Showing posts with label ရုပ်သံဖိုင်များ. Show all posts
Showing posts with label ရုပ်သံဖိုင်များ. Show all posts
Saturday, August 20, 2016
Thursday, August 15, 2013
Tuesday, August 13, 2013
Friday, July 26, 2013
Saturday, July 20, 2013
သံမဏိ လိပ်ပြာ -လင်းလင်း
သံမဏိ လိပ်ပြာ(လင်းလင်း)
စစ်မှန်တဲ့တရား ခေါင်းမှာထည့်ပြီး တွေးပါ သူအမြဲပြောပါတယ် ...
မေတ္တာလေနဲ့ အသက်ကိုရှုပြီး သွားပါ သူအမြဲပြောပါတယ် ...
သစ္စာရေသောက် ဘ၀တည်ဆောက်ပြီး လျှောက်ပါ သူအမြဲပြောပါတယ် ...
ခေါင်းမဖေါ်နိုင်တဲ့ စိတ်ဒဏ်ရာနဲ့ အတိတ်မှာ မနေနဲ့ ပြောပါတယ် ...
မလဲပြိုနိုင်တဲ့ သိက္ခာတွေနဲ့ ရှေ့ကို ကြည့်စမ်း ပြောပါတယ်...
သမိုင်းဆိုတာက တို့တွေ အကုန်လုံး အမြဲသင်ယူဖို့ ပြောပါတယ်...
တို့တွေ ရင်ထဲ လင်းစေနိုင်မယ့် အပြုံးတွေ သူအမြဲပြုံးပြတယ်...
တို့တွေ အိပ်မက်လှစေနိုင်မယ့် စကားတွေ သူအမြဲပြောပြတယ်....
တို့တွေ အနာဂတ် မလွဲနိုင်အောင်လည်း အလုပ်တွေသူအမြဲ... အမြဲတမ်းကြိုးစားပါတယ်...
တို့တွေ စိတ်ထား မမှားနိုင်အောင်လည်း အသိပညာနဲ့ လမ်းပြတယ်...
တို့တွေ မမြင်တဲ့တံခါးတွေကိုလည်း အတတ်ပညာနဲ့ ဖွင့်ဟတယ်...
တို့တွေ မျှော်မှန်းပန်းတိုင်ကိုလည်း မဝေးအောင်သူအမြဲ အမြဲတမ်းကြိုးစားပါတယ်...
အရှေ့အန္တရာယ်များ ကြောက်လန့်ခါ မသွား မြဲမံစိတ်ထားရှားပါတယ်...
မုန်တိုင်းထန်နေတဲ့ အမှားပင်လယ်ထဲ တက်ကိုမချဘူး ဆက်လှော်တယ်...
အတုယူနိုင်ဖို့ လိုက်မမှီနိုင်တဲ့ နှလုံးသားလှလှရှိပါတယ်...
အမှားကို ပြင်ဖို့ ခက်ထန်မာတဲ့ အားအင်တွေ အပြည့် ရှိပါတယ်...
လဲသူကိုကမ်း လက်တစ်စုံဟာလည်း မေတ္တာတွေနဲ့ မွန်းမံခြယ်...
တို့တွေရဲ့လမ်း မမှားအောင်ညွှန်မယ့် ကမ္ဘာ့အလယ်က သံမဏိလိပ်ပြာလေးပါကွယ်....
ဒါတွေဟာအမှန်တရား....ဒါတွေဟာအမှ န်တရား...
မင်းမွေးတဲ့မြို့မလိုဘူးလေ... မင်း ရိုးသားဖို့လိုတယ်....
မင်းကိုင်းရှိုင်းတဲ့ ဘုရားမဆိုင်ဘူး...မင်း ရိုးသားဖို့လိုတယ်...
မင်းရတဲ့ ဘွဲ့မလိုဘူး... မင်း ရိုးသားဖို့လိုတယ်...
မင်းရဲ့အသိုင်းအ၀ိုင်း မဆိုင်ဘူး...မင်း ရိုးသားဖို့လိုတယ်...
credit>>@Htut Htake
Monday, July 15, 2013
Wednesday, July 10, 2013
Subscribe to:
Posts (Atom)