ကျနော် တို့နိုင်ငံမှာ ဘာသာရေး၊လူမျိုးရေး ပဋိပက္ခတွေ ဖြစ်နေလို့
ဒီပို့စ်ကို မရေးဖူးလို့ ဆုံးဖြတ်ထားတာ..ဒါပေမဲ့.ခုတလော လူအခွင့်အရေးတို့၊လူသားချင်းစာနာထောက်ထားမှုတို့
စတဲ့ စကားလုံးတွေ အွန်လိုင်းမီဒီယာပေါ် အရမ်းတက်နေတော့ ကိုယ်တကယ် ကြုံခဲ့ရတဲ့ အဖြစ်အပျက်လေးကို
ရေးချင်မိတယ်၊၊ ၊၊
ကျနော်မေးချင်တာရှိတယ်..နိုင်ငံတိုင်းမှာ အမျိုးသားရေး
စိတ်ဓါတ်ပြင်းထန်သူဆိုတာတော့ အနည်းနဲ့အများရှိနေမှာပဲ၊၊ ၊၊ရှိမှလဲ တိုင်းပြည်တိုးတက်အောင်ဆောင်ရွက်ချင်စိတ်
ရှိမှာ၊၊ ၊၊ ဒါကို အပြစ်ပြောလို့မရဘူးလေ၊၊ ၊၊
ကမ္ဘာမှာတိုးတက်ပါတယ်၊ဒီမိုကရေစီ အစစ်ဆိုတဲ့ နိုင်ငံတွေမှာတောင်
လူဖြူ-လူမဲပြဿနာ၊လူမျိုးကြီးဝါဒ၊ဇာတ်နိမ့်ဇာတ်မြင့်…အော်..စုံလို့ရယ်..ပြဿနာကို မီးခွက်ထွန်းရှာနေလား
ထင်ရတယ်(အပြင်မှာ ခရီးသွားကြည့် ယူရိုတို့၊အင်္ဂလန် စသည့် လူမျိုးတွေနဲ့ တွေ့ရင် ကိုယ်နေတဲ့
အာရှက လူတွေကို သူတို့လောက် မသိမတတ်ဖူးလို့ ထင်တာ၊၊ အမေရိကန် ကျတော့ တွေ့တဲ့သူကို အကြမ်းဖက်သမားပဲ သူတို့
ခံထားရတာကို မမေ့နိုင်သေးဖူး )..
ထားပါ..ကျနော်တို့ သင်္ဘောသားတွေ အတွက် ဒီလို အတွေးတွေ
စိတ်ထဲ ၀င်လာရင် အလုပ်ထဲမှာအဆင်ပြေမှာ မဟုတ်တော့ဘူး၊၊ ဒါကြောင့် အလုပ်ကလွဲရင် မတွေးမိအောင်နေခဲ့ကျတယ်လေ…မတွေးခဲ့ကျလို့လဲ
ဒီနေ့ လူမျိုးရေး ပြဿနာက ကြီးသွားတာပေါ့၊၊ ၊၊
သင်္ဘောသားတွေ ဘ၀က ဘယ်လူမျိုးနဲ့တော့ မတွဲချင်ဘူး၊ဒီလူမျိုး
ရှိရင်တော့ အလုပ်မလုပ်ဘူးလို့ ရွေးချယ်ခွင့်လဲမရှိဘူး၊၊ ထုံးစံလဲ မရှိဘူး၊၊ စာချုပ်မှာရော
ဘယ်လူမျိုးနဲ့ တွဲရမယ်ဆိုတာ မပါဘူး…အဲတော့ဗျာ..ခုလိုအခြေအနေမှာ ဘင်္ဂလားတို့၊အင်ဒိုနီးရှားတို့
လို ဘာသာရေး အယူအဆ ပြင်းထန်တဲ့ လူမျိုးတွေနဲ့ တွဲစီးရမဲ့ ကျနော်တို့ရွှေ(မြန်မာ) သင်္ဘောသားတွေရဲ့
အသက်ကို ဘယ်သူက တာဝန်ယူမှာလဲ..(သူများ သတ်လို့သေ
ရင်တောင် အလောင်းပျောက်နေရင် အသက်အာမခံ သိန်း(၅၀)ကို (၂)နှစ်နေမှရမယ်..ဒါတောင်
အဆက်အသွယ်ကောင်းမှ၊ကုမ္မဏီ မှန်မှ)…
ရန်ဖြစ်လို့ပြန်လာရင်လဲ ကိုယ်ကလဲ ခံလာရသေး၊၊ ၊၊
ကိုယ်နဲ့ရန်ဖြစ်တဲ့လူမျိုးက သူကြီးဖြစ်နေရင် CDC မှာ မင်နီနဲ့
ပေါက်ကရရေးလွှတ်၊(အထူးသဖြင့်၊၊ ၊၊ခွေးများ=ကိုရီးယားသူကြီးများပိုဆိုးပါသည်၊ ၊အိမ်ကမိန်းမနဲ့ကလေးတွေကတော့ ကိုရီးယားမင်းသား
ဂျွန်စော၊ဘွန်တောလုပ်နေချိန် မင်းတို့အဖေကြီးကတော့
ကိုရီးယား ကျစ်သမျှခံနေရတယ် မှတ်ပါ…)
ကျနော်တို့ရဲ့ လူကြီးမင်းများကလဲ ဆန်ရင်းနာနာဖွတ်လို့..နောက်ဆုံး
ကိုယ်ရဲ့ထမင်းစားလက်မှတ်လေး ရာသက်ပန် အပိတ် ခံရမှာစိုးတာနဲ့ဘဲ ရှိစုမဲ့စု လေးတွေ ပေါင်နှံရောင်းချပြီး
အမှုလိုက်ရရှာတယ်.
.နောက်ဆုံးတော့ ကိုယ်ခေါင်းလဲကွဲ၊ကိုယ်ကဘဲ
တဖက်ကိုကျေအေးဘို့တောင်းပန်ပြီး ပြီးခဲ့ ရတဲ့အဖြစ်တွေ
ဒု နဲ့ဒေးပါ၊၊ ၊၊(.ဒီလို ကိုယ်မိဘ ကမှ ကိုယ်သားသမီးကို မစောင့်ရှောက်နိုင်မှတော့ သူများစော်ကားတာ
ဘာဆန်းမလဲ…ရင်နာရလွန်းလို့လဲ..ပြောစရာ စကားမရှိတော့ပါဘူးဗျာ)….
ထားပါ..
ထပ်ပြောနေရင်
ခုမှဘ၀ စတဲ့ဘော်ဒါတွေ စိတ်ပျက်သွားလို့ ရေကြောင်းလောက ကို ဦးဆောင်နိုင်မဲ့သူတွေ ဆုံးရှုံးသွားမှာလဲ
စိုးရတယ်လေ…သင်္ဘောသားစလုပ်မယ် စိတ်ကူးကတည်းက ဒါတွေကို ငါကျော်ဖြတ်နိုင်ရမယ်ဆိုတဲ့ စိတ်သာမွေးထားပါ
…ဘော်ဒါတို့ရေ...ကြုံခဲ့ရတာ
ဒီလိုပါ..
လုပ်ကြံဇာတ်လမ်းမဟုတ်သလို ဘာသာရေး၊လူမှုရေး စတဲ့ဘယ်ပြဿနာကိုမှဖြစ်စေလိုခြင်း
မဟုတ်ဘဲ နိုင်ငံတနိုင်ငံ၊လူမျိုးတမျိုးရဲ့
ကိုယ်လူမျိုးအပေါ်ထားတဲ့သဘောထားပါ…ဒီ
ဆိပ်ကမ်းရောက်ခဲ့လို့ ရှိရင်လဲ သတိထားနေနိုင်အောင်လို့ ပါ…
နေရာ၊၊ ၊၊အိန္ဒိယနိုင်ငံ၊ချန်နိုင်းမြို့၊
ကျနော်တို့ သင်္ဘောက ချန်နိုင်းက ကျောက်တုံးတွေကို တရုတ်ကိုသွားပို့ဘို့ ကုန်တင်နေတယ်ဆိုပါတော့ဗျာ၊၊ ၊၊ကိုယ် ရွှေတွေ ရဲ့ထုံးစံအတိုင်းရောက်တဲ့နေရာ ဆင်းပြီး
ဈေးဝယ်ချင်တဲ့သူတွေထဲမှာ ကျနော်လဲ ပါတာပေါ့..ကျနော်တို့သင်္ဘောကပ်ထားတဲ့ ဆိပ်ကမ်းကပ်လျှက်ကလဲ
မြန်မာရပ်ကွက်၊မြန်မာဈေးရှိတယ်ပေါ့၊ဟုတ်ပြီပေါ့..ဒါနဲ့ဘဲ ဆင်းရမဲ့ အခွင့်အရေးကို စောင့်နေကျတာပေါ့လေ.၊၊ ၊၊
အော် တခု ပြောဘို့
ကျန်သွားတယ်၊၊ ၊၊ကုလားပြည်က ဆိပ်ကမ်းရဲ့
လုံခြုံရေးအဆင့် သတ်မှတ်ချက်ပါ…ရှင်းတယ်..မင်းတို့သင်္ဘောမှာ တမီကုလား(သီရီလင်္ကာ ကုလား)ကလွဲရင်
အကုန်ကမ်းဆင်းခွင့်ရမယ်ပေါ့..ဒါလဲ ပြဿနာမရှိဘူး ပါမှမပါတာကို…အဲ ဂန်းဝေး(Gangway)လဲ
ချပြီးကစ ရှိသေးတယ်…တက်လာလိုက်တဲ့ ကုလားတွေ…ဘာတွေမှတ်လဲ..ဈေးသည်တွေ..အို ထိန်းမရ သိမ်းမရ..ဘာမေးတယ်ထင်လဲ..သူကြီးနဲ့တွေ့ချင်တယ်တဲ့…အော်..ကဒတ်လေးက
သူကြီးရှိကို ခေါ်သွားတော့မှ ဘွိုင်လာဝတ်စုံချုပ်တဲ့ စက်ချုပ်သမားဖြစ်နေတယ် ငနဲသားက
အဲလောက်ကို အတင့်ရဲတာ..(တောင်းလိုက်တဲ့ လက်ဆောင် မရရင် လူလစ်တာနဲ့ ခိုးတော့ တာပဲ )ဘရုတ်သုတ်ခနဲ့…ပါလာတဲ့
ပလတ်စတစ်စကို ဖြန့်ခင်းပြီး သင်္ဘောပေါ်က ဘေးနား လူသွားလမ်းမှာ သူတို့ဈေးဆိုင်ခင်းလိုက်တာ..အလုပ်ရှုပ်နေတဲ့
သင်္ဘောသားတွေက သူတို့ကို ရှောင်ရတိမ်းရနဲ့…အဲလောက်ကို..ရဲတင်းတာ…တော်တော်ကို လိုက်ကြည့်နေရတာ
ကိုယ်
သင်္ဘောက ခုမှပထမဆုံးရောက်တာ ဆိုတော့ ဟောက်စားလဲ သွားမလုပ်ရဲဘူးလေ..ပြဿနာတက်ရင် သင်္ဘောကို
ဆိပ်ကမ်းက ရစ်မှာစိုးလို့လေ…သင်္ဘောသားတွေရဲ့ လိုချင်တာကို ၀ယ်ချင်ရင် ပိုက်ဆံပေးပြီးဝယ်ခိုင်းလို့ရတဲ့
“ကိုဆလင်း” ဆိုတဲ့ မြန်မာပြည်ပေါက် ကုလားတယောက်တော့ရှိတယ်..ချန်နိုင်းမှာ..အတိုင်းအတာ
တခု ထိတော့ ယုံကြည်ရတယ်..မြန်မာစကားလဲပြောတတ်တော့ ဖုန်းကတ်တို့ငွေဖြည့်ကတ်တို့ကတော့
သူရှိက၀ယ်တော့ ဈေးသက်သာသလို….ပြန်လဲ ငွေဖြည့်လို့ရတယ်..ကျန်တဲ့ကုလားရောင်းတဲ့ ဖုန်းကတ်ကတော့
တခါသုံးကို ဈေးတင်ရောင်းထားတာ..မအောင့်နိုင်တဲ့ ဆရာတွေကတော့ ထိတာပေါ့…ကိုယ့် ဒေါသနဲ့
ကိုယ်ကို…
ကျနော် လဲ ဂျူတီပြီးလို့ ဈေးကိုလစ်တာပေါ့၊၊ ရထားကုန်းကျော်တံတားလေးကို ကျော်ရင်ဘဲ ဈေးကိုတန်းရောက်တာပဲလေ၊၊
ကျနော် တို့ရန်ကုန်က ဖလေဆာ လို ဆိုင်ခန်းသေးသေးလေးတွေမှာ
ကုန်အမယ်ပေါင်းစုံကို စုံပြုံတင်ထားတယ်…ကုလားရေမွှေးပေါင်းစုံရဲ့နှိပ်စက်လို့ ကျနော်လဲ
မူးနောက်လို့ပေါ့၊၊ ၊၊
ကျနော်က အခြေအနေမကောင်းရင်လစ်လို့ရအောင် ဒေါ်လာ(၂၀)တန်လေးတရွက် သာထည့်လာတယ်လေ၊၊ ၊၊နိုင်ငံခြားသားဆိုရင် လုတယ်ဆိုလို့လေ…ကျနော်ပုံစံက
တရုတ်နဲ့တူတော့ ကုလားတွေက အင်္ဂလိပ်လိုဘဲပြောကျတယ်..အဲဒီအထိ..ပြဿနာမတက်သေးဘူး…အိုကေနေတယ်.
.ကျနော်တီရှပ်ဝယ်နေလို့ ဈေးဆစ်နေတုံး ကိုဆလင်းဖုန်းလာလို့၊၊ ၊၊
မြန်မာလိုလဲပြောရော
ပြဿနာ စတော့တာပဲဗျာ…ကျနော် ကဒေါ်လာကို ကုလားပိုက်ဆံလဲခိုင်းလိုက်ရော…ပထမပြောထားတဲ့ ဈေးမရတဲ့
အပြင် တီရှပ် ဈေးကိုလဲ ပိုယူလိုက်တယ်..ချက်ချင်းကို အမူအရာပြောင်းသွားတာ၊၊ ၊၊ကျနော်ကလဲ
ဖုန်းမချဘဲထားလိုက်တော့ သူတို့ကုလားလိုအချင်းချင်း ပြောတာကို ကိုဆလင်းကကြားပြီး
ကျနော်ကို
“တယောက်တည်းလား ..အကို သင်္ဘောပေါ်ပြန်တော့တဲ့
ဈေးဆက်မ၀ယ်တော့နဲ့တော့တဲ့”စေတနာနဲ့စိုးရိမ်ပြီး သတိပေးရှာတယ်
အော် ကိုးကွယ်တဲ့ဘာသာချင်းတူပေမဲ့ ပေါက်ဖွားရာနေရာကွာတော့
အခြေခံစိတ်ဓါတ်ချင်းကွာတာပေါ့..ကျနော်တို့လူမျိုးတွေထဲမှာလဲ စိတ်ဓါတ်ညံဖျင်းတတ်သူတွေ
ရှိပါတယ်…
ကျနော်လဲ နောက်တဆိုင် ၀င်ပြန်တော့ မြန်မာလို နှုတ်ဆက်တော့ ၀မ်းသာသွားတယ်…ပြီးတော့
ရခိုင်ကိစ္စမေးပါလေရော…
ကျနော်လဲမသိဘူးပေါ့…
သင်္ဘောပေါ်မှာဆိုတော့ အလိုက်သင့်ဖြေရင်းနဲ့
နောက်တခွန်း ထပ်ပြောတယ်၊၊ “ဘုန်းကြီးတွေ တော်တော်ဆိုးတယ်တဲ့…ဟိုက်…ကျနော်လဲ
ဘာဖြေရမှန်းမသိတော့ဘူး…ဆိုင်ရှင်ကလဲ သိပ်ကြည်ပုံမရလို့ ကျနော်လဲ ပြန်လစ်လာတာပေါ့.…
သင်္ဘောကို
ကျနော်ကြုံခဲ့တာပါ၊၊ ၊၊
ကျနော်ထက်ပိုဆိုးတာ တွေလဲ ကြုံဖူးတဲ့သူတွေလဲရှိမှာပါ….တက်စ်စီခ
ပိုတောင်းတာတို့၊ငွေပိုတောင်းတာတို့ …ဘာတို့
သူတို့စိတ်ထဲမှာ
သင်္ဘောမှာ အကုန်အလကားရနေတယ်ဘဲ ထင်နေကျတာ…သူတို့ရဲ့စိတ်ဓါတ်၊လောဘ
တွေကြောင့်ဘဲ ဒီနေ့ သူတို့ဒုက္ခရောက်နေတယ်လို့ဘဲ သဘောထားလိုက်ပါ…ကိုယ်တွေ လူမျိုးက မနေ့တနေ့ကမှ
ကလိန်ကျပြီးပေါ်လာတဲ့ လူမျိုးမှမဟုတ်တာ၊၊ ၊၊ကိုဘော်ဒါတွေ လဲ ချန်နိုင်းရောက်ရင် သတိထားနိုင်ပါစေ..ဆုတောင်းပေးလိုက်ပါတယ်ဗျာ….
မျိုးငယ်(၁၈.၆.၂၀၁၃)
No comments:
Post a Comment