Sunday, July 13, 2014

သရဲတကောင်ရဲ့ ဖြောင့်ချက် အပိုင်း(၃)





သရဲတကောင်ရဲ့ ဖြောင့်ချက် အပိုင်း(၃)

တူ. တူ တူ(နာရီနိုးစက် မြည်သံ)

အိပ်ချင်စိတ်က မပြေနိုင်သေး၊မနက်(၃)နာရီခွဲတွင် ပေးထားတဲ့ နာရီနိုးစက်ကို ပိတ်ရင်း

အိပ်ယာပေါ်မှာ  ခဏလောက်ငြိမ်လိုက်တယ်

ငါညက ဘာတွေဖြစ်ခဲ့ပါလိမ့် ဆိုတဲ့  စိတ်နဲ့

ပြန်စဉ်းစားမိတယ် အော် အိပ်မက်မက်နေတာကို

ဒါပေမဲ့ စိတ်ထဲတော့ မတင်မကျဖြစ်နေမိတယ် ငါညက သောက်တာလဲ မများပါဘူး

စိတ်စွဲလို့ပဲ နေမှာပါလေ ဆိုပြီး ဖြေတွေးလိုက်တယ်

ရှင်းရှင်းပြောရရင် ဘုရားတရားမလုပ်ဖြစ်တာလဲ ကြာပြီလေ အဲ နည်းနည်းလောက် 

ကျနော် အကြောင်းလေး ပြောပါရစေဗျာ ကျနော် ဘယ်သင်္ဘောပဲတက်တက် 

ပထမဆုံးရောက်တဲ့ နေ့ကစလို့ ပြန်တဲ့ နေ့ အထိ မနက်တိုင်း

တောင်တန်းသာသနာပြု ဆရာတော်ကြီး ဦးဥတ္တမသာရရဲ့ မေတ္တာပို့ ကို အမြဲတမ်း

ကွန်ပျူ တာ နဲ့ ဖွင့်ထားလေ့ရှိတယ် အားရင်လဲ မေတ္တာသုတ်ကို ရွတ်လေ့ရှိတယ်

ကျနော်ယုံကြည်တာကလဲ ဘယ်သတ္တ၀ါ ဘယ်ပုဂ္ဂိုလ်ဖြစ်ဖြစ် မေတ္တာသုတ်နဲ့

အဆင်ပြေတယ်လေ

 ဒါပေမဲ့ ကျနော်ကလဲ ပုတုဇဉ် အားလျော်စွာ  မိုက်တခါ ဆိုးတလှည့်ပေါ့

အားလုံး စင်းလုံးချော တော့ ဘယ်ဟုတ်လိမ့်မလဲ ငါးပါးသီလမှာ 

သူရာမေရယ ဝေရမဏိ သိက္ခာ ပဒံ သမာဒိယာမိ ဆိုတဲ့ သီလပုဒ်လေး ကိုတော့ 

အမြဲတမ်း မဟုတ်ပေမဲ့  တခါတလေ ချိုးမိတယ် မကောင်းမှန်းသိပေမဲ့ 

သင်္ဘောပေါ်ဆိုတာ မသောက်မစား လူ့ငနွား လို့ ထင်မှာစိုးလို့တော့ မဟုတ်ပေမဲ့ 

လူမှုရေး အရ စိတ်သက်သာရာအတွက်ဆိုတဲ့ ခေါင်းစဉ်

အမျိုးမျိုးတပ်ပြီး သောက်မိတာပါ လူတိုင်းသိရအောင် ရေးပြရရင် သင်္ဘောပေါ်မှာ 

(Alcohol & Drugs Policy )အရ လုံးဝ သောက်ခွင့် မရှိပါ အပြင်လောက 

လူတွေထင်နေကျတာ သင်္ဘောသားဆိုတာ သင်္ဘောပေါ်မှာ Beer ဆို အကြိုက်သောက် 

မိန်းမတွေကလဲ သင်္ဘောမှာ လိုက်လို့ ဒေါ်လာတွေ ပိုက်လို့ 

မြန်မာပြည်ပြန်ရောက်တော့ ရပ်ကွက်ထဲ လမ်းသလားနေတဲ့ ဆံပင်ရှည်ရှည်နဲ့ 

လမ်းသရဲစတိုင် လူမျိုးလို့ သတ်မှတ်ထားကျတာပါ 

ဒီလိုလူတွေ မရှိဘူး လို့ မငြင်းပါ  ရှိပါတယ်

တကယ်တော့ သင်္ဘောသားတွေဆိုတာ ငန်းဖြူဆွတ်ကျယ်အဖြူ ချွေးခံဝတ်

အပေါ်က ဘွိုင်လာစွပ်နဲ့  တနေ့လုံး  အနည်းဆုံး(၁၂)နာရီလောက် 

အလုပ်လုပ်နေရတဲ့သူမျိုးပါ ဒါပေမဲ့ သင်္ဘောသားတိုင်း

ဘယ်တော့မှ ဒီလိုမျိုးကိစ္စတွေကို ပြန်မပြောကျဘူး သိက္ခာကျမှာ စိုးတာထက် 

ကိုယ့်မိသားစု က စိတ်မကောင်းဖြစ်မှာစိုးလို့ပါ

တနေ့လုံး အလုပ်ပြီးနားချိန်ရောက်တော့လဲ 

ပင်ပန်းတာတွေကို မေ့မေ့ပျောက်ပျောက်နဲ့ နောက်တနေ့ အတွက် အားပြန်မွေး 

ပိတ်ရက်မရှိ ခွင့်ယူလို့ မရတဲ့ လုပ်ငန်းမျိုးပေါ့

နောက်(၂)ရက်နေရင် မြို့လေး တမြို့ကို ၀င်တော့မှာ မလို့ သင်္ဘောသားတိုင်း

အလုပ်ရှုပ်နေကျတယ် ဒီလိုပဲလေ သင်္ဘောဆိုတာ  တနိုင်ငံက ကုန်ပစ္စည်းတွေကို 

တနိုင်ငံပို့ ပေးရတဲ့ ၀န်ဆောင်မှု ပေးတဲ့ လုပ်ငန်းဆိုတော့ ကမ်းရောက်တော့လဲ 

ဆိပ်ကမ်းဝင်ခါနီးတိုင်း လုပ်ရလေ့ရှိတဲ့ အလုပ် စသည်စသည်တွေနဲ့အမြဲ အလုပ်များတဲ့ 

စက်ရုံတရုံ ပါပဲ

အဲ စောစောက ကို မောင်မောင် အကြောင်းပြန် ဆက်ရရင် 

ကျနော် မေ့မေ့ ပျောက်ပျောက်ပါဘဲ ဒီကိစ္စကိုတော့ ဘယ်သူကိုမှ ပြန် မပြောပြဖြစ်ဘူး 

ကိုယ်တိုင်ကလဲ စိတ်စွဲလို့ပဲ ဖြစ်မှာပါ လို့ မှတ်လိုက်တယ် နို့မို့ဆို လူကို 

အရက်ကြောင်တယ် ထင်ပြီး ပြန်ပို့နေရင် ဒုက္ခ

မေ့မေ့ ပျောက်ပျောက်ရှိလောက်တဲ့ နေ့တနေ့

ညနေစောင်းလို့ ညဦးပိုင်းလောက် ဖြစ်မယ်ထင်တယ် သေချာတာကတော့ 

ကျနော် အောက်ထပ်ကနေ အခန်းပြန်တက်လာချိန်

ဒီတခါတော့ ကိုယ်တော်ချောက ခွင့် မတောင်းဘဲ ကို ကျနော် 

အခန်းထဲ ရောက်နှင့် နေတာဗျ ထူးဆန်းတာ တခုက သူကို တွေ့တော့ ကိုမောင်မောင် 

ဆိုတာ တန်းသိနေတယ် ထပ်ပြီး မိတ်ဆက်စရာ မလိုအောင် သိနေတာ

သူကလဲ ရင်းရင်းနှီးနှီးပဲ

သူက ကျနော် ဟိုတပတ် က လာလို့ မရလို့တဲ့ ကျနော် သူကို မေးဘို့ သတိမရမိဘူး

ဘာဖြစ်လို့လဲလို့

တကယ်ပြောရရင် သူဟာ တစ္ဆေ တကောင် ဆိုတာ ကျနော်မေ့ နေတယ် 

သူငယ်ချင်းတယောက် လာလည်တယ် လို့ဘဲ မှတ်ထင်နေတယ်

သူပြောချင်တာတွေကို နားထောင်ရင်း ပြန်ပြောရင်းနဲ့ ကျနော်လဲ ကွန်ပျုတာကနေ 

သီချင်း ဖွင့်ထားလိုက်တယ်

# #အချစ်စစ်မှာ ပိုင်ဆိုင်တဲ့သူတွေဟာ ..

      တဦးနဲ့တဦး အမြဲ သစ္စာတည်မယ်….    
   
       အချိန်တွေ ပြောင်းပါစေ နေရာတွေ ပြောင်းပါစေ


        အသည်းချင်းမှာ အမြဲ နီးနေမယ်

      ဘယ်အချိန်အထိလဲ ဘယ်လိုချစ်မှာလဲ
  
       အချစ်ဆုံးက မေးခဲ့ရင် ဖြေမယ်

      နေမ၀င်အချစ်တွေ
     
      အချစ်ကို ပေးမယ်…..

        ယနေ့မှစ နှစ်တရာတိုင်ကွယ်…….##

(အန်တီ နွဲ့ယဉ်ဝင်း သီဆိုထားတဲ့ ယနေ့မှစ နှစ်တရာတိုင် သီချင်း )

သံစဉ်လေးနဲ့ စာသားလေးတွေက တကယ်ကို ရင်ခုန်ကြည်နူး ဆွတ်ပျံ့ဖွယ်ရာ

ပင်လယ်ပျော် ချစ်သူ မိန်းကလေးကနေ ချစ်သူကို ဘယ်လောက်ချစ်ကြောင်း 

သစ္စာတည်ကြောင်း ဖွဲ့ဆိုထားတဲ့ သီချင်းလေး

ဒီသီချင်းရဲ့ ထူးခြားချက်က အန်တီ နွဲ့ယဉ်ဝင်း ကိုယ်တိုင် သရုပ်ဆောင် ထားပြီး

သူ့ အမျိုးသား သင်္ဘောကပ္ပတိန်ြကီးပါ သင်္ဘောနောက်ခံ ဓါတ်ပုံလေးတွေနဲ့

တော်တော်လေး ရင်ခုန်စရာ ကြည်နူးစရာ မြင်ကွင်းလေးတွေပေါ့ ဒီမှာ 

တချိန်လုံးစကားတွေပြောနေတဲ့ ကိုမောင်မောင် တချက်ငြိမ်သွားတယ်

 သူမသေဆုံးခင်က သူ့မမနဲ့ ပြန်ရင်လက်ထပ်မယ် ဆိုတဲ့ 

အကြောင်းကိုကျနော်က မေ့နေတယ်လေ

ကျနော်အတွက် ဘာမှ မဖြစ်ပေမဲ့ ကိုမောင်မောင် အတွက်ကျတော့

မခံစားနိုင်ဘူးပေါ့ဗျာ  သူက ကာယကံရှင်ကို

သူက အစ်ကို ဒီသီချင်းကို ပိတ်လိုက်ပါတော့ဗျာ တဲ့

ကျနော်လဲ ကြောင်သွားတယ်

စောစောက အကောင်းပါ အခု ဘာထဖောက်တာလဲလို့ သူကို ဘုကြည့် 

တချက်ကြည့်လိုက်တော့ မျက်ဝန်းမှာ မျက်ရည်စတွေ ၀ိုင်းနေတဲ့ 

ကိုမောင်မောင် တွေ့လိုက်ရတယ် အော် သူ့လဲ ဒီလိုမင်္ဂလာဆောင် ဖြစ်လိမ့် မယ် ဒီလို 

အရာရှိကြီး ဖြစ်အောင် ကြိုးစားမယ် ဆိုတဲ့ ရည်ရွယ်ချက်ရှိခဲ့မယ် ထင်ပါတယ်

ကံကြမ္မာက သူ့ အပေါ်မှာ မျက်နှာသာ မပေးခဲ့တာကို

ဝမ်းနည်းမိသွားတယ် ထင်တယ် ကိုမောင်မောင်နဲ့ မမ တို့ နှစ်ယောက် စလုံး 

အနောက်တိုင်း ၀တ်စုံအဖြူရောင် ၀တ်ပြီး ရွှေလက်တွဲပြီး ပျော်ကျရမဲ့ကိန်းက 

လွဲသွားခဲ့တာကို

ဒါနဲ့စကားမစပ် ပြောရရင် မြန်မာ မိန်းကလေး အများစုဟာ တသက်မှာ တခါသာ 

မင်္ဂလာဆောင်ကျတဲ့ မြန်မာတို့ရဲ့ ဓလေ့ ထုံးတမ်း အစဉ်အလာ အရ 

လက်ထပ်မင်္ဂလာကို တော်တော်လေးတန်ဘိုးထားကျတယ် တတ်နိုင်သူတွေက 

တတ်နို်င်သလောက် ကျဲ့ကျသလို ဘ၀ကံပေး အားနည်းသူများကျတော့လဲ 

အရှေ့(၇)အိမ်၊အနောက်(၇)အိမ် အသိအမှတ်ပြုလို့  ပုဆိုးတန်းတင် 

အကြင်လင်မယားတဲ့ ကဲပါ အာဝါဟ ၀ိဟာဟ

မင်္ဂလာဆောင် အကြောင်းရေးနေတာ မဟုတ်လို့ ကျော်လိုက်ပါရစေနော် 

ဒီအကြောင်းပြောရတာလဲ ကို မောင်မောင်နဲ့ ပတ်သတ်နေလို့ပါ သူ့ဟာလည်း

 ပြန်ရင် မင်္ဂလာဆောင်မယ် ဆိုတဲ့ စိတ်ကူးတွေနဲ့ ပျော်နေတဲ့သူ ဖြစ်ပုံရတယ်

ကျနော် အတွေးမဆုံးခင်လေးမှာပဲ ကိုမောင်မောင် ရှိက အသံတိုးတိုး ညင်းညင်းလေး 

ထွက်လာတယ် သူဘာပြောလိုက်သလဲ ဆိုတော့ ကျနော်  မမရှိကို ပြန်ချင်တယ်  

ကူညီပါတဲ့ ဟိုက် ကျနော် ငိုင်သွားတယ်လို့ ထင်တာပဲ ငြင်းရမှာလား ကူညီမယ် 

ကတိပေးရမှာ လား 

ကိုယ်ကဘယ်လိုကူညီလို့ရမှာလဲ တော်တော်လေး ခေါင်းစားသွားပြီဗျာ တကယ်ပါပဲ

 အပိုင်း(၄)မျှော်ပါ၊၊

မျိုးငယ်(၁၀.၇.၂၀၁၄)



No comments:

Post a Comment

ထိုဟာလေးဆိုက်မှာထည့်ချင်လာခဲ့ပါ