ခုတလော ကျနော်တို့
အမြဲကြည့်ဖြစ်ကျတဲ့ သ်ီချင်းဆိုပြိုင်ပွဲ. “အိမ်မက်ဆုံရာ” အစီအစဉ်တွေမှာ သင်္ဘောသား အဆိုတော်တွေ
ပါလာတာ တွေ့လာရတယ်..ကိုရဲသွေးနောင်တို့၊ကိုထင်ဒိုင်းတို့..တကယ်လဲတော်ကျတဲ့ ပါရမီရှင်တွေပါ…
ဟိုအရင်တုန်းကလဲ
ရှိခဲ့ဖူးတယ်.
.အဆိုတော်
ဦးစိုးပိုင်..ဦးခင်မောင်ထူးတို့ ဆိုလားပဲ
ဂီတ ကလူသားအချင်းချင်း နားလည်မှုပေးနိုင်တာကို...ထားပါလေ..
သင်္ဘောသားဆိုတာလဲ
အ သွေးနဲအသားနဲ့ ခန္ဓာ ကိုယ် ဖွဲ့စည်းထားတဲ့လူတွေပါပဲလေ…
သီချင်းမဆိုတတ်ရင်တောင်မှ
နားထောင်ပြီးခံစားတတ်ကျပါတယ်..
လှိုင်းကြမ်းလေကြမ်းတွေ
ကို အမြဲရင်ဆိုင်နေရင်းနဲ့
ကိုယ်အမူအရာ၊စိတ်အမူအရာတွေက
ကုန်းပေါ်နေတဲ့ လူတွေလောက်တော့ မနူးညံနိုင်တော့တာ ကတော့
ဝန်ခံပါတယ်လေ…
“မ” တထောင်သားတွေ၊ လူမျိုးပေါင်းစုံ စရိုက်ပေါင်းစုံ နဲ့ အတူတူ အလုပ်လုပ်နေကျရတာဆိုတော့
လေသံ ပျော့ပျော့
နဲ့ ဆက်ဆံရင် ကိုယ်ကို အရေးတောင်လုပ်မှာ မဟုတ်ဘူးလေ..
အခန့်မသင့်ရင်
“အခြောက်”လို့တောင် အထင်ခံရနိုင်တယ်.. ကျနော်
ဆိုလိုတာ သင်္ဘောသားတိုင်း
လူကြမ်း စိတ်ကြမ်းကြီးတွေ မဟုတ်ပါဘူး ဆိုတာပြော ချင်တာပါ..
သူတို့ “၀သီ” ရယ်၊အလုပ် အပေါ်တန်ဖိုး
ထားတဲ့စိတ်ရယ်၊သူတို့ကိုလေးစားစေချင်တဲ့စိတ်ရယ်ကြောင့်
တခါတလေ အပြောအဆိုကြမ်းသွားတာလေးတွေရှိတတ်ပါတယ်..(တခါတလေလဲ
ပြောဆိုပြီးမှ ကွယ်ရာမှာ
စိတ်မကောင်းဖြစ်နေတဲ့
အရာရှိတွေ ကိုလဲ တွေ့ဖူးပါတယ်)
တလှေထဲစီး
တခရီးထဲ သွားကျတဲ့ ဘ၀တူတွေ မို့လို့ မခေါ်ချင်ပေမဲ့လဲ
အောင့်အီးသည်းညီး ခံရတာတွေ လဲ ရှိပါတယ်ဗျာ..
ကျနော်တို့
“ရွှေ “အချင်းချင်းမှာတော့ မကျေနပ်ရင် လက်သီးချင်းဘဲ ရှင်းပြီး အကွက်ကျကျ
ကောက်ကျစ်တာတော့
ရှားပါတယ်လေ…လုပ်လဲမလုပ်ကျပါဘူးလေ..
ကျနော်ကြား
ရလောက်တော့..တိုင်တယ် ဆိုရင်လဲ အခြေအနေ တော်တော်ဆိုးမှ လုပ်ကျတာ များပါတယ်…
ကျနော်တို့စီးခဲ့တဲ့
သင်္ဘောမှာ ဆိုရင် ဘာဘီိကျူ ပါတီကို တပတ်တခါလုပ်ပေးပြီး သင်္ဘောသားတွေရဲ့
စိတ်တင်းကျပ်တာ
ကို လျော့စေတယ် ဒါမှလဲ တယောက်နဲ့တယောက်ပိုရင်းနှီးလာနိုင်တယ်လေ ကျနော်တို့(အသောက်သမားတွေ)ကလဲ
အကြိုက်ပေါ့..(ပါတီမလုပ်တဲ့
သူကြီးတွေကို မကောင်းဘူးပြောတာ မဟုတ်ဘူးနော်…
လုပ်တဲ့ သူ
များပါတယ်..ဟဲ ဟဲ)..
ပြီးရင်တော့
ကာရာအိုကေခန်း ရှိရင် လူစုပြီး သီချင်း “ဟဲ” ကျ တာပေါ့..
(ဒါကြောင့်
ရဲသွေးနောင်တို့၊ထင်ဒိုင်းတို့ ဆုရတာ..သင်္ဘောပေါ်မှာကောင်းကောင်း “ဟဲ”ခဲ့ကျလို့.ထင်တယ်.)…
ဒီလိုနဲ့ဘဲ
ရန်ဖြစ်ဖူးတဲ့သူအချင်းချင်း ပြန်ပြီး ပြေလည်သွားကျသလို ၀ါသနာတူ “မိုက်ခဲ” အချင်းချင်း
မိုက်စ်(Mic)လုရင်းနဲ့
ရန်ဖြစ်ကျတာလဲ တွေ့ဖူးပါတယ်၊၊ ၊၊
ပြန်တွေးကြည့်ရင်
ကလေးလဲမဟုတ၊်သူငယ်မဟုတ်ပေ့မဲ့
အိမ်နဲ့ခွဲနေရတဲ့
အချိန်မှာ ကိုယ်စီကိုယ်စီမှာ စိတ်မကျေနပ်တာရှိနေကျတယ် ဆိုတာ ငြင်းလို့မရနိုင်ဘူးလေ…..
ကျနော် ကိုယ်တိုင်လဲ
ဂီတာတီးပြီးသီချင်းဆိုတာ ၀ါသနာပါသူဆိုတော့
ပါတီဆိုရင်
“မိုက်ခဲ”ပေါ့၊၊ ၊၊
ကိုယ့် အကြောင်းလဲ
ကိုယ်ဖေါ်မှ..နို့မို့ဆိုရင် အတူတူ စီးခဲ့ကျတဲ့ သူငယ်ချင်းတွေက မေတ္တာပို့နေလောက်ပြီ…
ကျနော်နောက်ဆုံးစီးခဲ့တဲ့
သင်္ဘောက ရယ်စရာ အကြောင်းလေးကိုပြန်အမှတ်ရမိလို့ ပြန်ပြီးရေးမိတာ ပါ
ကျနော်တို့က
စောစောက ၀န်ခံခဲ့သလိုပေါ့…
ပါတီဆိုရင်ကျနော်
တို့က ဂျုတီချိန်က လွဲရင် ကဲပြီးသားဘဲ…
ဒီလိုနဲ့
တခုသော ညနေခင်းပါတီ…ကာရာအိုကေ ခန်းမမှာပေါ့ လူကြီးပိုင်းတွေ
အခန်းပြန်နားတဲ့အချိန်….ကျနော်ရယ်၊ကိုတက်တူး(ခ)ဗလကြီး၊အညာသားလေး
ကိုဟန်ထွန်းနဲ့
ကဒတ်လေးရယ်၊
အခြားအရာရှိတယောက်ရယ် သိပ်မမှတ်မိတော့ဘူးဗျ၊၊
၊၊
ကျနော်တို့
ကိုတတ်တူးကြီးကလဲ အပီလဲ “ဟဲ” ၊အပီလဲ “ကွဲ “နေ ချိန်ပေါ့…
ကိုဟန်ထွန်းလေးက
လဲ “ရင်ခုံဘက်သို့တမ်းချင်း”ကို ဘယ်နှစ်ြကိမ်မြောက်ဆိုနေမှန်း မသိဘူး..
ကျနော်ကလဲ
ရီဝေေ၀နဲ့ ၀ိုင်းဝိုင်းရဲ့ “မေ့မှာပါကို” အာလေးသံကြီးနဲ့ ကုန်းအော်နေတာ
အားလုံးက.အရမ်းအလွတ်ကြီးတော့
မဟုတ်ဖူး…
ဒါနဲ့ ကျနော်က
စပြီး .ကဲ..ညကလဲ (၁၂)နာရီကျော်နေပြီ ကိုယ်လူတွေ
ပါတီအပိတ်သီချင်းကို
သင်္ဘောသား သီချင်းဖြစ်တဲ့ R-ဇာနည် ရဲ့ “ကိုယ်အနား ရှိစေချင်” သီချင်းကို အကုန်ဝိုင်း ဆိုပြီး သိမ်းမယ်ပေါ့လေ…
အားလုံးကလဲ
“အိုကေ” ဆိုပြီး အကုန်ထပြီး
တယောက်ပခုံးတယောက်ဖက်
မိုက်စ်(Mic
Stand)ကို အညာသားလေးဟန်ထွန်းက ကိုင်လို့
..Ready..ပေါ့ မေ့လို့ ပြောစရာ တခု ကျန်သွားတယ်
ဒီသီချင်းရဲ့
အစမှာ R-ဇာနည်က မိုက်စ် စတင် ကို ဟန်ပါပါကိုင်ပြီး
ပရိသတ်ကို
အော် ပြောလေး တာပါတယ်လေ..ကျနော်တို့လဲ အော်မယ်ပေါ့လေ…
တီးလုံးသံလဲ
စထွက်ရော…
သီချင်းသံမဟုတ်တဲ့
အားးးး ဆိုတဲ့
အသံနက်ကြီး…ကျနော် တို့အားလုံးလဲ လန့်သွားတယ်…
အသံက ကိုတတ်တူး
ရှိက လာတာ…
ကြည့်လိုက်တော့
ငိုမဲ့မဲ့နဲ့….သူခြေမကို သူ လက်ညှိုးထိုးပြ
တယ်…
ခြေမကလဲ သွေးတွေ..စို့လို့…တကယ်တော့
အညာသား ဟန်ထွန်းက မိုက်စ်စတင်ကို ဆောင့်ချလိုက်တာ
ကြမ်းပြင်မဟုတ်ဘဲ
ကိုတတ်တူးရဲ့ ခြေမဖြစ်နေပါရော…
ကျနော်တို့လဲ
ငိုအားထက်အား သန်စွာနဲ့ ပြိုင်တူပြုံးလို့…..
နောက်တနေ့ ခြေမမှာ ပတ်တီး အဖွေးသားနဲ့…..
ကို တတ်တူး….ပြောပါတယ်…
“နောက်များ ကာရာအိုကေဆိုရင်
အညာသား ဟန်ထွန်း အနားမနေ၀ံ့ တော့ပါဘူးတဲ့”…..
.တော်တော်လေး
အီစလန်ဝေ သွားခဲ့ရတာကို…မူးနေလို့သာ မသိသာတာ နေမှာ
ဒါကြောင့်
ကျနော် R-ဇာနည်ရဲ့" ကိုယ်အနားရှိစေချင်” သီချင်းဆိုတိုင်း
သူ့အနားမနေရဲတော့တဲ့
“ကိုတတ်တူးကြီး”ကို သတိရမိလေရဲ့…..
တခါတလေစိတ်အခန့်မသင့်ရင် ရန်ဖြစ်တတ်ကျပေမဲ့
တယောက်နဲ့တယောက်အကြား
ခွင့်လွှတ်မှုနဲ့လက်တွဲညီခဲ့တဲ့ သူငယ်ချင်းများကို
သတိရလျှက်……မျိုးငယ်(၂၀.၆.၂၀၁၃)
No comments:
Post a Comment