Sunday, July 7, 2013

ဘာလဲဟဲ့ သင်္ဘောသား စာစုများ(၇)


                  
ကျနော် ဒီတခါ ရေးချင်တာ သင်္ဘောသားရဲ့ အလုပ်၊စိတ်နေစိတ်ထား အကြောင်းပါ…

နည်းနည်း “စကားလုံး” သုံးတာ ကြီးကျယ်သွားရင် ခွင့်လွှတ်ပေးပါဗျာ…

ကျနော်က စက်ဖက်က ဆိုတော့

စက်ဖက်က အလုပ်ချိန် အကြောင်းပါ

ပုံမှန်အားဖြင့် အလုပ်ချိန်ကို(၄-၈)၊(၈-၁၂)၊(၁၂-၁၆)နာရီ ဆိုပြီး ဂျူတီ(၃)ချိန်ရှိတယ်၊၊

ဂျူတီတချိန်ကို အင်ဂျင်နီယာနဲ့ ဆီလောင်း(သို့မဟုတ်) J.E တတွဲက နေ့စဉ် 

မနက်ပိုင်း တဂျူတီ၊ညပိုင်း တဂျူတီ တာဝန်ယူပေးရတယ်…တရက်ကို အလုပ်ချိန် 

ပုံမှန်(၈)နာရီနဲ့ အချိန်ပို(၂)နာရီဆင်းပေးရတယ် ၊၊   ၊၊ဂျူတီိချိန် အတွင်း 

ခုတ်မောင်းနေတဲ့ ပင်မစက်ကြီးနဲ့အခြားအကူစနစ်စက်တွေရဲ့ 

လိုအပ်တဲ့ လောင်စာဆီ၊ရေ၊ချောဆီတွေကို ဖြည့်တင်းပေးရသလို လိုအပ်တဲ့ 

အပူချိန်၊ဖိအားစတာတွေ ကို လိုအပ်သလိုချိန်ညှိ၊စောင့်ကြည့်ရတဲ့ တာဝန် ဆိုပါတော့ဗျာ…
ကျနော် အသေးစိတ်ရှင်းပြရတာ က သင်္ဘောကပြန်လာရင် 

သူငယ်ချင်းတွေက မေးတတ်ကျလို့ ပါ၊၊

“မင်း သင်္ဘောမှာ ဘယ်တွေ လုပ်ရတာလဲ တဲ့” အရင်တုံးကတော့ 

တယောက်စ နှစ်ယောက်စ ရှင်းပြဖူးတယ်…

အမှန်ပြောရရင် ကိုယ့်ကိုအားနာလို့ဘဲလား၊ကိုယ် တိုက်တဲ့ လက်ဖက်ရည်ကို 

အားနာလို့လားတော့ မသိ…ခေါင်းလေးတညိတ်ညိတ်နဲ့ ..အော်  ဒီလိုလားပေါ့….သေချာပါတယ် သူတို့မသိတာ…

.နောက်တော့ ကျနော်လဲ သဘောပေါက်သွားတယ်..နောက်မေးရင် လူကြီးခိုင်းတာ လုပ်ရတာလို့ဘဲဖြေတော့တယ်..
နို့မို့ဆို လွှမ်းမိုး သီချင်းထဲကလို ကိုပြောသမျှထဲမှာ
မြန်မာပြည်အကြောင်း လုံးဝ မပါ ဖြစ်နေမယ်လေ.လျှော့ရမယ်လေ…

သင်္ဘောသား ဆိုပါတော့ နဂိုက စကားနည်းတဲ့သူ ပြန်ရောက်တော့ မိတ်ရင်းဆွေရင်း တွေနဲ့ မတွေ့တာ ကြာတော့ ပြောချင်တာပေါ့

…ရှေးဟောင်းနှောင်းဖြစ်တွေရော၊ကိုယ်ကြုံခဲ့ရတဲ့ ရုပ်ပိုင်းဆိုင်ရာအဘက်ဘက်တိုးတက်နေတာတွေကိုရော..ခဏတော့နားထောင်မယ်….
ပြီးရင်တွေးမယ် ဒီကောင် ငါမရောက်ဖူးလို့ ကြွားသွားပြီလို့.

.မြန်မာလူမျိုးနော် သိပ်တွေးတယ် မဟုတ်တဲ့နေရာ ဆိုရင်..နောက်တမျိုးကျတော့ စကားပြော နဂိုကလဲ ပုံမှန်ဘဲ..

ပြန်လာတော့ အလုပ်ပန်းခဲ့တာရယ်၊မိသားစုကို အချိန်ပေးချင်တာရယ်ကြောင့်
အပြင်သိပ်မထွက်တော့ ဘယ်ပြောတယ် ထင်လဲ လူတွေက “ဒီကောင် ပိုက်ဆံရှိလို့ ကြီးကျယ်သွားတာတဲ့…

ကဲ မှတ်ကရော”ဘယ်နေရာမှ မလွတ်စေရဘူးနော်….

နောက်ပေးထားတဲ့ ဘွဲ့ထူးဂုဏ်ထူး ရှိသေးတယ်….  “သင်္ဘောသီး လူဂွစာ တဲ့”.
ဟုတ်မယ် 

သင်္ဘောသားတွေ ဒီလောက ကနေ ရုန်းထွက်ရအောင် ဆိုပြီး

အခြားစီးပွားရေး လုပ်ငန်းလေးတွေကို “မြေစမ်းခရမ်းပျိုး” လျှောက်လုပ်ကြည့်ကျတယ်.

.ကျနော်နဲ့ သိတဲ့ E.O ကြီးတယောက်ပြောဖူးတယ်..

“ငါ ခရီးသည်တင် ကားကြီးတွေနဲ့ ဘုရားဖူးပို့ဆောင်ရေး လုပ်ငန်းလုပ်ဖူးတယ်တဲ့..

ဒါပေမဲ့ ကြာတော့ လုပ်ငန်းကောင်းပေမဲ့ အကျန်နည်းပြီးရပ်လိုက် 

ရတယ်တဲ့”ဘာဖြစ်လို့လဲ ဆိုတော့ ငါက I.S.M တို့ ဘာတို့သိနေတော့ ငါ့ 

ကားဒရိုက်ဘာ ကို တောက်လျှောက် (၄)နာရီထက်ပိုမမောင်းခိုင်းဘူး၊ကားပျက်ရင် 

လိုအပ်တာကို ခရီးသည် အန္တရာယ်ကင်းအောင် အသစ်ပဲ သုံးခိုင်းတယ်၊ကြာတော့ 

မလွယ်တော့လို့ ရပ်လိုက်ပြီး သင်္ဘောဘဲ ပြန်လိုက်ဖြစ်တာတဲ့”သင်္ဘောသားက 

ကိုယ်ချင်းစာ တရားရှိတာကို ဒါကြောင့် သင်္ဘောသားတွေ စီးပွားရေးလုပ်ရင် ရှုံး တာ 

ပဲ လေ…အမှန်ပါဘဲ..သင်္ဘောသား တယောက် အိမ်ပြန်ရောက်ရင် 

သင်္ဘောပေါ်မှာထက် 

ပိုပြီး အလုပ်ရှုပ်သွားတာတော့ အမှန်ဘဲ..အရာရာကို ကိုယ်တိုင်လုပ်ရ 

မှကျေနပ်တယ်..ဘယ်သူမှစိတ်မချလို့…ကိုယ့် အိမ်က နံပါတ်ဝမ်းကြီးက စပြီး 

ကိုယ်မရှိတဲ့ အချိန် တချိန်လုံးသူ မောင်းနေတဲ့ ကားကို လေဆိပ်လာကြိုကတည်းက
သော့ဖမ်းအပ်လိုက်တယ် 

ကိုယ်မောင်းတဲ့ကားကို ဘေးကထိုင်လိုက်ချင်လို့၊ဘာလို့ဆိုပြီး ချွဲနွဲ့ လိုက်ရင်

”ဖေ့မောင်ရေ ဖင်ပူအောင် မောင်းပေအုံးတော့ ဒီကား…ရန်ကုန်ပြန်ရောက်တုံးလေး   

..ဟဲ ဟဲ”ကိုယ်တွေ့မဟုတ်ပေ့မဲ 

မြင်တွေ့နေရတော့ ရေးမိပြန်ပြီပေါ့…ကိုယ်နဲ့ပတ်သတ်လို့


အမြင်မတော်၊ရင် ၀င်ပြီး ပါဝင်ကူညီပြီး မှန်တဲ့ဘက် ရပ်တည်ပေးမိတာ များတယ်.

ဒီတော့ ဘေးက အမြင်မှာ လူတတ်ကြီး၊လူစွာ လုပ်တယ်ပေါ့..(ကိုယ်နဲ့မဆိုင်တဲ့ 

ဓါတ်ကြိုးပျက်တာ ကိုE.P.C မခေါ်ဘဲ ကိုယ်ဘာသာ ၀ါးလုံးနဲ့ထိုးတော့ 

ဓါတ်လိုက်ပြီး သေတာပေါ့ ဒီလိုသင်္ဘောသား လဲ ရှိတယ်နော်..တကယ်.ကိုယ်ပါဝင်ရတဲ့ 

အခန်းကို သတိထားမိဘို့ ပြောပါတယ်) 

တခါက 2nd Engineer တယောက် ပြောတာ ကြားဖူးတယ်.သူကား က ပါဝါ 

ဝင်းဒိုး ကြောင်နေလို့ ၀ပ်ရှော့ မှာ ကားသွားပြင်တယ်တဲ့.

ဝပ်ရှော့ကကောင်လေးတွေဆိုတာ အလွန်ဆုံးရှိလှမှ ၁၄-နှစ် ၁၅နှစ် အရွယ်တွေ 

ဘာသင်တန်း ဘာလက်မှတ်မှ ရထားတာ မဟုတ်ဘူး၊၊  ၊၊ ဒါကြောင့် နေရာတိုင်းမှာ 

ကျွမ်းကျင်ရာ လိမ္မာရာ ဆိုတာ ရှိတယ်တဲ့..

ဒီစကား သိပ်မှန်တယ်..တခါက

ရယ်စရာ တခု ပြောတာ ကြားဖူးတယ်..Capt: ဦးဘယ်သူပေါ့..ခုတော့ သင်္ဘော 

မလိုက်တော့ဖူး၊ဒါပေ့မဲ့ နှစ်ပေါင်းများစွာ ပင်လယ်ပျော် ဘ၀နဲ့ ကျင်လည်ခဲ့ရတော့ 

သူဘ၀က ခေါက်ရိုးကျိုးနေပြီ…စားလဲ သင်္ဘောက အချိန်အတိုင်း၊အိပ်လဲ သင်္ဘောက 

အချိန်အတိုင်း၊နောက်ဆုံး  သားတွေ၊မိန်းမတွေရဲ့ အပြင်ထွက်ခွင့်တောင်


သူက Pass ဖြစ်မှ ၊၊ လူတွေ အမြင်မှာ ဘယ်လောက် ကိုးလို့ကန့်လန့် နိုင်မလဲ 

စဉ်းစားသာ ကြည့်ပေတော့၊၊ ကျနော်တို့လို လူမျိုးတွေ ဆိုရင် ခဏခဏ ဖိုင်းချ ခံရမှာ 

အသေအချာဘဲဗျာ…ဒါပေမဲ့ သင်္ဘောမှာ တော့ 

ဒီအတိုင်းကိုနေခဲ့ရတာ…သင်္ဘောသားအိုကြီး တွေ ပြောတာရှိတယ် 

ငါတို့က ရေထောင်ကျတာတဲ့ . ဟုတ်လားလို့  ကိုယ်ကို့ ကို ပြန်မေးကြည့်တာ အခါခါ ပဲ၊၊

 လစာသာ မရရင် ဘာမှမထူးဖူး ထင်တယ်.ကျနော် တွေးတာ ကတော့


တမျိုး…ငါ့တို့ ခန္ဓာကိုယ်မှာ ဆီချေးအထပ်ထပ်ပေ နေပါစေ..ငါတို့ရတဲ့ ပိုက်ဆံ 

ဖြုစင်တယ်..လိပ်ပြာသန့်တယ်ပေါ့…ကိုယ့်ဘ၀ ရင်းပြီး ကိုယ် 

မိဘ၊မိသားစုလေး အေးအေးချမ်းချမ်း နေစေချင်တဲ့ စိတ်အဖြုသန့်သန့်လေးနဲ့ 

ဆက်လျှောက်နေကျတာပါဗျာ…(ကျနော် ဒီစကားပြောလို့ ကောင်မလေးတယောက် 

ရန်တွေ့တာ ခံရဖူးတယ်.နောက် ဒီစကားကို သိပ်မခင်တဲ့သူရှေ့ မပြောတော့ဘူး 

ဘ၀အကြောင်း နားမှမလည်တော့ မဖြေရှင်းချင်တော့လို့)နောက်တမျိုးက

အထင်ကြီးချင်ဆောင်ပြီးမှ နောက်ကွယ်ကနေ လက်သီးပုန်းထိုးတာ 

ပိုခံရခက်တယ်နော်..

နောက်ပိုင်း သင်္ဘောသားက ခံရဖန်များလာတော့ ဒီလောက်ကို မမှုတော့ဘူးလေ. 

နဂိုတည်းကမှ တယောက်နဲ့တယောက် လုပ်ငန်းသဘောအရ တာဝန်နဲ့ ခင်မင်မှု ကို

ခွဲထားရတာ သင်္ဘောမှာက ကိုယ်တာဝန်ကို ကိုယ်တာဝန်ယူရတဲ့ 

သဘောလေးတွေရှိတယ်လေ…ဆက်ပါအုံးမယ်.

မျိုးငယ်(၂၆.၆.၂၀၁၃)

No comments:

Post a Comment

ထိုဟာလေးဆိုက်မှာထည့်ချင်လာခဲ့ပါ