Friday, July 19, 2013

ဘာလဲဟဲ့ သင်္ဘောသား စာစုများ(၁၄)






ကျနော် တို့ နိုင်ငံမှာ အခု ရင်ဆိုင်နေရတဲ့ အခက်အခဲ တွေ ထဲမှာ စနစ် အပြောင်းအလဲ

ကြောင့်ဖြစ်တဲ့ အခက်အခဲ တွေက ပိုများမယ်လို့ထင်တယ်နော် ကျနော် ဥာဏ်တထွာ

တမိုက်လောက်နဲ့ တွေးကြည့်မိတာပါ (မှားရင် လဲ မှား နိုင်တယ်နော်)

 တခေတ်တခါက ခေတ်စနစ်တခုရဲ့ အမွေဆိုး လို့ပဲ ခေါ်မလား ကျနော်တို့

 ရေကြောင်းလောကရဲ့အပြောင်းအလဲကို စိန်ခေါ်မှု လို့ ပဲ ခေါ် မလားဗျာ 

အရမ်းကောင်းအောင်

ကြိုးစားကျရင်းနဲ့ တူညီစွာနဲ့ဘဲ သဘောထားတွေ ကွဲလွဲ ကုန်ကျတယ်

နေရာတိုင်းမှာ(ခုဖြစ်နေကျတဲ့ ပြဿနာတိုင်းမှာ)

 စနစ်တခုကို

အကောင်အထည် ဖေါ်ရမှာ လူကို ကောင်းစေချင်လို့ 

စနစ် ကောင်းတခုကို ဖေါ်ဆောင်ပေမဲ့ စနစ်ဟောင်းမှာ

အသားကျနေတဲ့ အာဏာရှင်ဆန်တဲ့

အပြုအမူ၊အပြောအဆို၊ တွေနဲ့ ဆယ်စုနှစ် (၂)ခုလောက် ခေါက်ရိုးကျိုးနေတဲ့ 

ကျနော်တို့ လူမျိုးရဲ့

စိတ်ဓါတ်တွေ ကိုရော ချက်ချင်း ပြောင်းလဲ ဘို့ ဆိုတာ
  
တော်တော်လေး ခက်ခဲ ပါတယ်(စနစ်ဟောင်းက အငွေ့အသက်တွေ ကို 

ကျန်နေသေးတာကို)

ကျနော် ဒီစာရေးလို့ နိုင်ငံရေးသမား လို့ တော့ မထင်ပါကျနဲ့ဗျာ ကျနော်လဲ ဒီပုပ်ထဲက ဒီပဲ ပါဘဲ (ရိုးရိုးသားသား သင်္ဘောသားပါဘဲ)ဘာမှ သိပ်ပြီး

ထူးနေတာ မဟုတ်ရပါဘူးဗျာ ကျနော် မြင်တဲ့ ရှုထောင့် 

ကျနော်တို့ ရေကြောင်း လောကရဲ့ စနစ်တွေ  နဲ့ ကြုံရတဲ့ ဒုက္ခသုက္ခ လေးတွေ ကို 

လူကြီးမင်းတို့ သိစေချင် လို့ နည်းနည်း  ငိုချင်းလေး

ချချင်မိတာဗျာ(( သင်္ဘောသားတွေ

အဖြစ်က နိုင်ငံခြား လူမျိုးခြားတွေ (Seaman Mission)ရဲ့အားပေးနှစ်သိမ့်မှုတွေ၊ နွေးထွေးမှု တွေနဲ့ ကြုံခဲ့ ရပေမဲ့ 

ကိုယ်မြေ ကိုယ်ရေ

ကိုယ်ရွှေနိုင်ငံရဲ့ ကြိုဆိုပါ၏ဆိုတဲ့ ဆိုင်းဘုတ် ကိုမြင် လိုက်ရတည်းက 

ကျနော်တို့ စိတ်တွေ လေးနေ ပါပြီ  အစ်ကို တယောက်ရေးတဲ့ ပို့စ်လေးတခုက 

လို ပြော ရရင်အဖြုရောင်ဝတ်စုံ ၀တ်တဲ့ အရာရှိကြီးတွေ ရဲ့ အပြုံးက

အဓိပ္ပါယ်ပါနေတယ်လေ(ပေါက်ပါတယ်နော် အရာရှိကြီးတွေကပြောပါလိမ့် Seaman

သက်သက် တန်းစီ ဆိုပြီး ကိုယ်ကလဲ သင်္ဘောပေါ်မှာ မသုံးဘဲ ချန်ထားရတဲ့ ငွေအကြွေ

လေး ကို စီဒီစီ စာအုပ်ကြားထဲ ညှပ်ပေးလိုက် တော့ တော်ကြာ ရွှေစိတ်တော်

ညိုငြင်နေမယ်နော်  ကျနော်တို့ ဘ၀ကံ က စပြီး ဆိုးပြီ ဆိုပါတော့ )ကဲ ထားတော့ 

ဒါက လေဆိပ်က ဇာတ်လမ်း

နောက် ကိုယ် စီဒီစီ ကိုပြန်အပ်ရတဲ့ ခေတ်က ဆို ပြန်ရောက်ပြီး တပတ်

အတွင်းပြန်အပ်ရပါတယ်(အရင်က တပတ်ကျော်ရင် ဒဏ်ကြေးဆောင်ရတယ်လို့
ပြောပါတယ်

ကျနော်က နယ်မှာနေတော့ ရောက်ကတည်းက ပွဲစားကို အပ်လိုက်ပါတော့တယ်

 ဒါမှမဟုတ်ရင်လဲ တည်းခိုခန်းမှာ တည်းပြီး ရုံးကိစ္စ လုပ်ရမဲ့ အဖြစ် တခါတလေ စနစ်က

လူကို ဒုက္ခပေးတာ ပြောပါတယ် ပွဲစားကတော့ အမြန်လိုလေ သူ့

အတွက်ကိုက်လေပေါ့ဗျာ)

နောက်တခုက ကျနော်တို့က အင်ဂျင်ကဆိုတော့ အထွက်တုံးက သတင်းပို့ ခဲ့ သလို

အ၀င်မှာ လဲ သတင်းပို့ ရပါတယ် ဒါမှလဲ ကျနော်တို့ အရာရှိ စာမေးပွဲ ဖြေတဲ့ အခါ

ပင်လယ်ပြင် လုပ်သက်ကို ဒီ သတင်းပို့တဲ့ အချက်အလက်တွေ ကို ကြည့်ပြီး

ဆုံးဖြတ်တာ ပါ(ရယ်စရာပြောရအုံးမယ် ကျနော် သူငယ်ချင်း ဗိုလ်ကြီး ခေါ်လို့

စစ်တပ်ထဲ ခဏ ရောက်ဖူးတယ် သူတို့ ရုံးခန်းမှာ ရေးထားတဲ့ ရဲဘော်

ပြန်လည်ရောက်ရှိကြောင်း သတင်းပို့ရန် ဆိုတဲ့ စာတန်းလေး တွေ့တော့ ငါတို့လို

ပါပဲလားလို့တောင်  တွေးမိတယ် )

ကျနော်တို့ လောက က သင်္ဘောသား အတုနဲ့အစစ် ကို ဘာတွေနဲ့ ထိန်းချုပ်မှာလဲ

ဒီမေးခွန်းက သိပ်ကို အရေးကြီးတယ် လို့ ထင်တယ်နော်(ဒီပို့စ် ကိုရေးတဲ့ ကျနော်

အတွက်လဲ

အန္တရာယ် ကြီးတယ် ဆိုတာ လို့ ထင်မိတယ်) ကျနော် က အဖြစ်ကို အပြစ်လို

သဘောမျိုးနဲ့ ဒီပို့စ်ကို ရေးတာ မဟုတ်လို့ ကိုယ်လိပ်ပြာ တော့ ကိုယ်သန့် ပါတယ်

ကျနော်တို့  သင်္ဘောသားအဖြစ်နဲ့  ကြုံရတဲ့ အခိုက်အတန့်လေး အတွင်း ဆုံခဲ့ကြုံခဲ့

ရတဲ့ စနစ်တခုရဲ့ အဆိုးအကောင်း ကို ခံစားရတာ သင်္ဘောသားတွေ ကိုယ်တိုင်ပါပဲ

ဘယ်စနစ်ကို မဆို စနစ်တွေကို ဖေါ်ဆောင်ရမှာ လူက အဓိက လို့ ထင်ပါတယ်

ကျနော်က စာရေးတာ က ကျနော် ကြုံခဲ့ရတဲ့ အခက်အခဲ နဲ့ ဆုံခဲ့ရတဲ့ လူတွေ

အကြောင်းကိုပဲ ရေးဖြစ်တာပါ ကျနော်ထက်ဆိုးတဲ့ ဘ၀အတွေ့အကြုံတွေ ရှိဖူးတဲ့

သူတွေလဲ ရှိကျမှာပါ ဒီလိုမျိုး ဘ၀တွေနဲ့ယှဉ်ရင် ကျနော်တို့ဘ၀ က ရယ်စရာတောင်

ကောင်းနေမှာပါ ကဲ ထားတော့

ကျနော်တို့ J.E ဘ၀တုန်းက အ၀င်အထွက် သတင်းပို့ရုံတင် မရတော့ ဖူး

သင်္ဘောပေါ်ကနေ သူကြီးနဲ့   စက်ချုပ် ရဲ့ လက်မှတ် သင်္ဘောရဲ့ တံဆိပ်တုံးနဲ့ 

(Testimonial)ဆိုတဲ့  စာရွက် ကို ပါအောင် ယူရတယ် ဒီစာရွက်ကို 

ရန်ကုန်ပြန်ရောက်ရှိရင်

ညွန်မှူး ကကြည့်ပြီး ဒီသင်္ဘောသားကို ပင်လယ်ပြင် လုပ်သက်ပေး

သင့်/မသင့် ဆုံးဖြတ်တယ် 

 ဒီမှာ စပြီး သူကြီး လက်မှတ် အတုထိုးခဲ့တဲ့သူ၊စာရွက်အတု

လုပ်တဲ့ သူတို့ ပြဿနာတက်ကျတော့တာပဲ မိရင်တော့ အသနားခံစာတင် တာတွေ 

ဘာတွေပါလုပ်ရတော့တာပဲ

 ဒီသင်္ဘောသားဟာ သင်္ဘောမှာ တကယ် အလုပ်မလုပ်ခဲ့ ဘဲနဲ့ ဘာကြောင့်

  ဒီလိုလုပ်ရတာလဲ အဖြေက ကိုက မဟုတ်တာလေ
  
ဒီက ထွက်လို့ရောက်အောင် အထွက်

လုပ်ပေးတဲ့ အေးဂျင့်ပွဲစား ကတော့ ငွေယူပြီး အိမ်မှာ ငြိမ့်လို့

ကျနော်တို့ သင်္ဘောသား ခင်မျာ မှာတော့ ရိုင်းရိုင်းပြောရရင် ကျွန်ခံခွင့် ရဘို့ အရေး

ကို ပိုက်ဆံလဲပေး၊ဆရာလဲ ခေါ် ပြီးတော့ D.M.A ရုံးက စည်းကမ်းနဲ့ ညှိရင်အထွက်ပါ

အ ပိတ်ခံရတယ် ကဲ နောက်ဆုံး ဘယ်သူ အနစ်နာဆုံး လဲ စဉ်းစားကြည့်ပါအုံး

ဒါမှမဟုတ် ဒီလူ သင်္ဘောသား ကို တရားဝင်ထွက်ခွင့် ပေးလိုက်ရင် ရော ဘာတွေ

ဖြစ်နိုင်လဲပေါ့ တော်တော်ကျယ်ပြန့်တဲ့ ကိစ္စပါ တော်ပြီနော် တော်တော်ကြာ

သင်္ဘောသား လူအခွင့်အရေးလှုပ်ရှားသူ ထင်နေမယ် (ခုခေတ်က

ဘာအခွင့်အရေးလှုပ်ရှားသူ၊ညာ အခွင့်အရေး လှုပ်ရှားသူ ဆိုပြီး တော်တော်လေး

ရှုပ်နေကျတာ) လာကုတ်နေအုံးမယ် ဟဲ ဟဲ

မလုပ်ပါနဲ့ သင်္ဘောတော့ လိုက်ပါရစေအုံးဗျာ

ကျနော်တို့ လောကက အတုနဲ့အစစ်၊ အကောင်းနဲ့အဆိုးကို တပြိုက်နက်

လက်ခံထားရတဲ့ ဘ၀မျိုးဆိုတော့ ဘာပဲ လာလာ အကောင်းဆုံး လက်ခံပေးရတာ

သင်္ဘောသားပါပဲဗျာ ကျနော်တော့ ဆုတောင်းတယ်ဗျာ ဒီလိုဘ၀မျိုးကို မြန်မြန်
လွတ်မြောက်ရပါစေ လို့၊၊         ၊၊

ခုနောက်ပိုင်း  (STCW 2010)လိုအပ်ချက်အရ ( Training Services Record Book)ဆိုတာ 

ကို မဖြည့်မနေရ

ဖြည့်ရမယ်တဲ့ သင်္ဘောပေါ်မှာ ကိုယ်ဘာတွေ လုပ်ခဲ့တယ် ဆိုတာကို စက်ချုပ်နဲ့ 

စက်(၂)က လက်မှတ်ထိုးပေးရမယ် ဆိုတဲ့ အချက်ပါတယ်(ဒီပုံ အတိုင်းဆို ရေနံစင်နဲ့ 

ဘတ်ဂါ  ဘုတ် ဆရာတွေတော့ နောက်ပိုင်း ပင်လယ်ပြင်လုပ်သက် ရဘို့ 

မသေချာတော့ပါ အရာရှိစာမေးပွဲကို လွယ်လွယ်နဲ့ ပေးမဖြေစေချင်တဲ့ 

သဘောတွေပါတယ်) စနစ်တခုရဲ့ အစမှာတော့ ဒီစနစ် ရဲ့ အဆိုးအကောင်းကို 

လက်တွေ့


ခံစားရအုံးမှာဘဲလေ နို်င်ငံခြားသား သူကြီးတို့ စက်ချုပ်တို့ ဆိုတာ လက်မှတ်ကို

ထိုးချင်တိုင်း ထိုးပေးတတ်တဲ့ လူမျိုး မဟုတ်တော့ တော်တော်လေး ရှင်းပြ 

မျက်နှာချိုသွေးပြီး

ရအောင် တော့ ထိုးခဲ့ရမှာဘဲ လေ  ဒါမှလဲ ကျနော်တို့က နောက် စာမေးပွဲတွေ အတွက်

ပင်လယ်ပြင် လုပ်သက်လိုချင်သေး တာကိုဗျ
မျိုးငယ်(၁၉.၇.၂၀၁၃)

No comments:

Post a Comment

ထိုဟာလေးဆိုက်မှာထည့်ချင်လာခဲ့ပါ