ကျနော် ခုရေးမဲ့ ဒီပို့စ်က သင်္ကြန်နဲ့ ပတ်သတ်တယ်ဗျ
သင်္ဘောပေါ်မှာ သင်္ကြန် ကျတဲ့ အကြောင်းလေးပေါ့
တခုပြောချင်တယ်ဗျာ
ကျနော်တို့ လူမျိုးမှာ
ရုပ်ပိုင်းဆိုင်ရာ၊အတတ်ပညာပိုင်း ဆိုင်ရာတွေမှာ အခြားနိုင်ငံတွေနဲ့
ယှဉ်ရင် ခေတ်နောက်ကျနေပေမဲ့ စိတ်ဓါတ်၊အကျင့်စာရိတ္တနဲ့
ယှဉ်ရင်တော့ ကျနော်တို့က ထိပ်ဆုံးကပါ
ကျနော်တို့ရဲ့ ဗုဒ္ဓ ဘာသာအကြောင်း၊ ငါးပါးသီလ အကြောင်းတို့ကို
နိုင်ငံခြားသားတွေက သိနေကျတယ်
နည်းနည်းတော့ အံသြ မိတယ်ဗျ
သူကြီးတယောက်ဆိုရင် ကျနော်တို့ကို ညနေပိုင်း ဘာဘီကျုပါတီ
လုပ်ရင် အရက်၊ဘီယာမတိုက်ဘူး မင်းတို့ ဘာသာက
အရက်သေစာ သောက်လို့ မရဘူးတဲ့ မှတ်ကရော နိုင်ငံခြားသား
ဘာသာမဲ့ သူကြီးက တရားဟောတာ ခံလိုက်ရတယ်
ဘာပြန်ပြောလို့ပြောရမှန်းတောင် မသိဘူး
နောက်
ချစ်စရာကောင်းတဲ့ ဓလေ့စရိုက်တွေ ရှိတယ် ကျနော်တို့တွေ
အရင်ကဆို နိုင်ငံရပ် ခြားလေဆိပ်တွေ ရောက်လို့
အင်မီကရေးရှင်း(လူဝင်မှု ကြီးကြပ်ရေး ဌာန)
ဖြတ်ရင်
ပြဿနာတက်ပြီ ကျနော်တို့က ဘားမား(Burma)လို့ ပြောရင်
သူတို့က ဘဟားမား(Bahama)
ဆိုတဲ့ နိုင်ငံလားလို့ ထပ်မေးတယ်
ကျနော်တို့က South East Asia လို့၊ ဆိုတော့ ထိုင်း(Thailand)
ကိုသိတယ် အိန္ဒိယ(India)ကို သိတယ်
တရုတ်(China)ကို သိတယ် နောက်ဆုံး အကြံအိုက်လာတော့
နိုဗယ်ပရိုက် စုကြည် ကန်းထရီး (အန်တီ ဒေါ်အောင်ဆန်းစုကြည်)
လို့လဲ ပြောလိုက်ရော ချက်ချင်းကို တန်းပြီး သိတော့တာပဲ(
အမေစု ကျေးဇူးက တော်တော်ကြီးပါတယ်ဗျာ
ကမ္ဘာမှာ
မြန်မာလို့သိတာ သူတယောက်တည်းကိုပဲ ဒီလို အဖြစ်မျိုးတွေ
ကြုံဖူးကျမှာပါ ကျနော်ရေးတာ
ပိုတယ်ထင်မှာ စိုးလို့ပါ ခုဆိုရင်တော့
သိနေကျပါပြီ ကျနော်တို့ရဲ့ မြန်မာပြည်ကို )ကဲ
ထားတော့
ဒါတွေပြောရင် ပါလာတော့မယ် ဟို အကြောင်း
ဒီအကြောင်းတွေ တော်ပြီ
စောစောကပြောတဲ့ ချစ်စရာကောင်းတဲ့ ဓလေ့တွေထဲမှာ သင်္ကြန်က
ထိပ်ဆုံး ကပဲ လို့ ကျနော်
ထင်တယ်(ပြက္ခဒိန် နှစ်ဟောင်းကနေ
နှစ်သစ်ကို ကူးတာ လို့ပဲ
လူတွေက အကြမ်းဖျင်း သိထားကျပေမဲ့ ဒီထက်ပိုပြီး
အဓိပ္ပါယ်ပိုပါတယ်)
ကျနော်ကိုယ်တိုင် ကလဲ
သင်္ကြန်ပိုးပါတယ်ဘဲ ပြောရမှာဘဲ
ကျနော်တို့ သင်္ဘောပေါ်မှာ ဘယ်လိုသင်္ကြန်ကျလဲ ဘော်ဒါတို့
သိချင်မှာဘဲ
သင်္ဘောဆိုတာက ရေချိုကို ဖေါဖေါသီသီ သုံးလို့ရတာ
မဟုတ်ဘူးလေ တော်ကြာ သင်္ကြန်ရေကစားပြီး
နောက်ရက်
သုံးစရာ ရေချိုမရှိမှ ကွိုင်တက်မှာလေ(သင်္ဘောမှာက ကုန်ကို
ပိုတင်လို့ ရအောင်
ရေချိုကို ကုမ္ပဏီက လျော့တင်တယ် ပင်လယ်ထဲ
(၂၅)ရက်လောက်သွားရတဲ့ ခရီးမှာ
ပင်လယ်ရေကနေ
ရေချိုဖြစ်အောင်လို့ ရေချက်စက်(Fresh Water
Generator)ကို သုံးပြီး ပြန်ချက်ရတယ် သူရဲ့
ရေချိုထုတ်နှုန်းကို
ကြည့်ပြီး ရေချိုသုံးစွဲမှု ကို ချိန်ဆ သုံးရတာလေ)ဒါကြောင့်
ဒီလို
ရေချိုသုံးစွဲပြီး
ကစားကျမဲ့ မြန်မာသင်္ကြန်ကို နိုင်ငံခြားသားက ဘယ်
နားလည်ပေးပါ့လဲ
စဉ်းစားကြည့်လေ
ဒါပေမဲ့ ကျနော်တို့ ရွှေတွေက လဲ သင်္ကြန် ဖြစ်အောင်လို့
Deck ရော၊Engine
ရော ကြိုးစားရတာပေါ့
အင်ဂျင်ကလူတွေကလဲ ရေချိုပိုထွက်အောင် ကြိုးစားရသလို
ကုန်းဘတ်(Deck)ကလူတွေကလဲ ကစားမဲ့ သင်္ဘောနောက်ပိုင်း
Muster Station ခေါ်တဲ့ နေရာကို ပစ္စည်းသိမ်း၊သန့်ရှင်ရေးလုပ်ပေါ့
ကျနော်တို့ ကွန်ပျူတာကျွမ်းတဲ့သူတွေကလဲ
သင်္ကြန်သီချင်းတွေစု၊အခွေထုတ်
ဖွင့်မဲ့စက်တွေ
ကိုစမ်းကျ၊လူကြီးပိုင်းတွေကလဲ သူကြီးကို နားချပေါ့ (အော် မေ့လို့
ကျနော်တို့
သင်္ဘောက Crew တွေ အားလုံးက ရွှေတွေ(မြန်မာ)
အရာရှိထဲမှာ 2E နဲ့ C/O အထိပဲ ရွှေ ၊ကျန်တာ
ပိုလန်လူမျိုးတွေ)ပိုလန်သူကြီးက လူငယ်လဲ လူငယ်ပိုင်းဆိုတော့
ခွင့်ပြုပေမဲ့ စက်ချုပ်က အသက်ကြီးပိုင်းလဲ ဖြစ်ပြန် နည်းနည်းလဲ
လူမျိုးကြီးဝါဒ ရှိသူမလို့ သိပ်တော့ မကြည်ဘူးဗျ
ကျနော်တို့ကို
သူစိတ်ထဲမှာ ဖား(ဖိလစ်ပိုင်)တွေ လို ကျွန်းသားအရိုင်းအစိုင်း တွေလို
ထင်နေတယ်လေ(ရွှေတွေ မူးရူးပြီး သူတို့ကို ရန်လုပ်မှာ
ကိုစိုးရိမ်နေတာလေ) သူ့လုပ်ပိုင်ခွင့်
မဟုတ်တော့ ၀င်တော့မပြောဘူး
ကျန်တဲ့ မောင်ပို (ဖြုတ်တပ်)တွေကတော့
အရက်ချိုးတွေလေ ရေပက်ရင်းသောက်ရမှာဆိုတော့ ပျော်နေတာပေါ့
ဒါနဲ့ သင်္ကြန်ရက်ကို ပိတ်ရက်
နှစ်ရက် သတ်မှတ်ပြီး နှစ်ဆန်းတရက်နေ့ နဲ့ အကျ၊အကြတ်၊အတက်
တရက်ရက်ကိုရွေးကျတာပေါ့ဗျာ
အတက်နေ့ကိုရွေးလိုက်တယ် နောက်တနေ့ပါ ဆက်နားရအောင်လို့
အရက်နာကျတာကိုပါ
ထည့်တွက်ထားတာလေ ဟဲ ဟဲ
(သင်္ကြန်ရက်က လက်ရှိ သင်္ဘောရဲ့ ရောက်နေတဲ့ Location GMT
Time နဲ့
ဆိုတော့ ကျနော်တို့က နာရီ နည်းနည်းနောက်ကျတာပေါ့
ရန်ကုန်မြို့ထက်) Chief Cook(ချက်ကြီး)ကလဲ
သူအိမ်က တကူးတက
လူကြုံမှာထားရတဲ့ ထန်းလျက်ကို မုန့်လုံးရေပေါ် ထဲ
ထည့်လုံးပြီး နှစ်သစ်ကူးမုန့်လုပ်ပေးရှာတယ၊်
ရေပိုက်လေး နှစ်ချောင်းကို
တိုင်ကီမှာ စိုက်လို့ ရေခွက်တွေနဲ့ ခပ်ပက်ရတာ ပထမတော့
(ပိုလန်လူမျိုး)မောင်ပိုတွေကလဲ
ရေစိုမှာ စိုးလို့ ဟိုနေရာ ပြေးကပ်
ဒီနေရာ ရှောင်လိုက်ပေါ့ နောက် မြနန္ဒာ သီချင်းနဲ့
အကုန်လဲ
ယိမ်းကသလို က ကျရော၊မနေနိုင်ကျတော့ဘူး
ဝင် ‘က’ ပါလေ ရော မြန်မာ သင်္ကြန်သီချင်းကို ပိုလန်တွေ က
ယိမ်း ‘က’ တော့
ကိုယ့်လူတွေ စဉ်းစားကြည့်ပေါ့
လူကောင်ကြီးကြီး၊ ခြေကားယား၊လက်ကားယားကြီးတွေက
ကဗျာလွတ် ‘က’ ကျတာလေ ကွေးနေတာပဲ ရွှေတွေထဲက
တယောက်က ရှေ့ကနေပြီး သူတို့ကို ကပြတယ်
သူတို့ကလဲ နောက်က လိုက် ‘က’ ကြတယ် ဟုတ်နေတာပဲ
နောက်
ဘယ်သူက စလိုက်တယ် မသိပါဘူး ခေါင်းလျှော်ရည်ဗူးတွေ ယူလာပြီး
တဦးကိုတဦး ခေါင်းပေါ်လောင်းပြီး
ခေါင်းလျှော်ပေးကျတယ် ဒါနဲ့ ရွှေတွေကို သိပ်မကြည်တဲ့
စက်ချုပ်ကြီးလဲ
မနေနိုင်ဘူး ‘ဘာလုပ်တာလဲ’ မေးတော့ ကျနော်တို့က
‘ကံဆိုးမှုတွေကို နှစ်ဟောင်းကနေ နှစ်သစ်မပါအောင်လို့လဲ’
ပြောလိုက်ရော
သူကိုပါ ‘လုပ်ပေးပါ’ ဆိုပြီး ခေါင်းလျှော်ပေးလိုက်ကျတာပေါ့
စက်ချုပ်ကြီးကို
ဟဲ ဟဲ(မြန်မာတွေကို မကြည်တဲ့ သူကို
ဝိုင်းပြီး လျှော်ပေးလိုက်ကျတာ အောက်က
စက်ချုပ်လဲ
ရေတွေမွန်း၊မျက်လုံးတွေ စပ်ပေါ့ ဟဲ ဟဲ) မြန်မာတွေရဲ့
ရိုးသားမှု၊စည်းလုံးမှု ကို သူတွေ့သွားတာကို
သူတို့ လူမျိုးမှာ
ဒါမျိုးလုပ်လို့မရဘူးလေ မြန်မာဓလေ့စရိုက် ကို နားလည်သွားလို့
နောက်ပိုင်း သူ(စက်ချုပ်ကြီး)ကပြောပါတယ် မင်းတို့ လူမျိုးက
ဖားတွေ ထက် ပိုကောင်းတယ် ဆိုတာ ၀န်ခံပါတယ် တခါတလေ
မထင်မှတ်တဲ့အကြောင်းအရာလေးတွေက
အမြင်ကိုပြောင်းလဲပေးလိုက်တော့
ကိုယ်လုပ်ငန်းခွင်မှာ အလုပ်လုပ်ရတာ ပိုကောင်းလာပါတော့တယ်
ကျနော်တို့လဲ ဒီလို သင်္ကြန်ကို အမြဲပြန်လိုချင်မိပါတယ်
အမှတ်တရအနေနဲ့လဲ
ပြန်တွေးမိတယ်ပေါ့ ပျော်ခဲ့ဖူးတာကို
သူငယ်ချင်းတို့ သင်္ဘောမှာလဲ ဒီလိုပဲ သင်္ကြန်ကျနိုင်
ကြပါစေဗျာ
မှတ်ချက်၊၊ ၊၊မယုံမှာ စိုးလို့ ဓါတ်ပုံပါတင်ပေးလိုက်တယ်
မျိုးငယ်(၃၀.၇.၂၀၁၃)
No comments:
Post a Comment