လူတွေက သင်္ဘောသားဆိုရင် ဒီလိုမြင်တတ်ကျတယ် ကဗျာမရေးတတ်လို့
စကားပြေ လေးပဲ
ရေးပြီးတင်လိုက်တယ်
ကျနော်တို့ကို လူတွေက
ငြုစူစူ အကြည့်တွေနဲ့ အူတူတူ ငနဲ လို့ ထင်နေကျတယ်
လောကကို ရှုမြင်ရင် အမှန်တရားကို မြတ်နိုးတတ်လို့ ငါတို့ကို
မှန်တဲ့သူ ရွာပြင်ထွက် ဆိုသလို
“လူဂွစာ”လို့ အမည်ကင်ပွန်းတတ်ကျပြန်ရော
နေထိုင်မကောင်းလို့ ဆေးခန်းပြရင်တောင် ဟိုလိုလို၊ဒီလိုလို
အထင်ခံရတဲ့ လူတန်းစား
နောက် လူတွေရဲ့ အပြုံးနဲ့ သတ်တာကို ခံရ သလို
ကောင်မလေး အချို့ရဲ့ အမုန်းနဲ့ရက်စက်တာလဲ ခံရနိုင်တယ်
လစာထုတ်လို့ ငွေလွဲရင် အိမ်သူရဲ့ ချိုလွင်တဲ့ အသံတွေက မနက်တိုင်း
သောက်ရတဲ့
အင်နာဗွန်(Enervon C)ထက် ပို စွမ်းသဗျ
ငါတို့ သင်္ဘောမှာ နာဖျားလို့ တမ်းတမိတာ အမေ့မေတ္တာနဲ့ ကြိုတိုက်တဲ့
ဆန်ပြုတ်ရေ ကျဲကျဲလေး ပါ
အမေ
တခါတလေ
အမေနဲ့ ဖုန်းပြောလို့ ငါ့ သားကြီး သာဓုခေါ်ပါ ပြောတိုင်း
ရင်ထဲ ကြည်နူးရပြန်ရော
သင်္ဘောပေါ်မှာ တရားအသံတွေ ကြားနိုင် သလို ဟားတဲ့ အသံတွေ ရှိကျနေ
မယ်
ငိုကြွေးခြင်းတွေရဲ့ တဘက်ခြမ်းမှာ ရယ်မောသံတွေက
သေချင် လောက်အောင်
နှိပ်စက်နေကျလိမ့် မယ်
အံကိုကြိတ် မာန်ကို နှိပ်ခဲ့ရတဲ့နေ့တွေ မှာ စိတ် နာကျင်
မှုတွေ ရနိုင်တယ်
ရက်စ်ဆား(Yes Sir)တထုပ် ၀ယ်တက်လာပြီး အပေါ်ရောက်မှ ဖားဂုံညင်း
လို ကျင့်ကြံနေတဲ့သူတွေ
ကိုလဲ တွေ့ရနိုင်တယ်
ရိုးသားတဲ့ စိတ်ဓါတ် ရှိပေ့မဲ့ တခါတလေ ငါ ဆိုတဲ့ အတ္တနဲ့
ပညာမာန ကို ရှေတန်း တင် မိ တတ်ကျ
တယ်
စပါကတ်တီ(Sapagati) နဲ့ မုန့်ဟင်းခါး ကို မလဲ နိုင်တဲ့
ငါ အမေ့ရင်ခွင် ရှိတဲ့ ငါ့ဇာတိ တောမြို့လေးကို
ပြန်လာခဲ့ပြီ
အမေ့သားမောင် ပင်လယ်ပျော်
မျိုးငယ်(၉.၇.၂၀၁၃)
No comments:
Post a Comment