ဒီတခါ လဲ ကျနော်ရဲ့ ဇာတ်ကောင်ကြီး ကို E.mate ကြီး ကိုဘဲ ပွဲထုတ်ရမှာဘဲ။ ဒါနဲ့ နည်းနည်းမိတ်ဆက်ပေးမယ်ဗျာ….သူက အသက်ကြီးမှ အိမ်ထောင်ကျပြီး ၀န်ထမ်းလောက ကနေ သင်္ဘောသား ဖြစ်လာသူရယ်ပါ…လုပ်ငန်း များစွာကိုလုပ်ခဲ့ပြီး ဘ၀ ကိုရိုးသားစွာ ဖြတ်သန်းခဲ့သူပါ…
အရပ်က လေးပေ
ကျော် ငါးပေ မပြည့်၊လူပုစိတ်တိုနဲ့ စကားကို ပွင့်ပွင့်လင်းလင်း ပြောတတ်သူပါ…စာဖတ်သူ
မြင်အောင် ပြောရရင် နီကိုရဲ ရဲ့ ဇာတ်ကောင် ကိုရဲဝင်း ကို သာ ပြေးမြင်လိုက်ပါတော့ဗျာ….ရှင်းရောပေါ့…ဟဲ
ဟဲ
ကျနော်တို့
က အစ်ကို လိုလဲ ခင် သလို သူက လဲပြန်ပြီး သူငယ်ချင်း လို လဲ နောက်ပြောင်တတ်တာ သူ “ဝ
သီ” ပါ.။သူရဲ့မိသားစု အပေါ်ထားတဲ့ စိတ်ကလဲ တော်တော်လေး စား ဘို့ ကောင်းတယ်ဗျာ..၊၊ တနိုင်ငံရောက်တိုင်း
မိန်းမကို ဖုန်းခေါ်ရတာ အမော၊၊ ၊၊ငယ်ကချစ်တော့ အနှစ်တရာမမေ့သာ ဆိုသလိုပေါ့ အခန်းချင်းကပ်နေတဲ့
ကျနော်တို့က သူမိန်းမ ကို မမြင်ဖူးသေပေမဲ့ နာမည်ကတော့ တော်တော် ရင်းနှီးနေကျပြီ၊၊ ၊၊ဒါကလဲ သင်္ဘောသားတွေ ရဲ့ ချစ်သက်သေ ထူတာ တမျိုးလေ….ကိုယ်တိုင်လဲ
လုပ်နေကျဆိုတော့ ဟဲ ဟဲ ၊၊ ၊၊Sunday ဆိုတာနဲ့ သူကြီးကစလို့ ကဒတ်(Cadet) အဆုံး အိမ်သူသက်ထား တွေရော၊ နံပါတ်
၁ .၂ .၃ တွေရော(ဒီလိုရေးရင် ပေါက်ပါတယ်နော်
:P) . Bridge မှာ စည်ကားလို့….တာဝန်ကျနေတဲ့ ကုန်းဘတ်အရာရှိက အလိုက်တသိနဲ့ ထွက်ပေးရရှာတယ်..လူမှုရေးအရပေါ့
စတာနောက်တာ ၀ါသနာပါတဲ့ အရာရှိ ဆိုရင်တော့ ညနေ ပါတီမှာ အဖွခံရပြီတာ ..မှတ်…နှုတ်ပိတ်တဲ့အနေနဲ့
ပြီးရင် မျက်နှာချိုသွေးခဲ့ ရသေးတယ်…ကဲ….ထားပါလေ…လေရှည်နေပြီ…..ဇာတ်လိုက်ကျော်ကြီး
အကြောင်းဆက်ကျအုံး စို့၊၊ ၊၊
ဒါနဲ့ဘဲ တရက်သောနေ့တနေ့
ထမင်းစားခန်း( Mess Room )မှာ လူစုံလို့ ထွေရာလေးပါး ပြောကျရင်းနဲ့ ခု မြန်မာနိုင်ငံမှာ
အင်တာနက် သုံး၍ရနေတဲ့အကြောင်း၊ အီးမေးများနဲ့ ဓါတ်ပုံများ ပို့ နိုင်ကြောင်း ခေါင်းစဉ်
ကို ရောက်သွားပါရော….တချိန်လုံးနားထောင်နေတဲ့ ကို E.mate ကြီးက ၀ုန်းက နဲ ထ ရပ်ပြီး ပြောလိုက်ပုံက “ J.E မင်း ငါကို တခုကူညီကွာ။ ငါ
အီးမေး(Email)ပို့ချင်တယ် တဲ့”…ကျနော်က လဲ ကူညီချင်စိတ် အပြည့်နဲ့ဘဲ ချက်ချင်း”ရတယ်လေ”
ဟုပြန်ဖြေရင်း နောက်တခွန်း ထပ်မေးပုံက ကျနော် ဘာပြန်ပြောလို့ပြောရမှန်း မသိအောင်ကို
ဖြစ်ခဲ့ရပါတယ်…….နောက်တခွန်းက ….”ဟေ့ကောင် အိမ်အထိ ရောက်မှာလားတဲ့”…….မှတ်ကရော…။ ။
မျိုးငယ် ( ၅.၆.၂၀၁၃ )
No comments:
Post a Comment