ဒီနေ့ ကျနော် Myanmar Seaman Union ရဲ့ ဖေ့ဘွက်စ်
Page
လေး ၀င်ဖတ်ရင်း တင်ထားတဲ့ ပို့စ်တခုမှာ
အိုင်ဖုန်း(Iphone)အရောင်းအ၀ယ်လုပ်နေတာလေး
တွေ့လိုက်ရတယ်
ကျနော် စောစောပိုင်းက ရေးခဲ့ဖူးတာ သင်္ဘောသား
သုံးတဲ့ ငွေကြေး(၃)မျိုးကို
ထပ်တိုးရမလို ဖြစ်နေပြီနော် ဗီယက်နမ်
ပိုက်ဆံ ဒေါင်ငွေ(Daung) ဆိုပြီးတော့(ရှိတာတွေ
ကုန်တော့ ဒေါင်းပြီ
ဆိုတဲ့ သဘောမျိုးပေါ့ )
ကျနော် အစ်ကိုလို ခင်တဲ့ သင်္ဘောသား တယောက်ပြောဖူးတယ် သူ့
ကိုယ်တွေ့ဖြစ်ရပ်လေးပါ သူ့သားလေး ကစားဘို့ ၀ယ်လာပေးတဲ့
ဂိမ်းစက်လေးကို သူသားက မကစားချင်တော့တာရော
သူငယ်ချင်းတယောက်ကလဲ သူ့သားအတွက် တောင်းဝယ်တာနဲ့
ပြန်ရောင်းမယ်
ပြောလိုက်မိတယ် ချက်ချင်းပဲ သူငယ်ချင်း က
ဘာဆက်ပြောတယ် ထင်လဲ “မင်းတို့ သင်္ဘောသားတွေက
ဒီလိုပဲတဲ့
ပြန်ရောက်တုံး တလ၊နှစ်လ ပဲ သုံးဖြုံး
နိုင်တာတဲ့ နောက်ဆုံးပိတ်
ချေးငှားလို့မရတော့ရင် ပါလာ တာတွေ
ပြန်ရောင်းရတဲ့ ဘ၀ရောက် တာပဲတဲ့” ကျနော်ကို ပြန်ပြောပြတဲ့
အစ်ကို ဆိုတာ တော်တော်ကို စိတ်မကောင်းကြီးစွာနဲ့ ပြောတာ
သူငယ်ချင်း အရင်းကြီး ကိုယ်တိုင်
က သူ့မိသားစု
ဘ၀ကိုပါ စော်ကားလိုက်တဲ့ စကားလေ မဟုတ်လား
သင်္ဘောသား ရှိက ရရင် အလကား အကုန်
လိုချင်တာလေ(အရင်ကလို ဂျပန်မှာ
အမှိုက်ပုံ လိုက်ကောက်လို့
ရတဲ့ ခေတ် မဟုတ်တော့ဘူး ဂျပန်တွေက လူလည်ဖြစ်ကုန်ပြီဗျ )
သင်္ဘောသား ဘ၀ ကိုတော့ ဘာမှ နားလည်တာ မဟုတ်ကျဘူးလေ
ကဲ ထားတော့
ကျနော် ပြောချင်တာ အိုင်ဖုန်း အကြောင်း ဘယ်နဲ့
ဘာတွေ ပြောမိနေမှန်း
မသိပါဘူး ကျနော်က ဒီအကြောင်းမပြောခင်
ဒီဇာတ်လမ်း မှာ မင်းသားနှစ်ယောက်ရှိ တယ်ဗျ၊၊ ၊၊
ကိုရွှေညာသား ဟန်ထွန်းလေး(မှတ်မိအုံးမှာပါ ဘာလဲဟဲ့
သင်္ဘောသား()မှာ ကိုတတ်တူးကြီး ကြောက်သွားတဲ့ တယောက်ပေါ့)
နဲ့ ကဒတ်လေး ကုလားလေး မဆလာ(နာမည်ပြောင်ပါ
ကြိုက်တဲ့သူတွေက မဆလာကို မွှေးတယ် ထင်ပေမဲ့
မကြိုက်တဲ့သူတွေအတွက်တော့
နံတယ် ဆိုတယ် နေရာတကာတော့
ပါတယ် ကဲ ထားပါ ဒီလိုပဲ မှတ်ပါ ) ကျနော်ကတော့ ဒီနှစ်ယောက်ကို
အိုင်ဖုန်း ညီနောင် လို့ ခေါ်တယ်( Iphone
4Gs အိုင်ဖုန်း ဖိုးစ်ဂျီ
အက်စ်ကို ပေါ်ပေါ်ချင်း ၀ယ်ကိုင်ကျလို့) တယောက်က
စကားပြောရင်
အညာလေသံနဲ့ သူ့အရပ်က လေးပေ ကျော်ကျော်ကို စီးချင်တဲ့
ဆိုင်ကယ်က ဒီတီ(DT)ကို တက်ခွချင်တာ(သူ့ဇာတိမြို့လေး
က
ဆိုင်ကယ်စီးလို့ ရတယ်)ကျနော်ကလဲ အားပေးပါတယ် ငါညီ
ဆက်လုပ် မင်းအိမ်မှာ စပါးလှေ့စင်
လို စင်လေးဆောက်ထား
ဆိုင်ကယ်နောက်မှာ လဲ ခွေးခြေလေး ကို ဆောင်ထားလို့
တကယ်လို့
ဆိုင်ကယ်နိုးချင်လို့
ဆိုင်ကယ်ပေါ်တက်ချင်ရင်
ပလက်ဖေါင်းလိုက်မရှာရအောင်လေ မဟုတ်လား ကျနော်
အကြံပေးတာ သူ့အတွက်ပါ ဟဲ ဟဲ နောက်တယောက်
ကျတော့
တမျိုး သူ့အခန်းမှာ သင်္ဘောမှာရှိတဲ့ စက်အစုပ်ပလုတ်တွေ
(ဗီစီဒီစက်၊ ကတ်ဆတ်၊ ဖုန်းအစုတ် စတာတွေ)ကို သူအခန်းမှာ
စုပြီး
သူကိုသူ သိပ္ပံပညာရှင်လိုလို၊ တီထွင်သူ လိုလို ခဲဂေါက် တချောင်း
နဲ့(ဘယ်ကရှာထားမှန်း
မသိဘူး) ဘာတွေလုပ်မှန်း မသိဘူး(နေ့တိုင်း
သူကို သွားသွားကြည့်ရသေးတယ် တော်ကြာ ၀ါယာရှော့
ဖြစ်ပြီး
မီးလောင်မှာ စိုးလို့) အဲလိုမျိုး သင်္ဘောသား အစစ်ကြီးတွေ ထားတော့
ဒီ အိုင်ဖုန်းညီနောင်ကို
မျက်လုံးထဲ မြင်ပြီ မလား
သူတို့ နှစ်ယောက်လုံးမှာ တူတာက အိုင်ဖုန်းကို သူများတွေကို
ကြွားချင်တာရယ်၊သူများ ဖုန်းတွေထက် ပိုကောင်းတယ်ဆိုတာ
လက်တွေ့ပြချင်တာရယ် တူတယ်
ဒါပေမဲ့
သူတို့နှစ်ယောက်စလုံးက အိုင်ဖုန်းနဲ့
ပတ်သတ်ပြီး ကောင်းကောင်း မသိကျဖူးဗျ(မသိလို့လဲ
ဝယ်ဖြစ်သွားတာပေါ့ ) ဒီတော့ သူတို့နှစ်ယောက်ကို ၀ိုင်းဝိုင်း
စနောက်ကျတာပေါ့ မင်းတို့အိုင်ဖုန်းက
ဈေးကြီးပေးဝယ်ပြီး ဒီလောက်ပဲလား ဘာလားပေါ့ ဖုန်းဆက်ရုံ
သက်သက်ကတော့ တော်ရုံ ဖုန်းလဲ ရတာပဲပေါ့ ၀ိုင်းစကျတာပေါ့
အဲဒီမှာ ကိုယ်ဆရာနှစ်ယောက်ကလဲ
မခံထိ၊မခံသာဖြစ်ပြီး
ခင်ဗျားတို့စောင့်ကြည့် ဆိုပြီး ခေါင်းချင်းရိုက်ကျပါလေရော
ဒီနောက်
ဘယ်က၊ဘယ်လို ရှာလာမှန်းမသိတဲ့ မြန်မာပြန်
အိုင်စ်ဖုန်းအသုံးပြုနည်း
စာအုပ်ကို
သွားလေရာ ယူသွားပြီး ဖတ်လိုက်၊စမ်းလိုက် လုပ်ကျလေရဲ့
ကျနော်တို့ကိုလဲ တနေ့ တမျိုး မရိုးရအောင် အိုင်ဖုန်းရဲ့
ဖန်ရှင်အဆန်း တွေနဲ့ အိုင်စ်ဖုန်း အစွမ်း အံ့မခန်းကို
မြင်ရအောင်ဆိုပြီး သူတို့အခန်းကို ခေါ်ကာ
ကြွားလုံးထုတ်တာ
နေ့တိုင်း ဆိုပါတော့ဗျာ ဒါနဲ့နောက်
တပတ်လောက်ကြာတော့ ကျနော်တို့လဲ မေ့မေ့ပျောက်ပျောက်
ဖြစ်သွားတယ် သိပ်လဲ မစ ဖြစ်တော့ဘူး
ဒီနှစ်ယောက်ကို နောက်တနေ့ကျမှ သူတို့ထဲက
ကိုရွှေညာသားလေးက
ဂျူတီချိန်းရင်း ကျနော်ကို
တိုးတိုးလေးကပ် မေးတယ် “အကို ရန်ကုန်မှာ ဖုန်းပြင်တဲ့
ဆိုင်ကောင်းကောင်း
သိလားတဲ့” ဟေ ကျနော်လဲ
အံအားသင့်သွားတယ် နောက်မှ မျက်နှာမသာမယာနဲ့ “အကို ကျနော်
အိုင်စ်ဖုန်း
ဘာဖြစ်မှန်းမသိဖူး ဘာမှလဲ မပေါ်တော့ဖူးတဲ့”(လော့စ်
(Locked) ဖြစ်သွားတာနေမှာပါ စာအုပ်ဖတ်ပြီး
ကလိလွန်းလို့လေ)
အော် ဒါကြောင့် အိုင်ဖုန်းညီနောင် ငြိမ်နေရတဲ့ အကြောင်းအရင်း
အမှန်ကို သိရတော့တယ် ကျနော်တို့တွေလဲ သင်္ဘောပေါ်မှာ
ဘာဝယ်ဝယ်၊သူများဝယ်လို့ အဆင်ပြေမှပဲ လိုက်ဝယ်ရဲတယ၊်
ပုံစံတူကို၊ နို့မို့ဆို
ကိုယ်ဝယ်တဲ့ပစ္စည်းက ရန်ကုန်မှာ သုံးမရမှာ
စိုးလို့ပါ
မျိုးငယ်(၂၆.၇.၂၀၁၃)
No comments:
Post a Comment