Showing posts with label ခံစားမှု စာစုများ. Show all posts
Showing posts with label ခံစားမှု စာစုများ. Show all posts

Monday, September 16, 2013

ဟင်းပေါင်းအိုး ကြီး





ကျနော်ဗျာ အခုတလော ဟာသ စာတွေ သိပ် ရေးလို့ မရဘူး ဖြစ်နေတယ်ဗျာ

 ကျနော် ကိုယ်မှာ ပူးကပ်နေတဲ့ စာရေးချင်တဲ့ ၀ိညာဉ်လဲ ဘယ်သူဆီ သွားကပ်နေလဲ 

သိတော့ပါဖူးဗျာ

ဒါနဲ့ ကျနော်တို့မြို့က အာရုံဆွမ်းလောင်းအသင်းရဲ့ ဝေယျာဝစ္စ 

အလုပ်လေးတွေလုပ်ရင်း

သင်္ဘောမတက်ရသေးခင်လေး ကုသိုလ် ဆက်နေမိတယ်ဗျာ(မိုက်ထားတာတွေ 

များနေပြီကို)

 ဒီလိုနဲ့ ဆွမ်းလောင်းပြီးတဲ့ မနက်ခင်းလေး တခုမှာ စာသင်သား ရဟန်းတွေ 

သတင်းသုံးတဲ့ စာသင်တိုက်ဘုန်းတော်ကြီး ကျောင်းကို ကျနော်တို့ သူငယ်ချင်းတစု 

ဆွမ်းချိုင့် သွားပို့ကျတယ် ရေနံချေး သုတ်ထားလို့ 

မဲမှောင်နေတဲ့ ကျောင်းအိုအိုကြီးရဲ့ နောက်ဖေးအစွန်းဘက်က မီးဖိုခန်းလေးထဲမှာတော့ 

ကိုယ်ရင်လေးတွေ ကတော့ ချွေးသံလုံးလုံးနဲ့ ၊ပထမတော့ ကျနော်လဲ 

ဘာလုပ်နေမှန်းမသိ မီးခိုးတအူအူ ဖြစ်နေတဲ့ မီးဖိုပေါ်က 

ဟင်းရည်အိုးကြီးတခုကို တွေ့လေရဲ့ နဂိုတည်းက ကျနော်ဆိုတဲ့ ကောင်က 

စပ်စုတတ်တဲ့ ၀သီက ပါလေတော့ စပြီး လွှတ်ပြီပေါ့(ကျနော် 

သူငယ်ချင်းတွေက လေကြောရှည်တဲ့ကျနော် ကို တခုတခု စပြောတာနဲ့ လွှတ်ပြီ 

ဆိုပြီး နောက်တတ်ကျလို့ပါ)

ကိုရင်လေး ဘာဟင်းအိုးလဲဗျ


ကိုရင်လေးတွေကလဲ ပြန်ပြီး ဟာ ဒကာကြီးကလဲ ဒါတောင် မသိဖူးလား 

ဟင်းပေါင်းအိုးလေ

အော် ဟုတ်ပေသားပဲ ခုမှ ကျနော်လဲ ခုမှသတိထားမိတယ် မနေ့က လှူဒါန်းထားတဲ့ 

ဆွမ်းဟင်းပေါင်းစုံကို ရေရောပြီး သားစိုး(ရောသမမွှေ)လုပ်ထား တာပဲကို ကျနော်လဲ 

ဒီလောက်တော့ မဝေးပါဖူး ကျနော် စိတ်ထဲမှာ တော့ ဘာကို သွားတွေးမိလဲ ဆိုတော့ 

ဒီဟင်းလေးအိုးကြီးဟာ အယူအဆ ပေါင်းစုံ တဲ့ စာအုပ်ကြီးတခု၊လူမှု ဆက်ဆံရေး 

မီဒီယာ တခု ဆိုပါတော့ ကျနော်တို့က ဒီဟင်းလေးအိုးကို စားသုံးတဲ့ နေရာက 

စဉ်းစားမိတယ်

ငါတို့ဟာ ချို ချဉ် ဖန် ခါး အအီ အစိမ့် ကို ကိုယ်လိုရာကို ဆွဲယူ 

စားသုံးနိုင်တာပဲလို့ တွေ့လိုက်မိတယ် ဒီအိုးထဲမှာ ၀က်သားလဲ ပါသလို ကြက်ရိုးလဲ 

ပါနိုင်တယ် ၀က်သားမစားသူ အတွက် ကြက်သား မစားသူ အတွက် ဆိုပြီး သီးခြား 

ရှိမနေဖူး (ငါးဟင်းစားရင် အရိုးနွှံတဲ့ နည်းတော့ သိကျမှာပါ ဒါမှ စူးရင်လဲ တမျိုးပေါ့ဗျာ)

ဒါဟာ မြန်မာမူ၊ မြန်မာဟန် အစစ်ပေပဲ လို့အပိုသဘော တွေးလိုက်မိသေးတယ် 

စိတ်ထဲမှာ ကျနော်တို့ ငယ်ငယ်က သင်ခဲ့ဖူးတဲ့  စာထဲက နှီးဒေါင်းလန်း ကြီး နဲ့ 

ထမင်းဝိုင်း စားကျတဲ့ ဓလေ့ ဟာ လဲ ကျနော်တို့် လူမျိုးမှာပဲ ရှိတယ် 

ဒီလိုချစ်စရာ ကောင်းတဲ့ ဓလေ့စရိုက် တွေနဲ့ 

ကျနော်တို့ တွေ (ဘာကြောင့်များ )လူအချင်းချင်း အဆင်မပြေ ကျတာလဲ ဆိုပြီး

စိတ်ထဲလဲ မချင့်မရဲ ဖြစ်မိတယ် ဘာကြောင့်များလဲဗျာ  အကြောင်းရင်းမှန်ကို 

စဉ်းစားလို့ကို မရနိုင်အောင်ပါပဲဗျာ(သိပ်မကြာသေးခင်ကာလက ဆုံးသွားတဲ့ 

ငြိမ်းချမ်းရေး စာပေပညာရှင် ဆရာကြီး ဒဂုန်တာရာ ပြောတဲ့ စကား တခွန်းကို 

သတိရမိတယ် “ရန်သူမရှိ မိတ်ဆွေ သာရှိတယ်”ဆိုတဲ့ စကားစုလေး ရဲ့ 

ကျယ်ပြန့်မှုလေးကို

ကျနော်တော့ ဖြစ်ပြီးသွားတဲ့ ဖြစ်စဉ်တိုင်းမှာ အစားထိုးလို့ သုံးသပ်မိတယ် 

တကယ်တော့ လူတိုင်းလူတိုင်းဟာ ဆွေမျိုးတွေချည်းပဲလို့ တွေးလိုက်မိတယ် 

စိတ်ထဲက……

ကဲ ပြောချင်တာလဲ ပြောလို့ ၀ ပြီနော် ကျနော် ဘာကို ဆိုလိုချင်တယ် 

ဆိုတာ ပေါက်တဲ့သူလဲ ပေါက်မှာပါ ဆဲချင်ကျတယ် ဆိုရင်လဲ 

ကျနော် ဖေ့ဘွက်စ်ဝေါ(FaceBook Wall) မှာ သာ လာရောက် ဆဲတော်မူကျပါလို့ 

ယဉ်ယဉ်ကျေးကျေး နဲ့ကို ဖိတ်ခေါ် သမှု ပြုပါတယ်ဗျာ ကျနော်ရဲ့ 

အထီးအမ၊အတုအစစ်၊အကြောင်အကြား ၊ သံချေးကောင်နဲ့ ဆီချေးကောင် ပညတ် 

သဘော မခွဲခြားလို တဲ့ စိတ်ရင်းအခြေခံ ကြောင့်

ကျနော်တို့တွေ ဖေ့ဘွက်(Face Book)ဆိုတဲ့ ခံစားချက် ရင်ဖွင့်သူတို့ရဲ့ 

စိတ်ထွက်ပေါက်၊အထီးကျန်ဆန်တဲ့ သူတွေ အတွက် လူရွှင်တော်၊ ဗဟုသုတရှာဖွေသူ 

တို့ အတွက် အဘိဓာန်၊ နိုင်ငံရေးသမားတွေ အတွက် ၀ါဒ ဖြန့်ရေး အသုံးချ မီဒီယာ၊ 

ကျနော်တို့လို ဟိုမရောက် ဒီမရောက် စာရေးစာဖတ် တဲ့ ဘုန်းကြီးသားတွေ အတွက် 

လက်စမ်းစာရေးရာ ကျောက်သင်ပုန်း၊စိတ်တူကိုယ်တူ ရှိတဲ့ သူငယ်ချင်းတွေ အတွက် 

စာပေ  ဖေ့ဘွက် နှီးဒေါင်းလန်းကြီး မှာ အတူတကွ လက်ရည်တပြင်တည်း 

စားသုံးကျပါစို့လားဗျာ၊၊

မျိုးငယ်(၁၂.၉.၂၀၁၃)

Monday, September 9, 2013

ကလေးတယောက်ရဲ့ ဒီမိုကရေစီ



ကလေးတယောက်ရဲ့ ဒီမိုကရေစီ
==================

နေရာ၊၊    ၊၊ ကျိုက်ထီးရိုးဘုရား အတက်လမ်း (ရေမြောင်ကြီးစခန်း)

မေမေ သား ဒီအခန်းထဲမှာ ရေမချိုးပါဖူး ဆိုတာကို စူးစူးဝါးဝါး ကလေးတယောက်

အော်သံနဲ့ အတူ ကလေးငယ် တယောက် အကြောက်အကန် ငြင်းဆန်နေတယ်

အမေဖြစ်သူကလဲ ဇွတ် အင်္ကျီ ချွတ်နေတယ် ကလေးကလဲ ဇွတ်ရုန်းနေတယ်

အမေဖြစ်သူလက်ကနေ၊၊   ၊၊

အမေဖြစ်သူကလဲ သားကို အမျိုးမျိုးဖြောင်းဖျ နေတယ်

အရမ်းကြီး   ကြမ်းလို့ မရမှန်းလဲ သူသိနေတယ်လေ 

(သူက သူ့သားအကြောင်းအသိဆုံးဖြစ်မှာပါလေ)၊၊    ၊၊

ကလေးငယ် ပြောသံ၊၊   ၊၊ မေမေ သူတို့က သားကို ၀ိုင်းကြည့်နေမှာပေါ့ သားက

ယောင်္ကျားလေး လေ ( ငိုမဲ့မဲ့ မျက်နှာလေးနဲ့ သနားစရာ)

အမေဖြစ်သူ ပြောသံ ၊၊   ၊၊ သားရယ် မင်းက ကလေးပဲ ဟာကို  အကုန်ချွတ်တော့ 

ဘာဖြစ်လဲ ဒါဆို နင်ရေမချိုးတော့ ဖူးလား ပြော (လေသံမာမာ စိတ်မရှည်ဟန်ဖြင့်)

ကလေးငယ်၊၊   ၊၊ ဟုတ်တယ်လေ အဲဒါကြောင့် သားက သူတို့နဲ့ အတူတူ       

ရေမချိုးချင်တာ (နောက်မဆုတ်တဲ့ မျက်နှာပေးနဲ့)

သားကို မိန်းကလေး မဟုတ်ဖူးဆိုပြီး ၀ိုင်းကြည့် နေကျလိမ့်မယ်

သူတို့က

 မေမေ သားရှက်တယ်နော် ဟင်အင်း ဟင်အင်း

 ဒီလို ပေကပ်ကပ် ကောင်လေး  အခုအချိန် ဘယ်မှာ များ ရောက်နေပါလိမ့်

??????????? ??????????? ??????????? ??????????? ???????????

ဒီလို ပေကပ်ကပ် ကျနော်လို ကလေးတွေ မြင်တိုင်း ကျနော် သတိရမိနေတယ် 

အမေနဲ့ ခရီးအတူသွားခဲ့တာတွေကိုလေ(၁၉၉၂ခုနှစ်က  အမှတ်တရ 

အဖြစ်လေးတွေပါ)

မျိုးငယ်(၈.၉.၂၀၁၃)



Thursday, September 5, 2013

သင်္ဘောသား နဲ့ FaceBook





ကို ရွှေ သင်္ဘောသီးတယောက် ပြန်ရောက်တာ ကြာလို့ င၀က် 

ကလဲခန်း(ပိုက်ဆံကုန်နေတာကို ပြောတာ)၊သူငယ်ချင်းတွေကလဲ 

သင်္ဘောပြန်တက်ကုန်၊အိမ်မှာ ရှိတဲ့ အိမ်သူသက်ထား ကြီးကလဲ 

မကြည်ဖြုချင်တော့၊ ချေလိုက်ရတဲ့ယတြာတွေကလဲ မနည်းမနှော၊ ဒါနဲ့ 

အိမ်မှာဘဲ နေမယ် ကွန်ပျုတာကလဲ သားတော်မောင် ကလဲ မရှိ ဆိုတော့ 

အားနေတယ်လေ ဟဲ ဟဲ အခုတလော ခေတ်စားနေတဲ့

ဖေ့ဘွက်က နေ  မြန်မာအလှမယ်လေး ခင်ဝင့်ဝါ ကို အားပေးမယ်ပေါ့ အော် မသုံးတာ 

ကြာနေတော့ 

ပတ်စ၀ပ်(Password)ကလဲ မေ့တေ့ တေ့ရယ်၊စဖွင့်လိုက်တော့ တွေ့လိုက်ရတာ ရေကြောင်းနဲ့ 

ပတ်သတ်တဲ့ MSU Page ကို Like လုပ်ဘို့ Invite လုပ်ထားတာ တွေ့ 

သဗျာ တော်တော်များများ သင်္ဘောသားတွေ လဲ စာရေးဆရာတွေပဲ 

ဖြစ်ကုန်သလော၊နောက် နိုင်ငံရေးသမား၊ဝေဖန်ရေးသမားများတွေများ ဖြစ်ကုန်သလော 

စဉ်းစားမိတယ် အင်း ဘ၀တူတွေကို  အားပေးပါတယ်ဗျာ တချို့တွေလဲ အိမ်က 

မိန်းမတွေကို မကျေနပ်တဲ့ ခံစားချက်တွေကို Facebook Status မှာ တင် 

ထားလိုက်ကျတာ ဟီးဟီး ကြောက်ခမန်း လိလိ (ဘာမှတ်လဲ ပုဆိုးချုံက 

လက်သီးပြ ခေတ်မဟုတ်တော့ ဖေ့ဘွတ်တက်ပြီး ဆဲ  တဲ့  ခေတ်ကိုဗျ) ဒါနဲ့ 

ဖြစ်သေးဘာဖူး နိုင်ငံတကာ သတင်းဆိုဒ်

သစ်ထူးလွင်တို့ဧရာဝတီ ဆိုဒ်တွေ ဘက် ကြည့်လိုက်တော့ မလေးမှာ အော်ပရာစီ 

ဝင်လို့ ဒို့ရွှေတွေ တန်းစီ ဖမ်းခံနေရပါလား

စိတ်မချမ်းသာပါဖူး ထားလိုက်တော့  ရေကူးဝတ်စုံလေးနဲ့ ခင်ဝင့်ဝါလေး ကြည့်ပြီး 

Vote လိုက်အုံးမှပဲ (အင်း မြန်မာဘောလုံးအသင်းတုန်းက ဆုမရရင် ဘယ်လိုကန်လို့ 

ဘာလို့ဆိုပြီး ဆဲလိုက်ဆိုလိုက်ကျတာ ခင်ဝင့်ဝါ ကျတော့ ညီမလေးရယ် 

ယှဉ်ပြိုင်ချင်းသာ အဓိကပါ တတ်လဲတတ်နိုင်တဲ့ ငနဲသားတွေ)တော်ပြီကွာ 

စိတ်ရှုပ်သွားပြီ

ငါလဲ သူများတွေလို ဖေ့ဘွက်ကနေ Status တင်မယ်ဆိုပြီး ရေးလိုက်တယ်

“သားကို အခုထိ သင်္ဘောမတင်ပေးသေးတဲ့ လူတွေကို မုန်းတယ် မေမေ” လို့ 

…သိပ်မကြာပါဖူး၊၊   ၊၊သားတော်မောင် ဖွင့်လိုက်တဲ့ သီချင်းက အဆိုတော် 

ဟန်ထူးလွင်ဆိုတဲ့ လမ်းကြုံရင်ပြောပြပေးပါ သီချင်း ရဲ့ စာသားက “ဘာလိုလိုနဲ့ 

တနှစ်ပြည့်ပြီပဲတဲ့” တယ် ငါ ကလော်တုတ်လိုက်တော့မယ် မျောက်လောင်း 

သားတော်မောင်ရေ…

မောင်ဒိုးနတ်

Wednesday, August 21, 2013

Marine Engineer's feeling




သင်္ဘော အင်ဂျင်နီယာ ဆိုတာ
အေး

ငါ.အချစ်ကိုမယုံရင်နေ

parallel synchronization တော.လာမလုပ်နဲ.

over-speed trip တော.ဖြစ်လာမှာမဟုတ်ဘူး

တစ်ခါတည်း blackout လုပ်ပြစ်လိုက်မယ်နားလည်လား။

အေးလေနင်ကလည်းsupply boatမှန်သလို

ငါ.မှာလည်းshore facilityကအပြည်.ဆိုတာ

မင်းသိထားစေချင်တယ်ကွာ

အေးပေါ.လေanchorချမှန်တယ်လို.နင်ထင်ရင်လည်းထင်မှာပဲ

emergency steering system လည်းငါ.မှာရှိပါသေးတယ်ကောင်မလေးရယ်

crane မရှိလို.ငါအားမငယ်ပါဘူး

အချိန်တန်ရင် gantry ရှိတဲ.စီရောက်မှာပါ

ငါ super နဲ.ကွိုင်တက်တာနင်သိပ်ပျော်မနေနဲ.

နင်.အလှည်.ကျမှ marpol နဲ.မညိအောင်

ထိုင်သာဆုတောင်းနေတော.ချစ်သူရေ။ from ... MSU

ထိုဟာလေးဆိုက်မှာထည့်ချင်လာခဲ့ပါ