မျိုးငယ်ဆိုတဲ့ ကျနော်က တော်တော်လေး စာရေးပျင်းတဲ့သူတယောက်ပါ အဲဒီလို ပြောရင်
မျိုးငယ် ဆိုတဲ့ ကျနော်က တော်တော်လေး စာရေးပျင်းတဲ့သူတယောက်ပါ အဲဒီ လိုပြောရင် ကျနော်ကို
လိမ်ပြောတယ်၊နောက်တယ်ဘဲ ထင်ကျမှာ ငယ်သူငယ်ချင်းတွေ ကို သက်သေထားပြီး ပြောရတော့
မှာဘဲ တကယ်ဆို ကျနော်က ကိုယ့်ရည်းစားစာ ကိုတောင် အငှားရေး ခိုင်းတဲ့ လူမျိုးပါ
ဒါထက်ပိုတာတော့
မရှိတော့ပါဘူး ကျနော် ပြောချင်တဲ့အခါ ကိုယ်ကို နားလည်၊ကိုယ်ကို ပြန်ပြီး ဆွေးနွေးပေးမဲ့
သူတော်တော်လေး ရှားပါးပါတယ်
အမှန် ပြော ရရင် ကျနော် စာရေးချင်တာ ထက် စကားပြောချင်တာ ပိုမယ် ထင်ပါတယ် ၀န်ခံပါတယ်
နောက်တချက်က ကျနော် ပြောချင်တာတွေ၊ အမှန်တရားလို့ ယူဆမိတာတွေကို
'အမှားတွေ'လို့ကျနော်သူငယ်ချင်းများ ယူဆလို့ရှိရင် ကျနော် ကို ဝေဖန် အကြံပြုပေးစေလိုပါတယ်
ကျနော်က စာရေးဆရာ ဖြစ်ချင်လို့ စာရေးတာ မဟုတ်လို့ပါ စိတ်ထဲမှာ မွန်းကျပ်နေတာတွေကို
ပြေစေလိုတဲ့ သဘောမျိုးနဲ့ ကြုံခဲ့ရတဲ့ ရယ်စရာ အဖြစ်အပျက်လေးတွေကို ပြန်ပြီး
သတိရလို့ရေးဖြစ်တာပါ အခြား ဒီထက် မပိုပါ
ကျနော် သင်္ဘောသား ဘ၀ ကို ဖြတ်သန်းတဲ့ အချိန်ကလေးက တကယ့် ပင်လယ်ပျော်ကြီးတွေ ရဲ့
ပင်လယ်ပြင် လုပ်သက်ရဲ့ အစွန်းထွက် ဂဏန်း လောက် သာ ရှိပါတယ်ဗျာ လူကို 'အသီး' လို့
သတ်မှတ်ရင် ကျနော် ဆိုတာ သင်္ဘောသား ပေါက်စ "အကင်း" လေး ပဲ ရှိပါသေးတယ် ဒါပေမဲ့
ကျနော်မှာ ရိုးသားတဲ့ စိတ်ကို အခြေခံပြီးကိုယ်ကြုင်္ခဲ့ဆုံခဲ့ ရတဲ့ သင်္ဘောသားတွေရဲ့ ဘဝ
၊ကြည်နူးစရာတွေ၊အမှန်လို့ ထင်ခဲ့တဲ့ အမှားတွေ၊အတ္တမာနတွေ ကို
ကျနော် မြင်တဲ့ဘက်က ဟာသလေးနှောပြီး ဖတ်လို့ကောင်းအောင် အသောလေး ထည့် ကာ
ရောသမမွေ ထားတဲ့ ‘ဘာလဲဟဲ့ သင်္ဘောသား စာစုလေး’ပါ ကျနော် အနေနဲ့ ပြောရရင်
ဒီလိုရေးဖြစ်မယ်၊သင်္ဘောသားတွေ ကြိုက်မယ် လို့ ကျနော် ထင်ကိုမထင် ထားတာပါ ခံစားချက်ခြင်း
မတူခဲ့လို့ဖြစ်စေ၊ စိတ်ပိုင်းဆိုင်ရာ အနှောက်အယှက် တစုံတရာ ဖြစ်တယ် ဆိုရင် ကျနော်ရဲ့ အမှားသာ
ဖြစ်ပါတယ်ကျနော် ကို ဝေဖန် အကြံပြုပေးကျပါ လို့ ကျနော်ဘက်က အနုးအညွှတ်
တောင်းပန်ပါတယ်ဗျာ
မျိုးငယ်(ခ)မောင်ဒိုးနတ်
No comments:
Post a Comment