Thursday, August 6, 2015

ဇင်ယော် ပြောတဲ့ အချစ်အကြောင်း
တခါတလေ ပေါ့ အတောင်ညောင်းလို့ လှိုင်းထိပ်လေးမှာ ယှီးလေးခိုမလို့
အဖြူရောင် တိမ်တွေက အနက်ရောင် ည၀တ်အကျီ ၀တ်ကျတော့ မလို့တဲ့လေ ငါမျက်ရည်တွေက မိုးရေတွေနဲ့ ရောကုန်ပြန်ပြီ နေမင်းကို ကျောခိုင်းလို့ လမင်းကြီးကို ငေးနေလို့ ကောင်းတုံး ဟိုခပ်လှမ်းလှမ်းက သင်္ဘော ဥသြ သံသဲ့သဲ့ ကြားလိုက်ရတယ် အော် သူတို့ပြန်လာကျပြီကို နရီမမှန်တဲ့ ခြေလှမ်းကို တည့်မတ်ဘို့ ကြိုးစားရင်း တဖက်က ရင်ဘတ်နှိုးစက် တဒိန်းဒိန်း ဘာတဲ့ လူတွေ ပြောပြောနေတဲ့ အချစ် ဆိုတာ များလား ဖြစ်နိုင်ပါဘူးလေ ငါက ဇင်ယော်ပဲ  လူမှမဟုတ်တာ ဇင်ယော် ဆိုတာ ကိုယ်ကို အစားကျွေးမယ် မသေချာတဲ့ နောက်ကို လိုက်ရင်း မောရင်း နားရင်း ပျံနေကျတဲ့ ခပ်တုံးတုံး ငှက် အမျိုးအစားပဲ အော် ငါလိုပဲ ကောင်မလေး ပြန်ချစ်မယ် ဆိုတာ မသေချာတာတဲ့ အခြေအနေမှာ တဖက်သတ်လိုက်နေတဲ့  လူငတုံးတွေ ငါလိုပါပဲလား သူတို့ကမှ ပိုသနားစရာ ကောင်းတာပါ ကဲပါ ငှက်က ငှက်တွေးတွေးတာ ကောင်းပါတယ်လေ
မှတ်ချက်၊၊ ၊၊ ဘာရယ်မဟုတ် ဇင်ယော်တွေဘ၀ တွေးမိရင်း  ရေးမိတယ်
 

No comments:

Post a Comment

ထိုဟာလေးဆိုက်မှာထည့်ချင်လာခဲ့ပါ