Showing posts with label သင်္ဘောသား ဟာသ အပိုင်းအစများ. Show all posts
Showing posts with label သင်္ဘောသား ဟာသ အပိုင်းအစများ. Show all posts

Wednesday, October 2, 2013

သင်္ဘောသီး နဲ့ အ၀တ်လျှော်စက်



အော် ကိုယ်ရွှေသင်္ဘောသီး အ ဖြစ် က ဆန်းသဟ ကိုရွှေသင်္ဘောသီးတို့ နေတဲ့ အရပ်ဒေသလေး 

အကြောင်းနည်းနည်း မိတ်ဆက်ပေးမယ်ဗျာ(စာဖတ်သူတွေ ထင်မှာပဲ ပြောတော့ နည်းနည်း နဲ့ ပြီးရင် 

သူစာတွေက ရှည်လိုက်တာ မျက်စိကိုညောင်းရောလို့ ကျိန်ဆဲနေမှာ အမှန်ဗျ)  ဒါထက်ပြောရအုံးမယ်

ကိုရွှေသင်္ဘောသီးက နည်းနည်းရရတော့ မဟုတ် မျက်နှာကြီး မျိုးဗျ ဒါတောင် ကိုရွှေသင်္ဘောသီးကတော် 

ဆို တယ် မျက်နှာ ပွင့်သဗျ မျက်နှာပွင့်ဆို တရပ်ကွက်လုံး မေးကြည့် မှတ်တိုင်ရောက်လို့ ဆင်း

 တွေ့ရာ ဆိုက်ကား ဆရာ ကိုသာ မေးလိုက် တန်းနေတာ အိမ်ကို တကယ်ဗျ  ကိုရွှေသင်္ဘောသီးဆို 

မသိမရှိ ဒီတိုင်းမေးရင်တောင် ဖြေတဲ့ သူက သူတို့ ဆရာကို မလေးစားကောင်းလား ဆိုပြီး 

ဘုကြည့်ကြည့်ခံရနိုင်တယ် ဟဲ ဟဲ အဲလို ဘုန်းကြီးတာ (အိမ်က မိန်းမက ဈေးထဲမှာ နေ့ပြန်တိုးပေး ပြီး 

ဆိုက်ကားလေး (၃)စီး လောက်ထောင်၊ အုံနာ ပေးထားတာကို ဒီတော့ တပည့်တပန်းပေါ တာ ပေါ့) ကဲ 

ကိုယ်ရွှေသင်္ဘောသီး တို့ အရပ်က ပဲပြုတ်သည်လဲ အချိန်မှန်လာတယ်

မနက် ပိုင်းစောစော ထ လမ်းလျှောက် ပြန်လာရင် လက်ဖက်ရည် ဆိုင်ထိုင်  ကြာနီကန် ဆရာတော်ရဲ့ 

တရားခွေ နဲ့ အာရုံတက်တာ ဆိုတော့ ဘယ်လောက် ကျက်သရေ ရှိသလဲ 

(မှတ်ချက်၊၊  ၊၊ မြို့ကြီးပြကြီး မှာ အခြေကြီး ပြီး ကားသံ၊ဟွန်းသံ တညံညံနဲ့ နေရတဲ့ သူတွေကိုတော့ 

သနားသဗျ ကျွတ် ကျွတ်….)

ကဲ ထားတော့ လျှပ်စစ်မီးလား ထိန်လို့ ညီးလို့ (ခရမ်းချဉ်သီးမီး ထက်တော့ သာတယ်နော်)

ကိုရွှေသင်္ဘောသီးတို့ အရပ် ဘာမှတ်သလဲ လျှပ်စစ် ၀န်ကြီး က ကိုယ်ရွှေသင်္ဘောသီးတို့ နယ်က မဲပေးလို့ 
ဝန်ကြီး ဖြစ်သွားရရှာသူ(ဟင်း  လျှပ်စစ်မီး ရက်ကြာကြာ ပျက်လို့ ကတော့  

 မဲပေးဆို ဝေးလာဝေး နောက်တခါ ဆောရီး လို့တောင် မပြောဖူးနော် စိတ်ထဲကနေ ပေးပစ်လိုက်မှာ ဒါပဲ) 

တနေ့တော့ မဟေသီကြီးက ကလေးငယ်တွေရှိတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့  အ၀တ်လျှော်စက် လိုချင် 

သပဆိုပြီး ထူးထူးဆန်းဆန်း ပူဆာ လေတယ် 

 ကိုယ်ရွှေသင်္ဘောသီး ခင်မျာ မိန်းမ ပူဆာ မနေသာတော့ နောက်ဆုံး ပြေးရပြီပေါ့ 

ပန်းဆိုးတန်းက  လျှပ်စစ် ပစ္စည်းရောင်းတဲ့ ဆိုင်ကို (ဒီကြားထဲ တစီးတည်းစီးလာတဲ့ အီးအိုကြီး(E.O)ကို 

လှမ်းပြီး အကူအညီတောင်း သူ ညွှန်တဲ့ ဆိုင်က ကောင်းနိုးရာရာ တရုတ်ပြည်လုပ် ဈေးသင့်တာလေး 

ဝယ်ပြီး ပြန်လာတာပေါ့ ဒီလိုပါပဲ)

မိန်းမက ပူဆာတာထက် ကိုယ်ရွှေသင်္ဘောသီး ကိုယ်တိုင်ကလဲ နည်းနည်း ကြီးကျယ်လာတာလဲပါတယ် 

သင်္ဘောပေါ်မှာ ဒီလို စက်မျိုးသုံးတာ ဆိုတော့ သိတယ်မဟုတ်လား ဒါနဲ့ ပြန်လာလို့ စက်ကိုအထိုင်ချ 

ပြီးတော့ မတောက်တခေါက်တတ်တဲ့ ဘိုလို ရေးထားတဲ့ စက်မောင်းရန် နည်းလမ်း စာအုပ်ကို 

မဟေသီကြီးကို ဘာသာပြန်လုပ်ပေး ဘယ်လို စက်ကို သုံးရမယ်ဆိုပြီး

ဆရာကြီး လုပ်နေတာ(တခါတလေလဲ လုပ်အုံးမှ နို့မို့ဆို ကိုယ်ကချည်း သူအအော်ခံ နေရတာ 

မနိပ်ဖူးလေ 

သင်္ဘောသားဆိုတာ ကုန်းပေါ်ရောက်ရင် ဘာမှ သိတာ မဟုတ်လားဗျာ)ထားတော့

စက်ဖွင့်ပွဲ အနေနဲ့ အ၀တ်အစားတွေထည့်လို့ လျှော်မယ်ဆိုပြီး ထည့်ပြီး ခလုတ်နိပ်ဘို့ လုပ်ရင်း 

သတိရလိုက်မိတယ် တခုခုကို လိုနေတယ်လို့ ကိုရွှေသင်္ဘောသီး တယောက် အသိနဲ့ 

သတိလေးကပ်လိုက်မိမှ သိလိုက်ရတာက တခု ရေပိုက်သွယ်ဘို့ မေ့နေတယ်လေ ဘာတတ်နိုင်မလဲ ဗျာ  

 မှားတဲ့ အခါလဲ မှားပေ မပေါ့ ရေဆွဲပုံးလေးနဲ့ ဖြည့်လိုက်တာပေါ့  ဘယ်ရမလဲ အစက တော့ 

မသိသာပေမဲ့ ကိုယ်ရွှေသင်္ဘောသီးရဲ့ နောင်တတွေက ညဖက်ရောက်မှ အလုံးအရင်း ကို ၀င်လာတာ 

တကိုယ်လုံး ကိုက်လို့ ခဲလို့  အ၀တ်လျှော်စက် အတွက် ရေဆွဲဖြည့် ပေးရတဲ့ ဒုက္ခ၊ရေတုံကင် နှိပ်ရပေးတဲ့ 

အဖြစ်ကိုဗျ ကိုယ်ရွှေသင်္ဘောသီး မစဉ်းစားလိုက်မိတာ အိမ်မှာ ရေစဉ် မရှိတာကိုပဲ ဘာတတ်နိုင်မလဲဗျာ 

ကိုယ် စတဲ့ ဇာတ်လမ်း ဆုံးအောင် က တော့ ပေါ့ မောင်တထမ်း မယ် တရွက်ပေမဲ့ မယ်ကို ညှာတဲ့ 

ကိုယ်ရွှေသင်္ဘောသီး တယောက် ရေထမ်းပေးရတဲ့ ဒုက္ခ က လွတ်မြောက်ရကြောင်း ဘုရားမှာ ပဲ ကျိတ် 

ဆုတောင်းရတာ အကြိမ်ကြိမ် အခါခါ၊၊    ၊၊

မောင်ဒိုးနတ်(၁.၁၀.၂၀၁၃)

Wednesday, September 11, 2013

ကိုရွှေသင်္ဘောသီးနဲ့ Taxi ကားဆရာ





ကိုရွှေ သင်္ဘောသီး အိမ်မှာနေရတာလဲ တော်တော်ကြာနေပြီဆိုတော့ 

အိမ်က မဟေသီကြီး ကို (CDC အသစ်လျှောက်ရမည် ဟု ရွှီးခဲ့တယ်) 

တပတ်ရိုက် အကြောင်းပြပြီး

ဒေါပုံ သုံးထပ် ရုံးကို ကိုယ်ပိုင်မရှိသော ကားကို  ဟန်ပါပါစီးလိုတဲ့ 

စိတ်နဲ့(တနည်းပြောရရင် သဌေး ဂိုက်ဖမ်းချင်လို့ပေါ့ဗျာ)ဂိုး ခဲ့တယ် 

ဒီလိုနဲ့  နိုင်ငံခြား စတိုင် ကားတားနည်း အတိုင်း 

လက်မလေး ထောင်လို့

ပထမ ကားဆရာက ဈေးမကိုက်လို့တဲ့  မောင်းထွက်သွားတယ် 

ထားတော့ ကိုရွှေသင်္ဘောသီး မပြောတော့ပါဖူး တခါတလေ 

ထွက်ခွင့်ရတုံးလေး  အာရုံမနောက်ချင်ဖူးဗျာ ကဲ နောက်တစီး

Taxi ဆရာ က အငြီးကောင်းတာနဲ့ သူပြောတဲ့ဈေး 

အတိုင်း ပေးလိုက်ပါတယ် (သူတို့ ပြောနေကျ စကားက 

ကိုယ်ဆရာရယ် ဆီကားလေးမို့ပါ ဈေးဦးပေါက်လေးမလို့ပါ 

ကားလမ်းကျပ်လို့ပါ 

 ကြားနေကျ စကားလေးတွေ ကိုယ်တောင် မစီးရက်တော့ဖူး 

ဆင်းတွန်းပေးရမဲ့ ပုံနဲ့)

ဒီအထိ ကိုရွှေသင်္ဘောသီးက No Problem…နောက်မှ ဆရာက 

ဇာတိပြလာတယ် (ဒီလိုပဲ ပိုက်ဆံ ပိုလိုချင်ရင် လို့ လုပ်တယ်ပဲ 

ထင်လိုက်တယ်)ဆရာရယ် ကျနော်  သင်္ဘောကျင်း အထဲဝင် 

မပေးလို့ရလားတဲ့ဗျာ

နည်းနည်းတော့ တင်းသွားပြီ ဒါနဲ့ လမ်းမလျှောက်ချင်လို့ 

စီးခဲ့တာလေဗျာ နည်းနည်းဗြဲ လိုက်တယ် 

ကိုယ်ရွှေသင်္ဘောသီးက ဒေါသကို သင်္ဘောပေါ်မှာလို Garbage 

အိတ်ထဲ အမှိုတ်ထည့်သလို ပြွတ်သိပ် ထည့်တတ်တာ 

မဟုတ်ဖူးနော်(ဒေါပုံ သင်္ဘောကျင်း အ၀င် လမ်း နဲ့

ကားမှတ်တိုင်က တော်တော်လေး လှမ်းတယ်လေ 

မိုးရွာလျှင် ရေလျှံ နေပူရင် လဲ ချစ်ချစ်တောက်ပူသည့် ကွန်ကရစ်နဲ့ 

ကတ္တရာ စပ်ကြား လမ်းကျဉ်းလေး )ဆိုတော့ ကားတိုင်း ၀င်ပြီး 

ပြန်ထွက်ရခက်တယ်လေ ဒါကြောင့် ငြင်းတယ်ဘဲ ထင်လိုက်တယ် 

စိတ်ထဲမှာ 

နောက်မှ ကားဆရာက ဆရာရယ် ကျနော်လဲ  တချိန်က 

သင်္ဘောသားပါပဲဗျာ ကကြီးကခွေးပါ(ABနဲ့ လိုက်တယ်ပြောတာ) 

ကျနော်ဝင်ပို့လိုက်ရင် သင်္ဘောသားသူငယ်ချင်းတွေနဲ့ တွေ့လို့ 

ကိုယ်က နိမ့်နေတော့ မတွေ့ချင်ဖူးဗျာတဲ့ အင်း ကိုယ်ရွှေ 

သင်္ဘောသီးလဲ သနားသွားပြီ ကားဆရာကို ဘာတတ်နိုင်မလဲ 

ကိုယ်ကလဲ ကိုယ်အပူနဲ့ကိုယ်ကိုဗျ ကိုယ်ရွှေသင်္ဘောသီးလဲ

ကိုယ်ချင်းစာလို့ လျှောက်ပေအုံးပေါ့ နေပူပူ ဖွက်ထူထူကို 

လူတွေကားတွေ ရှောင်ရင်းနဲ့၊၊   ၊၊

ဒီမှာတင် ကိုရွှေသင်္ဘောသီး ဖျက်ကနဲ အတွေးတခု ရလိုက်တယ်

စောစောက ကားဆရာ ကကြီးကခွေး(AB) သင်္ဘောသား ကြီး အတွက် 

ဘာဖြစ်မယ်ထင်လဲ

 ???????????????????????

အင်းး ဒါလဲကောင်းပါတယ် ဘယ်သူမှ သူကို 

ဝှီး အော်ဒါ(Wheel Order)ပေးလို့ မရတော့ဖူးလို့ တွေးမိရင်း 

ခပ်ထေ့ထေ့လေး  တချက် ပြုံးလိုက်မိတယ်၊၊      ၊၊

မောင်ဒိုးနတ်(၉.၉.၂၀၁၃)

Thursday, September 5, 2013

သင်္ဘောသား နဲ့ FaceBook





ကို ရွှေ သင်္ဘောသီးတယောက် ပြန်ရောက်တာ ကြာလို့ င၀က် 

ကလဲခန်း(ပိုက်ဆံကုန်နေတာကို ပြောတာ)၊သူငယ်ချင်းတွေကလဲ 

သင်္ဘောပြန်တက်ကုန်၊အိမ်မှာ ရှိတဲ့ အိမ်သူသက်ထား ကြီးကလဲ 

မကြည်ဖြုချင်တော့၊ ချေလိုက်ရတဲ့ယတြာတွေကလဲ မနည်းမနှော၊ ဒါနဲ့ 

အိမ်မှာဘဲ နေမယ် ကွန်ပျုတာကလဲ သားတော်မောင် ကလဲ မရှိ ဆိုတော့ 

အားနေတယ်လေ ဟဲ ဟဲ အခုတလော ခေတ်စားနေတဲ့

ဖေ့ဘွက်က နေ  မြန်မာအလှမယ်လေး ခင်ဝင့်ဝါ ကို အားပေးမယ်ပေါ့ အော် မသုံးတာ 

ကြာနေတော့ 

ပတ်စ၀ပ်(Password)ကလဲ မေ့တေ့ တေ့ရယ်၊စဖွင့်လိုက်တော့ တွေ့လိုက်ရတာ ရေကြောင်းနဲ့ 

ပတ်သတ်တဲ့ MSU Page ကို Like လုပ်ဘို့ Invite လုပ်ထားတာ တွေ့ 

သဗျာ တော်တော်များများ သင်္ဘောသားတွေ လဲ စာရေးဆရာတွေပဲ 

ဖြစ်ကုန်သလော၊နောက် နိုင်ငံရေးသမား၊ဝေဖန်ရေးသမားများတွေများ ဖြစ်ကုန်သလော 

စဉ်းစားမိတယ် အင်း ဘ၀တူတွေကို  အားပေးပါတယ်ဗျာ တချို့တွေလဲ အိမ်က 

မိန်းမတွေကို မကျေနပ်တဲ့ ခံစားချက်တွေကို Facebook Status မှာ တင် 

ထားလိုက်ကျတာ ဟီးဟီး ကြောက်ခမန်း လိလိ (ဘာမှတ်လဲ ပုဆိုးချုံက 

လက်သီးပြ ခေတ်မဟုတ်တော့ ဖေ့ဘွတ်တက်ပြီး ဆဲ  တဲ့  ခေတ်ကိုဗျ) ဒါနဲ့ 

ဖြစ်သေးဘာဖူး နိုင်ငံတကာ သတင်းဆိုဒ်

သစ်ထူးလွင်တို့ဧရာဝတီ ဆိုဒ်တွေ ဘက် ကြည့်လိုက်တော့ မလေးမှာ အော်ပရာစီ 

ဝင်လို့ ဒို့ရွှေတွေ တန်းစီ ဖမ်းခံနေရပါလား

စိတ်မချမ်းသာပါဖူး ထားလိုက်တော့  ရေကူးဝတ်စုံလေးနဲ့ ခင်ဝင့်ဝါလေး ကြည့်ပြီး 

Vote လိုက်အုံးမှပဲ (အင်း မြန်မာဘောလုံးအသင်းတုန်းက ဆုမရရင် ဘယ်လိုကန်လို့ 

ဘာလို့ဆိုပြီး ဆဲလိုက်ဆိုလိုက်ကျတာ ခင်ဝင့်ဝါ ကျတော့ ညီမလေးရယ် 

ယှဉ်ပြိုင်ချင်းသာ အဓိကပါ တတ်လဲတတ်နိုင်တဲ့ ငနဲသားတွေ)တော်ပြီကွာ 

စိတ်ရှုပ်သွားပြီ

ငါလဲ သူများတွေလို ဖေ့ဘွက်ကနေ Status တင်မယ်ဆိုပြီး ရေးလိုက်တယ်

“သားကို အခုထိ သင်္ဘောမတင်ပေးသေးတဲ့ လူတွေကို မုန်းတယ် မေမေ” လို့ 

…သိပ်မကြာပါဖူး၊၊   ၊၊သားတော်မောင် ဖွင့်လိုက်တဲ့ သီချင်းက အဆိုတော် 

ဟန်ထူးလွင်ဆိုတဲ့ လမ်းကြုံရင်ပြောပြပေးပါ သီချင်း ရဲ့ စာသားက “ဘာလိုလိုနဲ့ 

တနှစ်ပြည့်ပြီပဲတဲ့” တယ် ငါ ကလော်တုတ်လိုက်တော့မယ် မျောက်လောင်း 

သားတော်မောင်ရေ…

မောင်ဒိုးနတ်

Thursday, July 25, 2013

သင်္ဘောသား ဟာသများ(၁)









ဆရာအရွယ် ညီအစ်ကို သူငယ်ချင်းအရွယ် မိတ်ဆွေ အပေါင်းအသင်းများအားလုံး ဘ၀ အမောပြေ စေဘို့ ဟာသ သဘောနဲ့ ရေးမှာ ဖြစ်လို့  လွန်တာရှိလဲ တောင်းပန်၊ မှားတာရှိလဲ ၀န်ခံ၊
အမြင်မတော်လဲ ကြိတ်မှိတ်ကာ ဖတ်ရှု   ကျပါကုန်၊၊   ၊၊

နေရာ၊၊   ၊၊သင်္ဘောသား အရာရှိကြီးများသာ တက်ရောက်သော 
             သင်တန်းတခု

ဆရာကြီး၊၊     ၊၊မင်းတို့ ဒီနေ့ ဆွေးနွေးရမဲ့ အကြောင်းအရာက 

ကိုယ်သင်္ဘော ကို ဆိုမာလီ ဓါးပြဘုတ်လေးတွေ လိုက်လာရင၊် 

ဓါးမြတွေ သင်္ဘောပေါ်တက်လာရင် မင်းတို့ တွေ အနေနဲ့ ပထမဆုံး 

ဘာလုပ်မလဲ ဆိုတဲ့ ခေါင်းစဉ်ကို တဦးချင်း ဆွေးနွေးပါ၊၊   ၊၊

တပည့်(၁)၊၊     ၊၊ အရင်ဆုံး သင်္ဘော ကို                               
                   အမြန်ဆုံး မောင်းပြေးပါမယ်

ဆရာကြီးက ခေါင်းရမ်းလိုက်တယ် အဖြေကို 

သိပ်မကျေနပ်ဘူးပေါ့ ဆိုပြီး

“မင်း သင်္ဘောက ဆိုမာလီဓါးပြ တွေရဲ့ စပိဘုတ်(Speed 

Boat)ကို လွတ်ပါ့မလားတဲ့”

ဒါနဲ့ပဲ တပည့်(၁) ကတော့ စိတ်အိုက်သွားတယ်

တပည့်(၂)၊၊    ၊၊ဆရာကြီး  CITADEL(ပုန်းခိုရန်အတွက် 

ရိက္ခာ၊ရေတို့ ဖြည့်တင်းထားသော အခန်း) ကို သုံးပါမယ် ဆရာ

ဆရာကြီး၊၊    ၊၊ မင်းတို့ကို သူတို့ရှာလို့ တွေ့သွားရင် ရော

တပည့်(၂) လဲ ခေါင်းငိုက်စိုက် သွားတယ်

တပည့်(၃)၊၊   ၊၊Sea Guard တွေ အကူအညီနဲ့     

ပြန်ကစ်ရင်ရော ဆရာ

ဆရာကြီးက ငါတို့က သေနတ်မှ မပစ်တတ်တာ 

သူတို့ကျသွားရင် ကျန်တဲ့ ငါတို့ကို ဓါးမြက သတ်မှာပေါ့၊၊

တပည့်(၃)၊၊   ၊၊ ဒါလဲ ဟုတ်တာပဲနော် 

               ဆိုပြီး ခေါင်းကုတ်လိုက်တယ်

တပည့်အားလုံးလဲ စိတ်ဝင်စားလွန်းလို့ ဘာလုပ်ရမလဲပေါ့

အကျပ်ရိုက်နေကြချိန် တခန်းလုံး အပ်ကျသံ တောင် 

ကြားရလောက်တဲ့ ဒီ စာသင်ခန်းထဲ

ဖုန်းမြည်သံ တခုက ကျယ်ကျယ်လောင်လောင် ထ လို့ 

မြည်တယ်

မိန်းမတယောက်ရဲ့ ခပ်စွာစွာ အသံနဲ့ “ရှင် အခု 

ဘယ်ရောက်နေတာလဲ” ဆိုတဲ့ အသံကို 

ခပ်အုပ်အုပ်ြပန်ဖြေလိုက်တာက “
 
 အချစ်ရေ ခဏ အခု ငါတို့သင်္ဘော ဓါးမြ တိုက်ခံနေရတယ်တဲ့ 

အသံမာနေတဲ့ မိန်းမက ချက်ချင်း လေသံခပ်လျော့လျော့နဲ့    

“အော် အင်း အင်း” ဆိုပြီး ဖုန်းကို ချက်ချင်း ချပေးလိုက်တယ်

ဆရာကြီး နဲ့တပည့်တွေအားလုံးလဲ ၀ိုင်းရယ်ကျတာပေါ့၊၊     ၊၊

အဲမှာတင် 

ဆရာကြီး က ချက်ချင်းပဲ အဖြေပေးလိုက်တယ် 

“ကဲ တပည့်တို့

အဲဒါ အဖြေပဲ မီးစင် ကြည့်က တပည့်တို့”တဲ့၊၊      ၊၊

အိမ်က မိန်းမလို ပဲ ဆိုမာလီဓါးမြကို အရိပ်အကဲကြည့်ပြီး

ဆက်ဆံဘို့ ပြောတာပါနော် တလွဲမတွေးကျနဲ့ 

ပင်လယ်ပျော်တို့ရေ ဟဲ ဟဲ

ဘ၀အမောတွေ ကို ဟာသလေးပြောပြီး ဖြေဖျောက်နိုင်ကျပါစေ

မျိုးငယ်(၂၅.၇.၂၀၁၃)



ထိုဟာလေးဆိုက်မှာထည့်ချင်လာခဲ့ပါ