့်မြန်မာ
လူမျိုးအချင်းချင်း စည်းလုံးနေရင်
ပြန်ပြီးတော်လှန်မှာ ကို ကြောက်တယ်((ကိုရွှေ သုံးယောက်လောက်
စုပြီး ထိုင်နေရင်တောင် လူမျိုးခြား
သူကြီးက မင်းတို့ ဘာပြဿနာရှိ လို့လဲ လာမေးတာ ကိုယ်တွေ့ပါ
))
ကိုယ့် မြန်မာလူမျိုးကလဲ အဖြုကောင် ဆိုရင်
ဟိုက ဘာမှ မပြောရသေးဘူး ရက်စ်ဆား(Yes Sir)ရောင်းတာက အရင် (( အားနည်းချက် ဆိုတာကို သိအောင်ရေးရတာပါ အကျင့်ပါနေတဲ့သူ ဆိုရင် ကိုယ်သဘောနဲ့ကိုပါ))
နောက်တခုက
အင်္ဂလိပ်စကား ကို ရေလည်ပတ်လည် ပြောဆိုနိုင်မှု အားနည်းတာ အချို့လူမျိုးတွေက လုပ်ငန်း ကျွမ်းကျင်မှုက
ကို့ယ့်ထက်နိမ့်ပေမဲ့
“အလျှောက်ကောင်းတော့
အထောင်းသက်သာ” ဆိုသလိုဖြစ်သွားတတ်တဲ့
သာဓက လေးတွေ
ရှိတယ်၊၊ ၊၊
ဒီတော့ ကိုယ်လူမျိုး ကိုရွှေအရာရှိကြီးများ ခမျာ ဆန်ရင်းသာ နာနာဖွတ် တတ်တာ
အခြားလူမျိုးနဲ့လဲ
ဖြစ်ရော “ခွေးအ ကြီး လှည်းနင်းသလိုလို
တအီအီနဲ့ ခံပေရော”့ ((ရက်စ်.Yes ၊ နိုးစ် No. ၊ အိုကေ OK နဲ့ ထောင်ကျမဲ့ အဖြစ်) )
ကိုယ်ဘက်ကလဲခံရသေး နားလည်အောင်
ရှင်းမပြနိုင်တော့ ဘယ်သူမှ မကယ်နိုင်ဘူးလေ((ဒါကြောင့် လဲ သင်္ဘောသား ဈေးကွက်မှာ ဖားတွေ(ဖိလစ်ပိုင်)
က မြန်မာ လူမျိုး ထက် လစာပိုကောင်းတာ၊
သူတို့ နိုင်ငံရဲ့ သင်္ဘောသားနဲ့ဆိုင်တဲ့ အဖွဲ့အစည်းတွေက လဲ ကိုယ့်လူမျိုးဘက်က ရပ်တည်တာ၊ ကောင်းတာလဲ
ပါတယ်))
ထားပါ ဒါတွေကိုပြောနေရင်
နိုင်ငံရေးတွေ
ပါကုန်တော့မယ် ကိုယ်ပေါင် ကိုယ်လှန် ထောင်းဆိုသလိုပါဘဲဗျာ
အမိန့်နာခံမှု
ကတော့ ကျနော်တို့ လူမျိုးက “စံ”ပဲဗျာ
((ခိုင်းတာလုပ်၊ကျွေးတာစား၊ပေးတာ ယူ၊ပြန်မပြော နဲ့
ဒီစနစ် က ဘယ်သူက စတီထွင်လိုက်မှန်းမသိတဲ့
စနစ် တော်ပြီ ပြောတော့ ဖူးနော် ဘွာတေး ဘွာတေး))
ကိုယ့်အရာရှိခိုင်းလို့ ကတော့ အလုံပိတ်အခန်း(Eclosed Space)၊ ကို အောက်ဆီဂျင် ရှိ
/မရှိတိုင်းတာခြင်း
မရှိလဲ ၀င်တာဘဲ
((ဟိုတလောလေး ကပဲ ကြားလိုက်သေးတယ် ၀င်ခိုင်းတဲ့ အရာရှိရော၊
ဝင်တဲ့သူရော ဓါတ်ငွေ့ ရှုမိပြီးသေတာ ))
တခါတလေ မိုက်မဲတဲ့ အရာရှိတေ၊ွ အလုပ်လောတဲ့သူတွေ
နဲ့ ဆိုရင် တော်တော်လေး အန္တရာယ် များတယ်
(( ဥပမာ-Fire watch မထားပဲ Welding ဆော်မိ လို့
မီးလောင်တာတွေ၊ ယူနစ် အိုဗာဟော လုပ်နေတုန်း လက်ပြတ်တာတွေ အို စုံလို့ရယ်) ၊၊
ဘယ်သူမှာ
အပြစ်ရှိလဲလို့ မမေးပါနဲ့ မိမိကိုယ်တိုင်ဘဲ ဖြစ်ပါတယ် သင်္ဘောရဲ့ နေရာတိုင်းမှာ ကပ်ထားတာဘဲလေ(
Think Safety First)ဆိုတဲ့ ပိုစတာ တွေ ၊၊ ၊၊
အလုပ်ကို ခေါင်းနဲ့မလုပ်ဘဲ ရက်စ်စား(Yes Sir) ကို
နှုတ်ငုံဆောင်ထားပြီး အောက်သက်မကြေခဲ့တာကို
လူမသိအောင် ဖားဂုံညင်းလို ကျင့်တဲ့သူ တွေ
အရာရှိ လဲ ဖြစ်ရော ဂွမ်းတော့တာဘဲ ကိုယ်လဲ
ဒီလိုအတန်းအစား ထဲ မပါအောင်အောက်သက်ကျေခဲ့
ဘို့ တော့လိုမယ်နော်
((မင်းက ဆရာကြီး လားလို့တော့ မမေးပါနဲ့ဗျာ ကျနော်က သင်္ဘောသား ဖြစ်ပြီးသားတွေတင်
မဟုတ်ဘဲ သင်္ဘောသား ဘ၀ ခုမှစမဲ့ လူသစ် တွေ ဒီစာလေးဖတ်ပြီး သတိထားနိုင်အောင်လို့ပါ )
)
ကျနော် ဂျုနီယာဘဝ
ကဆုံခဲ့ရတဲ့ စီနီယာတွေက စိတ်ထားကောင်းပေမဲ့
မှားတဲ့အခါလဲ ညီငယ်တွေကို ဆုံးမသလို အော်တာ၊ငေါက်တာလဲခံခဲ့
ရတယ၊်
((အိုးကောင်းတလုံး
ရဘို့ အိုးထိန်းသည်က ရွှံတုံးဘ၀မှာ နာနာ နှက်ရသလို မှတ်ပါ))
သူတို့တွေရဲ့
လက်တွဲခေါ် မှုကြောင့်သာ နောင်တချိန် သူတို့နေရာ ရာထူးရတဲ့ အခါ ကောင်းကောင်း တာ
ဝန်ယူနိုင်ခဲ့တာပါ
((ဆရာ ဦးဝင်းအောင်ရေးတဲ့
စာထဲကလို ကူတာမဟုတ် ယူတာလို့ သဘောထားနိုင်ကျပါစေ))
အပြုသဘောဆောင်တဲ့
စာရေးတာမို့လို့ အမှားပါခဲ့ရင်လဲ စေတနာ အမှားလို့ပဲ
ယူဆပေးပါ ၊၊ ၊၊
မျိုးငယ်(၅.၇.၂၀၁၃)
No comments:
Post a Comment