Monday, July 22, 2013

ဘာလဲဟဲ့ သင်္ဘောသား စာစုများ(၁၅)








ကျနော် တို့ သင်္ဘောသားတွေမှာ ကိုယ်အကြိုက်လေးတွေ 

ရှိတတ်ကျတယ်ဗျ ကျနော်ဆိုရင် သင်္ဘောပေါ် ရောက်ရင် 

လက်ဖက်ရည် ကျစိမ့် ကို တော်တော် လေး လွမ်းတယ်ဗျ  ရွာက 

သူငယ်ချင်းတွေနဲ့ လက်ဖက်ရည်ဆိုင် ထိုင်ရတဲ့ ဖီလင် ကို ဘာနဲ့မှ 

မလဲနိုင်ဘူးဗျ ကော်ဖီမစ်နဲ့ အစားထိုးပေမဲ့ ကျစိမ့်ရဲ့ အရသာကို မရ

နို်င်ဘူးဗျ

ကျနော်တို့ စင်ကာပူက Sign off လုပ်တော့ အေးဂျင့်က မင်းတို့ 

ဘယ်သွားချင်လဲတဲ့ ကျနော်တို့လိုင်းက အမေရိကနဲ့ အာဖရိက ချည်း 

သွားနေရတော့ ကျနော်တို့ အတွက်က စင်ကာပူက ကြုံတောင့် 


 ကြုံခဲ ရောက်ရတာကို ဒါနဲ့ပဲ ကျနော်တို့ အဖွဲ့တွေ စင်ကာပူမှာ 

သိပ်နာမည်ကြီးတဲ့ ပင်နီစူလာ ကို သွားဘို့ ဆုံးဖြတ်လိုက်ကျတယ် 

ပင်နီစူလာ ကုန်တိုက်ဂိတ်ပေါက်မှာတင်ပဲ မြန်မာစကားသံတွေ ကြားနေရပြီ

ရန်ကုန်များ ပြန်ရောက်နေသလား အောက်မေ့ရတယ်(

မြနန္ဒာဆိုင်မှာ လက်ဖက်ရည်သောက်ရင်း စိုင်းထီးဆိုင်သီချင်း

နားထောင်ဖြစ်ခဲ့တယ် ဆိုပါတော့ဗျာ)

ဒါနဲ့ကုန်တိုက်ထဲ လျှောက်ကြည့်ရင်း စတွေ့တာ မြန်မာ 

ကွမ်းယာဆိုင်ကို စတွေ့တာပဲ တော်တော်လေး

အံသြသွားတယ်ဗျ ဒီလောက် စည်းကမ်းကြီးတယ် ဆိုပြီး

နာမည်ကြီးတဲ့ နိုင်ငံမှာ ကွမ်းတံတွေး ထွေးရင် ပြဿနာ

တတ်နိုင်တာကို သိထားတယ်လေ(စင်ကာပူက ကြိမ်ဒဏ်က

တော်တော်ဆိုးတယ်လို့ သိထားတယ်လေ)ကျနော်တို့ အဖွဲ့ထဲက

ကွမ်းကြိုက်တဲ့ ဆရာတွေ အကြိုက်ပေါ့ ကွမ်းယာနဲ့ ပတ်သတ်လို့

သင်္ဘောမှာ ပြဿနာဖြစ်ခဲ့တဲ့ အကြောင်း လေး ခေါင်းထဲ

ရောက်လာတယ် ဒါနဲ့ဘဲ ဒီပို့စ်ကိုရေးဘို့ စိတ်ကူးဖြစ်သွားတယ်ဗျာ

ကဲ ထားတော့ ကွမ်းယာကြောင့် ဘယ်လို ဆက်ဖြစ်သလဲ သိရအောင်   
ဆက်အုံးစို့  ကျနော်တို့ စီးခဲ့တဲ့ သင်္ဘော မှာ

ကွမ်းကြိုက်တဲ့ ဆရာတွေရှိသဗျ တိုတိုပြောရရင် 

ကွမ်းသီးနဲ့မြန်မာဆေး၊အာမွေး ၊နိုင်းတီတူး အော်စုံလို့ရယ်

ဒါတွေကို ရန်ကုန်က လာပြီး သင်္ဘောလာတက်သူက တကူးတက 

သယ်လာပေးရရှာတယ် လူမှုရေး ခင်မင်မှုအရပေါ့ ကွမ်းရွက်ကတော့

သင်္ဘောမှာ အစောင့် လာလုပ်တဲ့ ကုလားအဖိုးကြီးကို ပိုက်ဆံပေးပြီး 

ဝယ်ခိုင်းရတယ်(ကိုရွှေတွေက မဖြစ်ဖြစ်အောင်လုပ်တဲ့နေရာမှာတော့ ‘ 

စံ’ ပဲ) ကွမ်းအနုတော့ မဟုတ်ဘူးဗျ ကွမ်းကြမ်း ဆိုပါတော့

ကျနော်တို့ ရွှေတွေ ကွမ်းစားတာ တော်တော်လေး ကြာနေပေမဲ့

ပိုလန် သူကြီးနဲ့စက်ချုပ်က ပြဿနာမရှာဘူးဗျ သူတို့ကို 

ကျနော်တို့က ရိုးရာ ပီကေ ဆိုပြီး ပြောထားတာ 

ဒီလိုနဲ့ နေလာတာ တော်တော်ကြာပြီဗျ 

သိပ်မကြာခင် နောက်အသစ်ရောက်လာတဲ့

ပိုလန် ဓါတ်ကြိုး(Electrian)ရောက်လာမှ ပြဿနာ စတက်တော့တာပဲ 

သူက ကိုရွှေတွေ ဘာစားစား အကုန်လိုက်စားတယ် နောက်ဆုံး ပိတ် 

ဆင်တုံးမနွယ် အစာကြေဆေးတောင် မချန်ဘူး ရွှေတွေကလဲ သူကို 

ခင်တာရော စားကြည့်ပေါ့ ဆိုပြီး ကျွေးတာပေါ့ ဒါနဲ့ တရက်တော့

သူက မြန်မာတွေ ကွမ်းဝါးတာကို သဘောတွေကျနေပါရော

ကျနော်တို့က မင်းစားလို့ဖြစ်ပါ့ မလားပေါ့ မေးတယ် သူကလဲ ဖြစ်တယ်ပေါ့

ဒါနဲ့ သူကို ကွမ်းကျွေးလိုက်တယ် ဆိုပါတော့ဗျာ ကျနော်တို့က

ကွမ်းတံတွေးကို ထွေးထုတ်ဘို့ပြောတယ် သူက ဒါကို မျိုချတယ်

ပထမတော့ သိပ်မသိမသာ မူးပေမဲ့ နောက်ပိုင်း 

သူမခံနိုင်တော့ ချွေးစေးတွေ ပြန်ပြီးတော့ မရှုနိုင်မကယ်နိုင်

ဖြစ်တော့တာပဲ(ကွမ်းမူးတာ အရက်မူးတာထက်ဆိုးတာ ကိုဗျ)

ဖြစ်ချင်တော့

ပိုလန်စက်ချုပ်က သူ့ကို ရှာနေတဲ့အချိန် သူမူးနေတာကိုလဲ မြင်ရော

မင်းတို့ မူးယစ်ဆေးဝါး သုံးတယ်ဆိုပြီး ဓါတ်ကြိုး အပါအ၀င်

ရွှေတွေကိုရော ရဲစခန်း ပို့မယ်ချည်း လုပ်တော့တာပဲ ကျန်တဲ့ ရွှေ 

အရာရှိတွေက တော်တော်လေး ရှင်းပြတောင်းပန်လိုက်ရတာ 

အမှတ်တရပါပဲဗျာ နောက်ဆုံး တော့

ကွမ်းစားခွင့် ကို ဒီစက်ချုပ်ကြီး ပြန်မှပဲ ပြန်ရတော့တယ်

ဒီလိုပဲ ကိုယ်ရွှေတွေ အကြိုက်ကို နိုင်ငံခြားသားက မသိတော့

ကံကောင်းလို့ ရဲစခန်းရောက်တော့ မလို့ ကျနော်တို့

သင်္ဘောစတက်မယ် ဆိုကတည်းက ALCOHOL & DRUG POLICY

ဆိုပြီး ၀န်ခံ လက်မှတ်ထိုးခဲ့ရတယ်လေ အခန့်မသင့်ရင် ထောင်ကို

တန်းနေတာပဲလေ တခါတလေ ကိုယ့် အမှုမဲ့ အမှတ်မဲ့ 

လုပ်လိုက်တာလေးက ပြဿနာ ကြီးဖြစ်သွားနိုင်တယ်ဗျ ဒါကိုတော့

သတိချပ်စေချင်တယ် ကိုယ်ဘော်ဒါပင်လယ်ပျော်တို့ရေ 
မျိုးငယ်(၂၂.၇.၂၀၁၃)

No comments:

Post a Comment

ထိုဟာလေးဆိုက်မှာထည့်ချင်လာခဲ့ပါ