ကျနော် စိတ်ထဲ ဒီပို့စ် ကို ရေးရမှာ ခပ်ရှက်ရှက်ဗျ ဟဲ ဟဲ ကျနော်ကို သင်္ဘောသားတွေ
ဝိုင်းတုပ်မဲ့ကိန်းဆိုက်နိုင်တယ် အမှန်တွေ ပေါ်ကုန်လို့ ဆိုပြီး ဟဲ ဟဲ နောက်တာနော်
သူငယ်ချင်းတို့ ဘာအကြောင်းရေးမယ် ထင်လို့လဲ တလွဲတော့ မတွေးနဲ့နော် သင်္ဘောသားတွေ ချွေတာရေးလုပ်တဲ့ အကြောင်းလေး ရေးချင်တာ တနည်းပြောရင် ကပ်စီးနည်းတဲ့
အကြောင်းပေါ့ဗျာ ဟဲဟဲ ကိုယ်ပေါင်ကိုယ်လှန်ထောင်း ဆိုသလိုပဲ
နည်းနည်းတော့ ကြိတ်ခံပေါ့ အများကြီးတော့ မဟုတ်ပါဘူး ခပ်ပါးပါးလေး ပါ
ဒီလိုဗျာ လူတွေ အမြင်မှာ သင်္ဘောသားတို့၊နိုင်ငံခြားပြန်တို့တွေက (ဟဲလေး သီချင်းထဲကလို ပြောရင် )လူရှေ့သူရှေ့မှာ ရောက်ရင်
ပိုက်ဆံကို အားရှိပါးရှိ သုံးကျတာ မြင်ဖူးကျလိမ့်မယ် အမြင်ကတ်လဲ
ကပ်လောက်စရာနေ မှာပေါ့(နိုင်ငံခြားရောက်လို့ ဈေးဝယ်ခံနီးရင် မြန်မာငွေတန်ဘိုး နဲ့ တွက်ကြည့်ပြီး “ မနည်းပါလား” ဆိုပြီး မျက်နှာလွဲ ခဲ့ရတာတွေ ရန်ကုန်ပြန်ရောက်တော့
တန်တယ် ဆိုကာ စွတ်သုံးမိပြန်ရော ဟုတ်တယ်မလား ) တကယ်ဆို ဒီလူက အရင်ကတည်းက လက်ဖွာ တာ လား၊ လူရှိန်အောင် လုပ်တာလား ဆိုတာ ဘယ်သူမှ မသိဖူးဗျ
ဟုတ်တယ် မလား တွေ့တုံး ခဏမှာပဲ ဒီလူ ဘော်စိ(Boss) ဆိုပြီး အမြင်နဲ့ ဆုံးဖြတ်လိုက်ကျတာ များပါတယ် ကျနော် ဆုံဖူးတဲ့ သင်္ဘောသား တယောက်က
ထိုအမျိုးအစားထဲမှာပါတဲ့ တယောက် ဆိုတာတော့ မိတ်ဆက်ပေး မနေ တော့ ဖူးဗျာ ကြာနေမှာ စိုးလို့
သူ့ရဲ့ နစ်စ် နိမ်း(နာမည်ပြောင်)ကို ပဲ မှတ်လိုက်တော့
ဘွန်း ဇီးရိုး(Bond Zero)ဆိုပြီး ဂျိန်းစ် စဘွန်းကို အရမ်းကြိုက်လို့ ဒီနာမည်ပေးတာလား ဆိုရင် တက်တက်စင်အောင် လွဲတယ်လို့ ပြော ပါရစေ သင်္ဘောမှာ သုံးတဲ့
အသုံးအနှုန်း မို့လို့ နည်းနည်းလေး လေရှည်ခွင့် ပြုပါ ဘွန်းစ်(Bond) ဆိုတာ စာချုပ်လို့ အဓိပ္ပါယ် တိုက်ရိုက် ပြန်ကျပေမဲ့
ကျနော် တို့ သင်္ဘော အသုံးအနှုန်းနဲ့ ပြောရရင် သင်္ဘောပေါ်မှာပါတဲ့ ကိုယ်လိုအပ်တဲ့ ရေသန့်၊သွားတိုက်ဆေး၊အရက်၊ဘီယာ၊ဆေးလိပ် စတာတွေကို
လကုန်ရှင်း စနစ်နဲ့ လက်မှတ်ထိုး အကြွေးရောင်းပေးတဲ့ စနစ်ပါ ကျနော်တို့လစာထုတ်ရင် ငွေ
ပြန်နှုတ်ယူထားတာပေါ့ ကျနော်တို့ ကို တပတ်တခါ ထုတ်ပေးပြီး ဆိပ်ကမ်းမှာ
ထုတ်ခွင့်မရှိပါဘူး ကိုယ်က အရက်တို့၊ဘီယာ၊ဆေးလိပ် စတာတွေ ကို တဦးတယောက်ချင်း အကန့်အသတ်နဲ့ ထုတ်ရတာပါ ကာစတင်(Custom)လာလို့ ကိုယ်အခန်းမှာ
ပိုနေတာကို စစ်ဆေးလို့မိရင် ဒဏ်တပ်ခံရနိုင်ပါတယ် လိုသလောက်သာ ပေးထုတ်တာပါ
အကောက်ခွန်ကင်းလွတ်ခွင့်ရ ပစ္စည်း(Tax Free) ဆိုတော့ အပြင်မှာ ထက်တော့ ဈေးသက်သာပါတယ် ကျနော်တို့
တွေ ပုံမှန်ထုတ်ရတာတော့ ရေသန့်(Drinking Water)ပါ သင်္ဘောက ရေချက်စက်က ရေဆိုတာ ပင်လယ်ရေကို ရေချို ပြန်ချက်ထားတာ ဆိုတော့ ဘာပဲဖြစ်ဖြစ် ဘယ်လိုမှ
ကျန်းမာရေးအတွက် မကောင်းနိုင်ပါဘူး သုံးရေ အတွက်ပဲ ကောင်းတာပါ နှစ်ပေါင်းများစွာ ကြာနေပြီ ဖြစ်တဲ့
သံပိုက်လုံးဟောင်း အဆင့်ဆင့်ကနေ ရေချို သံတိုင်ကီ(Fresh Water Tank)တွေကမှ လာတာ ဆိုတော့ ဘယ်လိုမှ မသန့်ရှင်းနိုင်ပါဘူး လူ့ကျန်းမာရေးကို
ထိခိုက်စေနိုင်တဲ့ ဓါတ်ပစ္စည်းတွေနဲ့ ထုံးဓါတ်ကို မဖယ်ထုတ်နိုင်လို့ ကျောက်ကပ် ကို ဒုက္ခပေးတယ်လို့ လုပ်သက်ရင့်
သင်္ဘောသားကြီးတွေ ပြောတာ ကြားဖူးပါတယ် (ဒါကြောင့် သင်္ဘောသားကို သံပြားနင်းတယ်၊သံချေးရေ သောက်တယ် လို့ ပြောကျတာပါ )တကယ်လဲ ကိုယ်ရှေ့မှာ
ကျောက်ကပ်ကျောက်တည်လို့ သင်္ဘောသားတွေ ဆေးရုံပြေးရတာ တွေ့ခဲ့ဖူးတယ် ကဲထားတော့
စောစောက ဆရာ ဘွန်းစ် ဇီးရိုး အကြောင်းဆက်ပြောမယ်
သူက သင်္ဘောလိုက်လာတာလဲ ဆယ်စုနှစ်တခု ရှိပါပြီ ကျနော်တို့က သူကို ရေသန့်သောက်ဘို့ စည်းရုံးတယ် ဘယ်လိုမှကို မရဘူး တင်းခံတယ် နောက် ပြီး ဘာဆိုဘာမှ
သင်္ဘောကနေ မထုတ်ဖူး(ကပ်စီးနဲတယ် လို့လဲ မခေါ်နိုင်ပြန်ဘူး သူကြိုက်တဲ့ ဂျင်းဘောင်းဘီ(501)ကျတော့ ဘယ်လောက်ဈေးကြီးကြီး ၀ယ်တယ်ဗျာ အံ့သြတယ်)
ကျနော်တို့လဲ ပြောပါတယ် ခင်ဗျား နေမကောင်းလို့ ဆေးကု ရရင် ဒီထက်မက ကုန်မယ် ဆိုပြီး ဒါကိုလဲ သူက ဇွတ်ခံတွန်းတယ် ကျနော်တို့လဲ လက်လျော့ကာ သူထိုက်နဲ့ သူကံ
လို့ သဘောထားပြီး သူကို ဘွန်းစ် ဇီးရိုး ဆိုပြီး
ဒီနာမည်ပေးလိုက်တာ ပဲ ကျနော်တို့ မလွန်လောက်ဖူးထင်တယ်နော်
မေးစရာ ရှိမယ် သူ ဘယ်ရေသောက် လဲဆို ရေချက်စက် ပန့်စ်(Pump)အထွက်က(ရေချုတဲ့ ပိုက်လေးကနေ) ရေကို ရေသန့်ဗူး အဟောင်းတွေနဲ့ ခံပြီး
သူ့ အခန်းမှာ စုထားတယ် နေ့တိုင်း ရေဗူးလေးတွေ ကို ဂျုတီ ပြီးရင် သယ်သယ်သွားတာ ကျနော်တို့လဲ (လုံးဝ) မသောက်တာတော့ မဟုတ်ပါဘူး
အင်ဂျင်ခန်းထဲက ကော်ဖီဖျော်ဘို့ ရေနွေးလိုရင်တော့ ဒီ ခံထားတဲ့ရေကို
သုံးပါတယ် ကြိုပြီးသောက်တော့ နည်းနည်းတော့ မဆိုးဖူးပေါ့
ဒီလိုနဲ့ တနေ့ရောက်တော့ ကိုယ်ဆရာ အူးယားဖားယားပြေး ချလာတယ်ဗျ
ကျနော်တို့လဲ (Tea Time break) ဆိုတော့ လူစုံတာ ပေါ့ သူက သူ့ရေဗူးကို လှုပ်ပြရင်း “ဘာမြင်ရလဲ” ဆိုတော့ ကျနော်တို့လဲ ရုတ်တရက် ဆိုတော့
မသိဖူးပေါ့ နောက် သေသေချာချာ ကြည့်ဆိုမှ ရေထဲမှာ ကြေးမှုန့် လက် လက် လေး တွေ တွေ့တယ်လို့ ပြောလိုက်တယ် ကျနော်က ဆက်ပြီး
“အဲဒါဆို သောက်ရေထဲမှာပါနေ တာပေါ့” ဆိုတော့ သူက “ဟုတ်တယ်တဲ့”
သူက နည်းနည်းတော့ စိတ်ညစ်နေပြီ ဘာလို့လဲ ဆိုတော့ သူတဦးတည်း
ဒီရေကို မကြိုချက်ပဲ သောက်တာလေ ဒီရေထဲ ဘယ်နေ့ကတည်းက ပါနေတာလဲ ဆိုတာ ဘယ်သူမှ သတိမထားမိဖူးလေ ကျနော်တို့လဲ ကုန်းချုပ်တို့ ချက်ကြီးတို့ကို
သတိပေးပြီး ရေကို သေသေချာချာ ရေစစ်နဲ့ စစ်ဘို့၊ပြောပြီး ကျန်တဲ့ပြင်ဆင် သင့်တာတွေ ပြင်ပေါ့ ဇာတ်လမ်းက ပြီးသွားပြီ
ဒီနောက်ပိုင်း ကိုယ်ဆရာက ဇာတ်လမ်း အသစ် စတော့တာပဲ ဘယ်သူဘယ်လိုက ကျပ်လိုက်တယ် မသိပါဘူး ဗိုက်ထဲက ဟိုနားက အောင့် သလိုလို ဒီနားက အောင့် သလိုလို
ဖြစ်တယ် ဆိုပြီး သင်္ဘောပေါ်က ဆေးတာဝန်ခံ ကုန်း(၂)ကို
ဆေးတွေ တက်တောင်းပါရော (သင်္ဘောပေါ်မှာက တယောက်က ဒီလို ခံစားရတယ်ဆို ကိုယ်လဲ ခံစားရသလိုလို ဖြစ်တတ်တယ် စိတ်ရောဂါ အနုစားလို့ပဲ ဆိုရမလားပဲ )
ကုန်း(၂)ကလဲ ဘာဆေးပေးလို့ ပေးရမယ်မသိဖူးလေ သူဟာက ဖြုန်းစားကြီး ဖြစ်တာ ဆိုတော့ ( ရေသောက်မိတဲ့ အကြောင်းကို တော့ မပြောဖူးပေါ့ သူရဲ့ သိက္ခာကျမှာ
စိုးလို့)
ကျနော်တို့လဲ သူကို ရေသန့်သောက်စေချင်နေတာ ဆိုတော့ အကွက်ဝင် သွားပြီလေ အသာလေး မပြောဘဲနေကျတယ်(သူငယ်ချင်း တယောက်ကလဲ ဘယ်လောက်စနောက်
သလဲဆိုခင်ဗျား ကျင်ကြီးစွန့်ရင် အသေအချာ ကြည့်နော် ရွှေရောင်လက်လက်လေးတွေ ပါနေရင်တော့ ဗိုက်ထဲမှာ တော်တော်များနေလောက်ပြီ ဆိုပြီးတော့ သူတကယ်
ကြည့်၊မကြည့်တော့ သူကိုယ်တိုင်မှပဲ သိမယ် ) ဒါနဲ့ မနက် Bond Store စာအုပ်ချ ထားချိန်မှာတော့ ကိုယ် ဆရာ ဘွန်းစ် ဇီးရိုး က ဘဲဥ စ ခွဲ
ထားတာဗျာ တွေ့လိုက်တာ ရေသန့်(Drinking Water) ကို သူ့နာမည်နဲ့ ရေသန့်ဗူး(၂)ကဒ် ဆိုပဲ ရေထဲမှာ ပါလာတဲ့ တလက်လက်ထနေတဲ့ အမှုန့်လေးတွေ(ကြေးမှုန့်ကလေးတွေပါ ပန့်စ် အင်ပယ်လာ(Pump Impeller) တိုက်စားရာက ပါလာတာပါ) က ကျနော်တို့ထင်တာ
ထက်ပိုစွမ်းနေတာကိုဗျ ကျနော်တို့ကိုတွေ့တော့ စပ်ဖြီးဖြီး မျက်နှာပေးနဲ့ သူ့ အကြောင်းကို သိနေတာကို ကျနော်တို့ သင်္ဘောသားတွေ
ဆိုတာ ဘယ်လောက်ပဲ စိတ်ထဲ မကျေနပ် ပါစေ တလှေတည်းစီး တခရီးတည်း သွားနေကျတဲ့ သူတွေ မလို့ ဘာပဲဖြစ်ဖြစ် တယောက်ရဲ့ ကျန်းမာရေး၊လူမှုရေးက အစ
တဦးနဲ့တဦး အားပေးပြီးနေကျရတာပါ သင်္ဘောပေါ်က မိသားစု လေး ဆိုပါတော့ ဗျာ၊၊ ၊၊
မျိုးငယ်(၁၂.၈.၂၀၁၃)

No comments:
Post a Comment