Saturday, July 6, 2013

သံပြားနင်းဘ၀ ဟာသများ(၁)



 
ကျနော်တို့ သင်္ဘောသားလောကကို အကြမ်းဖျင်းပြောရင် 

စက်ဖက်(Engine Dept)  နဲ့ ကုန်းဘတ်(Deck Dept).ဆိုပြီး နှစ်ခှ ရှိတယ် ဆိုပါတော့ဗျာ…

အခုအချိန်မှာ Master လို့ခေါ်တဲ့  သူကြီး နဲ့ စက်ချုပ်လို့ခေါ်တဲ့   

(Chief  Engineer)တိုင်း ဟာ သံချေးခွာ၊ဆေးသုတ်၊ဆီချေးပေ ဘ၀ က စလို့ အဆင့်ဆင့် 

တာဝန်ထမ်းခဲ့ကျဘူးတဲ့သူ ချည်းပါဘဲ….ကျွမ်းကျင်ရာ လိမ်မာရာ ပေါ့….ဒီလိုဘဲ တွေးမိပါတယ်..တခါတခါ 

ခွဲခြားဆက်ဆံတာတွေ တွေ့ရတော့ မရင့်ကျက်သူပီပီ ငယ်စိတ်နဲ့ ခံပြင်းမိတယ်….ခုရေးမဲ့ အဖြစ်အပျက် 

ကလေးက ကိုယ်တိုင်ကြုံတွေ့  ခဲ့  ရတဲ့ အဖြစ်အပျက်ကလေးပါ…..

ပင်လယ်မှာ လှိုင်းလေငြိမ်တဲ့ မနက်ပိုင်း Tea-Break အချိန်ပေါ့….ကျနော်နဲ့ သံပြားနင်းဘ၀ ကို အတူတူ 

စခဲ့တဲ့ ကိုE-mate ကြီးတယောက်  ဒေါကြီးမောကြီး နဲ့  ECR(Engine Control Room) ထဲ 

ဝင်လာပါတယ်.။  လူပုစိတ်တို၊ မဟုတ်မခံ စိတ်ရှိ သူမှန်း သိလို့  ရန်ဖြစ်လာတယ် ဆိုတာ မြင်  ရုံ နဲ့ 

သိ   နိုင် တယ်လေ…ဒါနဲ့ သူက ဆရာဖြစ်တဲ့ E.O(Electical Officer)ကြီးကိုမေးပါတယ်…

မေးပုံက..”ဆရာ..ကျနော်တို့က အပေါ်ကခိုင်းရင် အကုန်လုပ်ရတာ ဘာကြောင့်လဲ၊ ငြင်းရင်ရော 

ဘာဖြစ်မလဲပေါ့….”ကျနော်တို့အားလုံးလဲစကားသံတွေ တိတ်ပြီး 

နားရွက်ထောင်နေကျတယ်…ဒီမေးခွန်းက 

“ကိုယ်တိုင်လဲ သိချင်တာကို”……

ဒါနဲ့ဘဲ….E.O ကြီးက ပြသနာကိုမရှည်စေချင်တဲ့သဘောနဲ့ “မင်းကွာ အင်ဂျင်ကအောက်မှာ ရှိလိုပေါ့ကွ” 

လို့ ဖြေလိုက်တယ်…

သူ့ဆရာရဲ့ အဖြေကိုရပြီးနောက်  ကို E.Mate ကြီး ရဲ့ ရေရွတ်သံ ကိုကြားလိုက်တဲ့အချိန်မှာ  ရယ်ရခက် 

ငိုရခက်နဲ့

ကျနော်တို့အားလုံးပြိုင်တူပြုံးမိကျတယ်….ပြောပုံက: “ အင်း သင်္ဘောကို လေယာဉ်ပျံတွေ လို 

အင်ဂျင်ကိုအပေါ်မှာတပ်ရင် ကောင်းသားတဲ့”မခံချင်စိတ်

အပြည့် ပြောလိုက်တာ……

သင်္ဘောသားများ အားလုံး ဘ၀ အမောကို ဟာသနှောလို့ ဖြေဖျောက်နိုင်ကျပါစေ……

စာကြွင်း။  ။နိုင်ငံခြားသား စက်ချုပ်ကြီးတယောက်ရဲ့ စကားပါ…

(We were family…We were parts of our ship)တဲ့…..

အဓိပ္ပါယ်ရှိတဲ့ စကားမို့လို့ လက်ဆင့်ကမ်းပေးလိုက်တာပါ။  


                                                  မျိုးငယ် (  ၅.၆.၂၀၁၃ )
                                                
ဆရာအရွယ် ညီအစ်ကို သူငယ်ချင်းအရွယ် မိတ်ဆွေ အပေါင်းအသင်းများအားလုံး ဘ၀ အမောပြေ စေဘို့ 

ဟာသ သဘော ရေးမှာ ဖြစ်လို့  လွန်တာရှိလဲ တောင်းပန်၊ မှားတာရှိလဲ ၀န်ခံ၊

အမြင်မတော်လဲ ကြိတ်မှိတ်ကာ ဖတ်ရှု   ကျပါကုန်၊၊   ၊၊

No comments:

Post a Comment

ထိုဟာလေးဆိုက်မှာထည့်ချင်လာခဲ့ပါ