ကျနော် ပင်လယ်ပျော် ညီအစ်ကို တယောက် ရဲ့ Request Post လေးကို
ဖတ်လိုက်ရလို့ တော်တော်လေး
စိတ်မကောင်းဖြစ်မိပါတယ် ငါတို့တွေ သင်္ဘောသား(ပင်လယ်ပျော်)ဆိုတဲ့
ခေါင်းစဉ် အောက်မှာ
ကုန်းပတ်နဲ့ စက်မှု(အင်ဂျင်ဌာန) ဆိုပြီး ခွဲခြားတဲ့ သဘောတရား စာစုတွေ
ကို မြင်နေရတယ်ဗျာ
တကယ်လဲ ရှိတဲ့ အဖြစ်အပျက် လေးတွေ က သမိုင်းနဲ့ချီပြီး ရှိခဲ့တာကို
ဒါကို ခြေမ မကောင်း ခြေမ၊ လက်မ မကောင်း လက်မ
လို့ မတွေးဘဲ အင်ဂျင်ကမို့လို့ ၊ဒတ်က မို့လို့
ဆိုပြီး တယောက်နဲ့ တယောက်
အပြစ်ပြောရင်တော့
ပင်လယ်ရေ တွေ ခန်း သွားမယ် ပြီးမှာ မဟုတ်ပါ ဒီပို့စ် မတိုင်ခင် က
စက်ချုပ်တယောက်က ကုန်းချုပ်
တယောက် ရဲ့ လုပ်ငန်းပိုင်းဆိုင်ရာ ကို ထောက်ပြ သလို ကုန်းပတ်က
အရာရှိ တယောက်ကလဲ ပြန်လည်ချေပတဲ့
သဘောတရား စာစု လေးတွေ တွေ့လာရတယ်
စိတ်မကောင်းစရာ ပါ တကယ်တော့
ကိုယ့်လုပ်ငန်း နယ်ပယ်ရဲ့ အရေးပါမှုကို ရှေ့တန်းတင်ပြီးပြော
ရင်လဲ တထောင့်တည ပုံပြင်ကမှ
တိုချင်တိုအုံးမယ်
ကုန်းပတ်နဲ့ အင်ဂျင် ဌာန ရဲ့ လုပ်ငန်းသဘာဝ၊အလုပ်ချိန် မတူ
တာတွေ ကိုပဲ ကြည့်ပြီး ဆုံးဖြတ်လိုက်တဲ့
အပြန်အလှန် ကော်မန့်တွေကို ဖတ်ပြီးတော်တော်လေးကို စိတ်ပျက်စရာ
ကောင်းပါတယ်
ဆရာတော်ကြီးတပါး
ဟောတဲ့ တရားတပုဒ် ထဲက အတိုင်းပြန်ပြောရရင် ဒို့မြန်မာတွေက
အသင်းအဖွဲ့ တွေတော့ ဖွဲ့ကျပါတယ်
ပြီးတော့ ထိုင်ခုံနေရာ လုရင်း၊ ရာထူး အာဏာ ပါဝါ ပြကျရင်း
ကွဲကျ၊ပြဲကျနဲ့ ရှေ့ ကောင်းရာကောင်းကြောင်းကို
မဆက်နိုင်ကျဘူးတဲ့ အဖွဲ့အစည်း အပေါ်ထားတဲ့
အခြေခံ စိတ်ဓါတ် တော်တော် အားနည်းလှတယ်လို့ မိန့်ကြားဖူးပါတယ်
ခုလဲ ဒီသဘော
အတိုင်းများလားလို့စိုးရိမ်မိတယ်ဗျာ
တကယ်တော့ ခုရေးမဲ့ ဒီစာပိုဒ်တွေက
မီးလောင်ရာလေပင့်
သဘောမျိုးလဲ မဖြစ်စေချင်ဘူး ကျနော် တခုပြောချင်ပါတယ်
ကျနော်တို့တွေ သင်္ဘော ပေါ်ရောက်ကတည်းက
နေရာဌာန နဲ့ ရာထူးကိုတွေ
ကို ခေါင်းထဲကနေ ခဏထုတ်ထားပြီး ကိုယ်တာဝန်ယူရတဲ့
တာဝန်ကို ကျေကျေပွန်ပွန် ဆောင်ရွက်နိုင်ဘို့က အဓိက အကျဆုံး
အချက် ပါဗျာ အချိန်တန်ရင်
အိမ်ပြန်ရတဲ့သူတွေ ချည်းပါပဲ ဘယ်သင်္ဘော ပိုင်ရှင်ကမှ ခေါ်မထားပါဘူး
ကိုယ်လူမျိုးအချင်းချင်းကို
အိမ်ကြက်ချင်း အိုးမဲသုတ်ပြီး တိုက်ပေးရင်လဲ ပါးပါးနပ်နပ်နဲ့
ရှောင်နိုင်ဘို့ လိုပါလိမ့်မယ် တကယ်ဆိုရင်
ကိုယ်ရွှေ အချင်းချင်း
အပြုသဘောဆောင်တဲ့ ကော်မန့်တွေရယ်၊ စိတ်ပိုင်းဆိုင်ရာ အထီးကျန်
ဆန်မှုတွေကို
အွန်လိုင်းကဘဲ ဖြစ်စေ
သင်္ဘောတစီးတည်း ဆိုလဲ အချင်းချင်း နှုတ်နဲ့ ဖြစ်စေ အားပေးသင့်တယ်
လို့ ထင်ပါတယ် ကျနော်
အမြင်လေးကို ပြောတာနော်
ကျနော် စဉ်းစားမိတာလေး တခုရှိတယ် သင်္ဘောပေါ်မှာ ပြဿနာတက်နိုင်တဲ့
စကားစုလေးတွေ၊
အပြုအမူလေးတွေကို ရေးကြည့်မလားပေါ့ လူနည်းစုဖြစ်ပေမဲ့ သူတို့က လက်မခံနိုင်တဲ့
အကြောင်းအရာလေးတွေပေါ့ဗျာ
ကျနော် လဲ အတွေ့အကြုံ နည်းသေးတယ်ဆိုတော့ ပြည့်စုံမှာတော့
မဟုတ်ဖူး ကြားဖူးနားဝနဲ့
အခြားစီနီယာကြီးတွေ ပြောဖူးတာလေးတွေ ကို စုစည်းပြီးရေးကြည့်မလားပေါ့
ပြည်စုံမှာ မဟုတ်ပေမဲ့
အကြမ်းသဘော လေးတော့ ဖြစ်မှာပါ ကျန်ခဲ့ မယ်ဆိုလဲ ကျနော်
မသိသေးတဲ့ အကြောင်းအရာများဘဲ
ဖြစ်ပါတယ် ဆိုတာ ၀န်ခံပါတယ်ဗျာ သင်္ဘောပေါ်မှာ လူချင်းခင်ရာက
မုန်းစေတဲ့ အကြောင်းလေးတွေ ကို
စရေးကြည့်မယ်ဗျာ လူချင်း ဘယ်လောက်ခင်ခင် အငြင်းသန်သူတွေ
များပါလာ ခဲ့ရင်
ဘာသာရေးအမြင်၊လူမျိုးရေးအမြင်တွေကို သင်္ဘောပေါ်မှာ မဆွေးနွေးသင့်
ပါဘူး နောက်
လူကို နောက်ပြောင်လိုက်တာ ဖြစ် ပေမဲ့ သူလူမျိုးကို ထိလို့ ဒေါသတကြီးတုန့်ပြန်တာ
တွေ့ဖူးပါတယ်
ကျနော်ကိုယ်တွေ လေးကို အရင် ပြောမယ်နော်
ကျနော်က သူငယ်ချင်း ရခိုင်ကို ရခီး လို့ စနောက် ခေါ်မိတယ်
သဘောကောင်းတဲ့ ကျနော်
သူငယ်ချင်း တော်တော်လေး စိတ်ဆိုးသွားတယ် နောက်မှ ကျနော် အဓိပ္ပါယ်မသိလို့
ခေါ်တာကို သိလို့
သူက အဓိပ္ပါယ်ကို ရှင်းပြတော့ သူလဲ ကျေနပ်သွားသလို
ကျနော်လဲ နောက် ဒီလို မခေါ်ဖြစ်တော့ဖူး ကျနော် ကိုယ်တွေ့လေးပါ တကယ်တော့
သင်္ဘောက
အလုပ်ထက် ပေါင်းသင်းဆက်ဆံရေးက ပို အဓိက ကျပါတယ်
တခါတရံ ကိုယ်ရဲ့ ပြောမှုဆိုမှုက အဆင်မချောတော့ နေရင်းထိုင်ရင်း
ပြဿနာ တက်နိုင်လို့ပါ နောက်
ဖြစ်တောင့်ဖြစ်ခဲ ကိစ္စက Gender(လိင်မှု) နဲ့ ဆိုင်တဲ့ စနောက်ခြင်းကို ရှောင်ကြဉ်သင့်
ပါတယ်
ခရီးသည်တင် သင်္ဘောဆိုရင် ပိုဆိုးပါလိမ့်မယ်
လူမျိုးပေါင်းစုံတာကိုဗျ လူကနွဲ့ရင်နွဲ့လိမ့်မယ် လူသတ်မယ်လို့
ဘယ်လိုမှ မထင်ရတဲ့ပုံစံမျိုး တကယ်တော့
ပုံမှန် အတိုင်းဘာမှ မဖြစ်ပေမဲ့ လူတယောက်ရဲ့ ရှက်စိတ်က
လူသတ်မှု အထိ ဖြစ်ဖူးလို့ပါ (ဒီလို အဖြစ်မျိုး
တကယ်ရှိခဲ့ဖူးပါတယ် )ကျနော်တို့ ယဉ်ကျေးမှုက
တခါတလေ သင်္ဘောပေါ်က ဆက်ဆံရေး နဲ့ယှဉ်ရင်
အရှေ့နဲ့အနောက်လို လွဲနေတာလေးတွေ ရှိနေတတ်ပါတယ်
ဥပမာ- ပစ္စည်းပေးရင်
လက်တဖက်တည်းပေးပြီး ကျန်တဖက်က တံထောင်ဆစ်ကို ကိုင်တဲ့ အနေအထားမျိုးပါ
ဒီအနေအထားမျိုးဟာ ဥရောပ ဖက်က လူမျိုးကြီးတွေရဲ့ မယဉ်ကျေးတဲ့ အမူအရာဆိုတာ
ကျနော်တို့ မသိနိုင်ပါဘူး ကိုရီယားတွေကတော့ ခြေထောက်နဲ့
ပြတဲ့ အမူအရာကတော့
လူတိုင်းသိပါတယ်
သူတို့ကိုလဲ ပြန်ပြနိုင်ပါတယ် စိတ်မဆိုးကျပါဘူး
အမှန်ဆိုရင် ကျနော်တို့ အားလုံးဟာ သင်္ဘောပိုင်ရှင်ရဲ့ အလုပ်သမားတွေပါဘဲ
အရာရှိရော
သင်္ဘောသားပါ မခွဲခြားပါဘူးဗျာ(ရာထူးဆိုတာ ရူးတာ ဆိုတာတော့ ကိုယ်ဆရာတွေ မမေ့ဘို့တော့
လိုမယ်နော်) တခါတလေ ကျနော်ကတော့ ကျနော်အခန်းမှာ လူစုမိကျရင် ပျော်စရာ အကြောင်းကလွဲရင်
ကျန်တဲ့သူ အကြောင်း အတင်းအဖျင်း ဘာမှ မပြောကြေးပါ လူစုမိရင် ပြောတတ်ကျတာ အရက်ဝိုင်းထဲမှာ
မရှိတဲ့ လူရဲံ့ အားနည်းချက်ပါ ဟာသ အနေနဲ့ဘဲ
ဖြစ်ဖြစ်ပေါ့ ဒါဟာ သူ့ရဲ့ ထမင်းအိုး ကိုခွဲစေတဲ့
စကားဆိုရင် ဘယ်လို လုပ်မလဲ စဉ်းစားမိမှာ
မဟုတ်ဖူးနော် အထူးဆင်ခြင်သင့်ပါတယ် သင်္ဘောပေါ်မှာ
ရန်ဖြစ်တာ အစဟာ ဒီလို အုပ်စုဖွဲ့ အရက်သောက်ကျတာက
စတာ များပါတယ်
နောက် အရက်ဝိုင်းမှာ အလုပ်အကြောင်း မဆွေးနွေးကျ ပါနဲ့ ကုန်းပတ်က
ဆရာတွေကတော့
မသိဖူး၊အင်ဂျင်က သူတွေကတော့ ဆွေးနွေးရင်းနဲ့ အချင်းချင်း ၀ီရောဓိ ဖြစ်စရာလေးတွေ
ရှိတတ်ကျ၊
တယောက်နဲ့တယောက် ဖုတတ်ကျလို့ပါ ဟုတ်လားတော့ မသိဖူး(သင်္ဘောပေါ်က အရက်ဝိုင်းဟာ
အိုးဆားဗစ်တွေပါနေရင် နောက်ကြောင်းပြန်တွေ၊သမ္ဘာ ဂုဏ် ပုဒ် ဖေါ်မှုတွေကြောင့် စိတ်ညစ်ရတတ်တယ်
ကျနော် ကတော့ ပျော်တတ်တဲ့ ထပ်အောက်မခွဲပဲ ညီရင်းအကိုလို စိတ်ထားမျိုးရှိသူတွေနဲ့သာ
အတူသောက်တတ်ပါတယ် နိုမို့ဆို စိတ်ကျဉ်းကျပ်ရတတ်လွန်းလို့ပါ)
ကျနော်တို့ ရွှေတွေ အကျင့်က ခက်သားလား မိမိနိုင်ငံကဖြင့်
အာဏာရှင်လက်အောက်က လွတ်တာမှ
မကြာသေးဖူး ဒီမိုကရေစီတွေ၊လူအခွင့်အရေးတွေ လူကြားကောင်းအောင်
လျှောက်ပြောနေပြီး
ကိုယ်တိုင်ကျတော့ အာဏာရှင် ဆန်ချင်ကျတယ်ဗျ မယုံမရှိနဲ့ ကိုယ်တွေ့
ကျနော်က သင်္ဘောပေါ်က
အရာရှိရူးရူးတဲ့ လူတွေ အကြောင်းပြောတာနော် တိုက်ဆိုင်ရင်တော့ မတတ်နိုင်ဘူးဗျာ(ငယ်ငယ်က
အနိုင်ကျင့်ခံရတဲ့ ကလေးဟာ ကြီးလာရင် ရက်စက်တတ်တယ်တဲ့ ကြားဖူးတာပဲ သူ့ရဲ့ အမှတ်သညာမှာ
အနိုင်ကျင့် ရတာကို အမှန်တရားလို့ ထင်သွားတာကိုဗျ တော်တော်သနားဘို့ကောင်းတဲ့ ကိစ္စ)
ဆက်ပါအုံးမယ်ဗျာ
မျိုးငယ်(၂၂.၈.၂၀၁၃)
No comments:
Post a Comment