ပုလင်းပျော် မှတ်စု အပိုင်း(၂)
=====================
ပုလင်းပျော် မှတ်စု အပိုင်း(၁) သည် အများစု ထင် ထားသလို
အရက်သမား အားပေး စာစု မဟုတ်သကဲ့သို့ အရက်ကြိုက်၍သောက်သော
ပင်လယ်ပျော်များကို နှိပ်ကွပ်သော စာစု လဲ မဟုတ်ရပါ ကျနော် ငယ်စဉ်ဘ၀ မှ
ယခု အချိန်အထိ တွေ့ဖူးဆုံဖူး ကြားဖူးခဲ့ သည့် အရက်ကြိုက်သူများ
ရဲ့ ကောင်းဆိုးနှစ်ထွေ ကမောက်ကမ ဖြစ်ရပ်များကို ဟာသ ဥာဏ် ဖြင့်
ပြန်လည် ရေးဖွဲ့ခြင်း မျှသာ ဖြစ်ပါသည် အခြားအခြားသော ပုဂ္ဂိုလ်ရေး
ထိခိုက်သော အမည်နာမ များကို အတတ်နိုင်ဆုံး ရှောင်ရှား ရေးဖွဲ့ပါမည် လို့
ကတိပေး ပါသည် ၊၊ ၊၊စာရေးသားသူ -မျိုးငယ်
ကိုကြီးကျော် ထက် စွမ်းသူများ
====================
ပုလင်း ပျော် မှတ်စု အပိုင်း(၁) တွင် ရေး ခဲ့သလို အလယ်တန်း ကျောင်းသား
ဘ၀ မှ စပြီး သောက်သုံးခဲ့ဖူးသည် ဟူ ၍ ကျနော် ၀န်ခံခဲ့ပြီး ဖြစ်ပါသည်၊၊
ထိုသို့ဆိုလျှင် ထိုအချိန်မှစ၍ ယခု
အသက် အထိ စာဖတ်သူအနေနဲ့ စိတ်တွတ် တွက်ကြည့်လျှင်ပင် နှစ်ပေါင်း
(၂၀) အတွင်း ကျနော်တွင် အသည်း ရောဂါ (သို့)ရောဂါ တခုခု
ဖြစ်နေလောက်ပြီ ဟု တွေးမိကောင်းတွေးမိ
ပါလိမ့်မည် သို့သော် ကျနော်သည် အရက် သောက်သည်ဟု ဆိုလျှင်
အရက်ကို မည်ကာ မတ္တ သောက်သုံးသူ မျှသာ ဖြစ်ပါတယ်
အခု ခေတ် ဗန်းစကားနဲ့ ဆိုလျှင် ကျနော်သောက်သည့် ပုံစံသည်
ဘတ်စ်စကား(Bus car) စီးသူသာဖြစ်ပါသည် အဓိပ္ပါယ်မှာ
ခရီးသွားမည့်သူမှန် သမျှ မှတ်တိုင်တွင် တွေ့သည် ဘတ်စ်ကား လာတိုင်း
တက်မစီးပါ လိုရာ ရောက်မှသာ စီးနင်း ပါသည် ထို့မှသာ လိုရာခရီး
တွင်ပါသည်
ကျနော် လည်း ထိုနည်းလည်းကောင်း အရက်ဝိုင်းကို
ကြုံတိုင်း သောက်လေ့ရှိသည်တော့ မဟုတ်ပါ
(နောက် ပိုင်း အရက်သောက်ရာတွင် ရွေးလေးရွေး အကြောင်း ရေးပါအုံးမယ်)
နောက်တနည်း အနက်ကား ဘတ်စ်စကား သည် အများစီး သည် မဟုတ်လား
(စကားလိမ်) သဘော အရ ကျနော် ၏ သောက်ဖေါ်စားဖက် များက ကျနော်ကို
အများစီး (၀ါ) အမြည်းစားလွန်း သူ ဟု
သတ်မှတ် ကျပြန်သည် အရက်နည်းနည်းသောက်ပြီး အစားများများ
စားတတ်သူပေါ့
ဒီအချက်သည် ဟုတ်မှန်သည့် အတွက် ကျနော် မှာ ပြန်လည် ငြင်းချက်
ထုတ်ခြင်း မပြုနိုင်ပါ လေ
က်ျသို့ ဆိုလျှင် ကျနော် သည် ဇိုးသမား အတု အစစ် ပြဿ နာကား ဖြေရှင်း
စရာမလိုတော့ ဟု ထင်ပါသည်။ ။
အရက်ဆိုင် (၀ါ)ဘုံဆိုင်
================
ကျနော် ပြောချင်သည့် ဆိုင် သည် ဘုံဆိုင် ကို ဟု အရင်မှတ်ယူစေချင်တယ်
ထိုဘုံဆိုင်လေးများသည် ဆိုင်းဘုတ် ဟူလို့ မည်မည်ရရမရှိ တင်စရာလဲ မလို
ဒါပေမဲ့ သူမှာ အရက်သမားများ ပေးထားသော နာမည်ကိုယ်စီ ရှိပြီးသား ပေးတဲ့
နာမည် အများစု သည် အရက်ဆိုင်ပိုင်ရှင်ရဲ့ ပုံစံ(သို့) အရက် ဆိုင် တည်နေရာ
ကို သာ အဓိကထား ပေးကျတယ်
ဥပမာ ဆရာသုမောင် စာအုပ် ထဲက ၄၂ လမ်းမှာ ရှိရင် ၄၂ ဆိုင် ဆိုတာမျိုးပေါ့
ကျနော် ရဲ့ သောက်ဆွေများ သည်လဲ ထိုနည်းတူစွာ အမည်ပေး ထားသော
ဆိုင်များစွာ ရှိပေလိမ့်မည်
ထိုကြောင့် ပင်လျှင် ယခုရေးမည့် ဖြစ်ရပ် လေး ဖြစ်ခဲ့ဖူးပြီး ရယ်စရာ ဖြစ်ခဲ့
ကျရလေသည်
ဒီ ဖြစ်ရပ်လေးက သူငယ်ချင်း ရဲ့ အမေ နတ်ကိုးကွယ်ရာမှ စသည့်ဇာတ်လမ်း
ကျနော်တို့ သူငယ်ချင်း နာမည်က မောင်အေးတဲ့ လူရိုးလူဖြောင့် တခါတရံမှ
သာ သောက်တတ်သူ သူ့ ရဲ့အမေ အရီးလေး ဒေါ်မြ က ဈေးရောင်းတယ်
သူ့က ကျန်တာ ကပ်စီးနည်းသလောက်
သူကိုးကွယ်တဲ့ သူ့မိရိုးဖလာ နတ် ကိုကြီးကျော် နဲ့ ပတ်သတ်ရင် လွန်စွာ
ယုံကြည်တယ်
ကိုကြီးကျော် ဆိုတာက စာဖတ်သူတို့ သိပြီးသား ပါ အရက်ကြိုက်တဲ့ နတ်
ဒါပေမဲ့ အရီးမြက ယောင်္ကျား နှင့် သား ဖြစ်သူကိုလုံး ၀ အရက်သောက် ခွင့်
ပိတ်ဆို့ထားလေသည်
ကာလသား ပေါက်စ မောင်အေး ခင်မျာ မှာလည်း မိဘ မသိအောင်တော့
နည်းနည်းပါးပါး သောက်တတ်တယ် တခါတလေ ကျနော်တို့ ဘော်ဒါများ ဆုံရာ
ဆိုင်လေးကိုလဲ လိုက် လာလေ့ရှိလေတယ် ကျနော်တို့မှာ
စည်းကမ်းတော့ထားတယ် ဘယ်နေ့ ဆုံမယ် ဘယ်ဆိုင် ဆိုတာ
ရွေးလေ့ရှိတယ် အမြဲတော့ မဟုတ်ဖူး အိမ်ကလဲ မရိပ်မိအောင်ပေါ့လေ
အချိန်းအချက်လုပ်လေ့ ရှိတယ်
ဒီလိုနဲ့ တနေ့သား ကျနော်တို့ ဘော်ဒါ များရဲ့ စကားဝှက်ရေးနည်း အတိုင်း
ချိန်းဆို ကျပါတယ်
( နောက် ဗဟုသုတ ပြောရရင် ပန်းချယ်ရီ စားသောက်ဆိုင် ဆိုပါတော့
ထိုဆိုင်တွင်ရှိမယ် ဆိုပါက ဂျပန်နိုင်ငံ ၏ သင်္ကေတ ချယ်ရီကို ကို ယူက ငါတို့
ဂျပန် တွင်ရှိမည် ဟု လူချင်း တွေ့လျှင် မှာလေ့ရှိလေတယ် အရက်ဆိုင်ပိုင်ရှင်
တရုတ်ကြီး ဆိုရင် တရုတ်ပြည် သွားတယ်ပေါ့
ဒီလိုမျိုး ဥာဏ်ကပြေးတာ ကျနော်တို့ အချင်းချင်းမှ လွဲ၍
အခြားအိမ်သားများ တော်ရုံ မသိနို်င်ပါ လက်ဖက်ရည်ဆိုင်လို့ပဲ ထင်ကျတာပေါ့
နောက်တနည်းကား မြန်မာ ဗျည်း အက္ခရာစဉ်ကို
ကိန်းဂဏန်း ပြောင်း ပြီး ရေးခဲ့ခြင်းပါ ဒီနည်းက လူချင်း မတွေ့လျှင် သုံးလေ့
သုံးထ ရှိပါတယ် ထားတော့ ဒီလိုနဲ့ တညနေခင်း လေး မောင်အေး
အပြင်သွားခိုက်ကြုံတုန်း လိုက်လာရန် မှာခဲ့ရမှာ မလို့
သူငယ်ချင်းတယောက် က ဒုတိယနည်း ကို သုံးပြီး မောင်အေး တို့
အိမ် လှေကား တိုင်တွင် ၅၅ (ငါးငါး) ကို
မြေဖြုနဲ့ ရေးပေး ထားခဲ့လေသည် အဓိပ္ပါယ်ကား ဆိုင်ရှင် မင်းမင်း ဆိုင်ကို
လိုက်လာရန် ဖြစ်ပါတယ်
ဒီလိုနဲ့ ကျနော်တို့ လူစု ချီတက်ပြီး သိပ်မကြာခင် မောင်အေး လိုက်လာလို့
အားလုံး သောက်ကျစားကျနဲ့ တညပြီးခဲ့ရတယ်လေ ထိုအချိန် အထိ ရယ်စရာ
ဖြစ်ရပ်ကား မလာသေးပေ
နောက်နှစ်ရက်လောက် နေတော့မှ မောင်အေး ကသူငယ်ချင်းတွေကို
ပြန်ဖောက်သည်ချခြင်း ဖြစ်ပါတယ်
သူ့ အမေဖြစ်သူသည် နတ်ကိုးကွယ်ရုံမက မြန်မာ နှစ်လုံးထီလောင်းကစားကို
လွန်စွာ စွဲလန်း ကစားသူ တယောက် ဖြစ်လေတော့ သားဖြစ်သူရဲ့
သူငယ်ချင်းမှ အရက်ဆိုင်လိုက်ခဲ့ဘို့ ရေးခဲ့သော
၅၅ (ငါးငါး)ကို သူ့ရဲ့ ကိုကြီးကျော်နတ်မှ ဂဏန်းပေးသည်ဟု ထင်ကာ ပုံအော
ထိုးသတဲ့
နောက်တနေ့ မနက် တိုက်ဆိုင် စွာ ငါးငါး(၅၅) ဂဏန်းထွက်သဖြင့်
အကြီးအကျယ် နတ်ကနား ပေးရန် စီစဉ် နေသတဲ့လေ
ဘာပဲဖြစ်ဖြစ် ကိုကြီးကျော် ကောင်းမှု ဖြင့် ကျနော် တို့ တစု ကိုကြီးကျော်
ဆက်သော အနီရောင် ဘလက်လေဗယ် သည်ကား ကျနော်တို့ အဖွဲ့ အတွက်
ဖြစ်လာခဲ့ဖူးတယ်(နတ်ဆက်ထားတဲ့ အရက်ပုလင်းကို
ခိုးခိုးသောက်ပြီး ရေပြန်ပြန်ရောထား တာလေ
ကိုကြီးကျော်လဲ ကျနော်တို့နဲ့မှ ခံရတာ) ဘာတတ်နိုင်သေးလဲ အော်
နတ်ဆိုတာ အငွေ့ပဲ
ရှုတာလေ မဟုတ်လား ဒီနောက်ပိုင်း ကျနော်တို့လဲ မောင်အေး ကို အရက်ဆိုင်
လိုက်ခဲ့ ဘို့ မှာတဲ့အခါ ထိုနည်းကို သုံး၍ မရတော့ပေ
နောက်တခါဆို တိုက်ဆိုင်မည် မသေချာတော့လို့ပင်
ဖြစ်လေတော့သည် (မှတ်မှတ်ရရ တက္ကသိုလ် ကျောင်းသား ဘ၀ စာစု)
မျိုးငယ်
Saturday, June 11, 2016
ပုလင်းပျော် မှတ်စု
Subscribe to:
Post Comments (Atom)
No comments:
Post a Comment